COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် သီရိလင်္ကာနိုင်ငံနှင့် မော်လဒိုက်နိုင်ငံတို့တွင် ပိတ်မိနေကြသည့် သံဃာတော်များ၊ သီလရှင်များနှင့် မြန်မာနိုင်ငံသား စုစုပေါင်း ၁၆၈ ဦးတို့ကို သီတဂူဆရာတော်ကြီး၏ ညှိနှိုင်းကြိုးပမ်းဆောင်ရွက်ပေးချက်အရ မြန်မာနှင့် သီရိလင်္ကာနှစ်နိုင်ငံ အစိုးရများ၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ခေါ်ယူခဲ့ပါသည်။
ကမ္ဘောဇဘဏ်နှင့် ကမ္ဘောဇအုပ်စုပိုင် Myanmar Airways International တို့ပူးပေါင်း၍ သီရိင်္လကာနိုင်ငံမှ စာသင်သားသံဃာတော် (၁၃၀) ပါး၊ သီလရှင် (၁) ပါးနှင့် လူပုဂ္ဂိုလ် (၁၇) ဦး၊ မော်လဒိုက်နိုင်ငံမှ လူပုဂ္ဂိုလ် (၂၀) ဦး၊ စုစုပေါင်း ၁၆၈ ဦးတို့ကို MAI လေကြောင်းလိုင်း၏ Airbus လေယာဉ်ဖြင့် မေလ ၁၆ ရက်နေ့တွင် သီရိလင်္ကာနိုင်ငံ ကိုလံဘိုလေဆိပ်မှ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အခမဲ့ ပြန်လည်ပင့်ဆောင်ခေါ်ယူခဲ့ပါသည်။
စစ်ကိုင်းတောင် သီတဂူဝိပဿနာအကယ်ဒမီနှင့် သီတဂူဗုဒ္ဓတက္ကသိုလ်တို့တွင် သီတင်းသုံးစေလျှက် သင်္ကန်း၊ ဆွမ်း၊ ဆေး၊ ဝေယျာဝစ္စတို့ဖြင့် community based facility quarantine (Round-2) ထားရှိကာ ၅-၁၇ ရက်မှ ၆-၆ ရက်နေ့အထိ (၂၁-ရက်) စောင့်ရှောက်ကြည့်ရှုရန် အပြည့်အစုံစီမံထားရှိပါသည်။
သီတဂူဆရာတော်ကြီးနှင့်အတူ လက်တွဲညီညာ ဆောင်ရွက်ကြကုန်သော
-နိုင်ငံတော်အစိုးရအဖွဲ့၊
-နိုင်ငံခြားရေးဝန်ကြီးဌာန၊
-သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊
-ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊
-ကမ္ဘောဇဘဏ်နှင့်ကမ္ဘောလုပ်ငန်းစု၊ -Myanma Airway International (MAI)၊
-မန္တလေးတိုင်းအစိုးရအဖွဲ့၊
-စစ်ကိုင်းတိုင်းအစိုးရအဖွဲ့၊
-တပ်မတော်ဆေးကုသရေးအဖွဲ့၊ -သက်ဆိုင်ရာသံရုံးများမှ သံအမတ်နှင့်သံရုံးဝန်ထမ်းများ အားလုံးတို့ကို အထူးကျေးဇူးတင်ပါသည်။
သဗ္ဗေ ဘဒြာနိ ပဿန္တု
အကောင်းမြင်ဝါဒ ထွန်းကားပါစေ။
ထို့အပြင် သီတဂူဆရာတော်ကြီးနှင့်အတူ ကျန်းမာရေးဦးစီးဌာန၏ စီစဉ်ညွှန်ကြားမှုများအတိုင်း Front Line တွင် လက်တွဲညီညာ ဆောင်ရွက်ကြကုန်သော ...
-သီတဂူမှသံဃာတော်များ၊
-ရဟန်းရှင်လူ ပြည်သူများ၊
-နေ့စဉ်ဆွမ်းအလှူရှင်များ၊
-ဆရာဝန်နှင်သူနာပြုများ၊
-ကျန်းမာရေးဝန်ထမ်းများ၊
-ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊
-တပ်မတော်သားများ၊
-ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ၊
-မီးသတ်နှင့်ကြက်ခြေနီများ၊
-ဝေယျာဝစ္စဆောင်ရွက်ကြသူများ၊
အစရှိသည့် လုပ်အားဒါန ကုသိုလ် ပါဝင်ဆောင်ရွက်ကြကုန်သော စေတနာ့ဝန်ထမ်းများ အားလုံးတို့ကို အထူးကျေးဇူးတင်ရှိပါသည်။
"သမဂ္ဂါနံ တပေါ သုခေါ"
စည်းလုံးညီညွတ်သူတို့၏အကျင့်သည် ကြီးပွါးချမ်းသာကြောင်း။
#Video
https://www.facebook.com/sitagulivedhamma/videos/240471063842834/
#Photo
https://www.facebook.com/373346706204380/posts/1368606836678357/
.
#သီတဂူဆရာတော်သြဝါဒ
လူ့ဘဝတစ်ခဏတာမှာ...
၁။ သင်ဘာတွေထားခဲ့မလဲ?
၂။ သင်ဘာတွေယူသွားမလဲ?
Compassions into Action!!
#သီတဂူ #sitagu #စက်ခုဒါန
#အာယုဒါန #အာရောဂျဒါန
#ကိုဗစ်-၁၉ #Covid-19 #Missionary
=======================
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
We have 36 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈