သီတဂူရေဘေးသင့်ပြည်သူများ ကူညီစောင့်ရှောက်ထောက်ပံ့ရေးအဖွဲ့ ကုန်တင်ကားကြီး (၈)စီးတို့ဖြင့် အင်္ဂပူ (ဒုတိယခေါက်-ကား ၄ စီး)၊ ဟင်္သာတ (ကား ၃ စီး)နှင့် လက်ပန်တန်း (ကား ၁ စီး) တို့ဆီသို့ ထွက်မည်ဖြစ်သည်။
အင်္ဂပူသို့ ဒေါက်တာ အရှင်ကိတ္တိဗလ၊ ဟင်္သာတသို့ ဒေါက်အရှင်သေဋ္ဌိလနှင့် လက်ပံတန်းသို့ ဒေါက်တာ အရှင်ကောဝိဒသိရီတို့ ဦးဆောင်သွားကြသည်။
(၃-၈-၂၀၁၅)နေ့မှ (၉-၈-၂၀၁၅)နေ့အထိ မြို့နယ် (၄၂)၊ ကျေးရွ (၈၇)တို့ဆီသို့ ကျပ်ငွေ သိန်း (၁၅၃၀)၊ ဆန်အိတ်ပေါင်း (၂၆၀၀)နှင့် အဝတ်အထည်၊ စားစရာအမျိုးမျိုး၊ ဆေးဝါးပစ္စည်း၊ သောက်ရေသန့်၊ ခေါက်ဆွဲခြောက်စသည် ပါသော ကုန်ကားကြီး (၄၀)စီးတို့ဖြင့် ရေဘေးသင့်ပြည်သူများဆီသို့ အရောက်ပို့ခဲ့သည်။
(ပြန်လည်ထူထောင်ရေးနှင့် ကျန်ရှိနေသေးသော ရေဘေးသင့်ဒေသများသို့ ဆက်လက် သွားရောက် လှူသွားမည် ဖြစ်ပါသည်။)
သို့ဖြစ်ပါသောကြောင့် အောက်ပါဌာနများတွင် ဆက်လက် လှူဒါန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။ လှူဒါန်းလိုသော အလှူရှင်များသည် အဝတ်အထည် အဟောင်းများအစား စားစရာများ ပိုမိုလှူလျှင် ပိုမိုသင့်ပါသည်။
လှူဒါန်းရန်ဋ္ဌာန
------------------------
(က) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
ဖုန်း-၀၇၂-၂၁၆၁၁၊ ၀၇၂ ၂၂၁၆၅
(ခ) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အုပ်ချုပ်ရေးရုံးခန်း၊ ပညာရေး ရုံးခန်း၊ ပြန်ကြားရေးရုံးခန်း
ဖုန်း-၀၁-၅၈၁ ရ၇၇၊ ၅၈၁ ၈၈၈၊ ၀၁ ၅၈၁၅၈၂
(ခ) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)
မန္တလေးတောင်၊ ဖုန်း- 09797481944
ရန်ကုန်ဆိုက်ကို လှူချင်သူများ
-------------
မြောက်ဒဂုံ၊ ပါရမီလမ်းထိပ်၊ ပင်လုံလမ်း၊ ဘေလီတံတားအဆင်း
စားစရာ၊ အဝတ်အစား၊ ပိုက်ဆံ မည်သည့် လှူရန်ပစ္စည်းမဆို လှူဒါန်းနိုင်ပါသည်။
လှူဒါန်းကြသော အလှူရှင်များ၊ တပျော်တပါး ဝေယျာဝေစ္စကုသိုလ်ယူကြသူ အားလုံးကို သီတဂူသာသနာပြုအဖွဲ့က အထူးကျေးဇူးတင်ပါသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၉-၈-၂၀၁၅
www.sitagustar2020.net
We have 13 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈