၁၃-၅-၂၀၂၀ ညနေ၊ သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာတက္ကသိုလ်နှင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တို့မှာ ပထမအသုပ် ၂၁ ရက်တာ Quarantine ပြီးဆုံးသဖြင့် နှုတ်ဆက်ပွဲ အခမ်းအနားကို သီတဂူအပြည်ပြည်ဆိုင်ရာဝိပဿနာတက္ကသိုလ် ဓမ္မာရုံကြီးမှာ ကျင်းပသည်။
အိန္ဒိယပြန် ရဟန်းတော်များက ကျေးဇူးရှင်သီတဂူဆရာတော်ကြီးအား ကန်တော့ကြသည်။ ဆရာတော်ကြီးက သြဝါဒ ဝမ်းမြှောက်ကြောင်းစကား ပြောကြားသည်။
Quarantine ဝင် ရဟန်းတော်များက ၂၁ ရက်တာ နေခဲ့ရတဲ့ အတွေ့ကြုံ ဆရာတော်ကြီး၏ ကျေးဇူးကြီးမားပုံများကို လျှောက်တင်ကြသည်။
ဆရာတော်ကြီးနှင့် သီတဂူ ဒကာဒကာမများက တပါးချင်းစီတို့အား၂သိန်းကျပ်နှင့် အမေရိကန်ဒေါ်လာ ၂၅၀ စီ၊ သင်္ကန်းစသည်တို့ကို လည်း လှူဒါန်းကြပါသည်။
မနက်ဖန် မနက် မိမိတို့ ဒေသအသီးသီးသို့ ကားများဖြင့် ပို့ဆောင်မည်။
ဒုတိယသုပ်အဖြစ် သီရိလင်္ကာနှင့် အိန္ဒိယတို့မှ ရဟန်းတော်များသည် ဆက်လက်ပြီး Quarantines ဝင်ကြမည်။
သီရိလင်္ကာ အဖွဲ့ မေလ ၁၆ရက်
အိန္ဒိယအဖွဲ့ မေလ ၂၆ ရက်နေ့ စတင်ဝင်ရန် သက်မှတ်ထားပါသည်။
ဓာတ်ပုံ။ သီတဂူကျော်ဆန်းဝင်း၊ သီတဂူထိန်လင်းဦး
သီတဂူသတင်း
ရွှင်လန်းချမ်းမြေ့ပါစေ။
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။
သီတဂူသာသနာပြုအဖွဲ့
We have 2 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈