ဒီကနေ့ မနက်စောစောပိုင်းမှာတော့ သီတဂူရေဘေးသင့်ပြည်သူ ကူညီစောင့်ရှောက် ထောက်ပံ့ရေးအဖွဲ့တို့သည် ညောင်တုန်း၊ ငါးသိုင်းချာင်း၊ လေးမျက်နှာ မြို့များသို့ ကုန်တင်ကားကြီး ၃ စီးဖြင့် ဆန်အိတ်၊ သောက်ရေသန့်၊ ပဲအိတ်၊ အဝတ်အထည် စားစရာအမျိုးမျိုး၊ ဆေးဝါးများကို သယ်ဆောင်ပြီး လှူဒါန်းခဲ့သည်။
Read more: သီတဂူ ရေဘေးလှုပ်ရှားမှု (၁၀-၈-၂၀၁၅ ညနေပိုင်းသတင်း)
ဒီကနေ့ (၁၀-၈-၂၀၁၅) သီတဂူ ရေးဘေးသင့်ပြည်သူများ ကူညီစောင့်ရှောက် ထောက်ပံ့ရေးအဖွဲ့သည် ဧရာဝတီတိုင်း ဒေသကြီး၊ ငါးသိုင်းချောင်၊ လေးမျက်နှာ သို့ ကုန်တင်ကားကြီး (၃)စီးဖြင့် ဆန်အိတ် (၃၀၀) သောက်ရေသန့်ကဒ် (၃၂၀) ပဲအိတ်၊ ငါးသေတ္တာ၊ အဝတ်အထည် စသော လူသုံးကုန်ပစ္စည်းများကို ဒေါက်သီဟဉာဏာလင်္ကာရ၊ ကပ္ပိယ ဦးတင်အေး၊ ဦးရွှေနီ စသော ကပ္ပိယ တို့ဦးဆောင်ပြီး သယ်ဆောင်သွားပြီ ဖြစ်ပါသည်။
သီတဂူရေဘေးသင့်ပြည်သူများ ကူညီစောင့်ရှောက်ထောက်ပံ့ရေးအဖွဲ့ ကုန်တင်ကားကြီး (၈)စီးတို့ဖြင့် အင်္ဂပူ (ဒုတိယခေါက်-ကား ၄ စီး)၊ ဟင်္သာတ (ကား ၃ စီး)နှင့် လက်ပန်တန်း (ကား ၁ စီး) တို့ဆီသို့ ထွက်မည်ဖြစ်သည်။
၇-၈-၂၀၁၅ နေ့က ဒေါက်တာသုတာစာရာလင်္ကာရ ဦးဆောင်သော သီတဂူရေဘေးကယ်ဆယ်ရေးအဖွဲ့သည် ဇလွန်မြို့သို့ ရောက်ခဲ့သည်။ ဖြစ်တဖက်ခြမ်းရှိ ရေမြုပ်နေသော မြစ်ဝရွာ၊ ချောင်းကြီးရွာ၊ ထုံးတဖိုရွာ၊ ရေလဲရွာ ကျွန်းပုလုရွာ၊ ရေလယ်သောင် (အိမ်ထောင်စု-၁၀၀၀)တို့ဆီ ဆန်အိတ် (၁၁၀)နှင့် အဝတ်အထည်၊ စားစရာအမျိုးမျိုး၊ ဆေးဝါစသည်တို့ကို ကုန်ကားကြီး ၂ စီးဖြင့် သွားရောက်လှူခဲ့သည်။
We have 19 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈