COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် အိန္ဒိယနိုင်ငံတွင် ပိတ်မိနေကြသည့် သံဃာတော်များ၊ သီလရှင်များနှင့် မြန်မာနိုင်ငံသား စုစုပေါင်း ၂၅၈ တို့ကို သီတဂူဆရာတော်ကြီး၏ ညှိနှိုင်းကြိုးပမ်းဆောင်ရွက်ပေးချက်အရ မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံ အစိုးရများ၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ခေါ်ယူခဲ့ပါသည်။
ကမ္ဘောဇဘဏ်နှင့် ကမ္ဘောဇအုပ်စုပိုင် Myanmar Airways International တို့ပူးပေါင်း၍ အိန္ဒိယနိုင်ငံတွင် ပိတ်မိနေသော စာသင်သား ရဟန်းသံဃာတော်များ၊ သီလရှင်များနှင့် မြန်မာနိုင်ငံသားများကို ပထမအသုတ်အနေဖြင့် Airbus လေယာဉ်နှစ်စီးဖြင့် ဧပြီလ ၂၂ ရက်နေ့တွင် အိန္ဒိယနိုင်ငံ ဂယာလေဆိပ်မှ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အခမဲ့ ပြန်လည်ပင့်ဆောင်ခေါ်ယူခဲ့ပါသည်။
လေကြောင်းလိုင်းများ ရပ်နားထားသောကြောင့် အိန္ဒိယနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတွင် ပိတ်မိနေသော စာသင်သား ရဟန်းသံဃာတော်များ၊ သီလရှင်များနှင့် မြန်မာနိုင်ငံသား စုစုပေါင်း ၁၀၀၀ ကျော်ရှိသည့်အနက် ယခု ပထမအသုတ်အနေဖြင့် သံဃာတော် (၂၁၀) ပါး၊ သီလရှင် (၆) ပါးနှင့် လူပုဂ္ဂိုလ် (၄၂) ဦး စုစုပေါင်း ၂၅၈ ဦးသည် MAI လေကြောင်းလိုင်းမှ Airbus319 (XY-AGV) နှင့် Airbus320 (XY-ALJ) တို့ဖြင့် အိန္ဒိယနိင်ငံ ဂါယာမြို့မှ ပြန်လည်လိုက်ပါလာကြသည်။
စစ်ကိုင်းတောင် သီတဂူဝိပဿနာအကယ်ဒမီနှင့် သီတဂူဗုဒ္ဓတက္ကသိုလ်တို့တွင် သီတင်းသုံးစေလျှက် သင်္ကန်း၊ ဆွမ်း၊ ဆေး၊ ဝေယျာဝစ္စတို့ဖြင့် community based facility quarantine ထားရှိကာ ၂၁ ရက်တာ စောင့်ရှောက်ကြည့်ရှုရန် အပြည့်အစုံစီမံထားရှိပါသည်။
ဆက်လက်၍လည်း အိန္ဒိယနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတွင် ကျန်နေရှိသည့် စာသင်သားရဟန်းတော်များ၊ သီလရှင်များနှင့် မြန်မာနိုင်ငံသားများကို မေလအတွင်း ထပ်မံသွားရောက် ပင့်ဆောင်ခေါ်ယူသွားမည်ဖြစ်ပါသည်။
#MAI သတင်းဖတ်ရှုရန်
https://www.facebook.com/132438073564727/posts/1737845833023935/?d=n
#လိုက်နာကြရမည့်စည်းကမ်းချက်များ
https://www.facebook.com/100005494668987/posts/1362999520559857/?d=n
#ပထမအသုတ်ရောက်ရှိပြီ
#သီတဂူဆရာတော်ကြိုဆိုဩဝါဒပေး
https://www.facebook.com/sitagulivedhamma/videos/228419238252803/
Photo Credit - MAI Facebook Page
မူလဓါတ်ပုံတင်ထားပေးသူအားလုံးကိုလည်းကျေးဇူးတင်ရှိပါတယ်။
We have 28 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈