"Covid-19 အတွက်PPEလှူဒါန်းခြင်း"
(သုခကုသိုလ်ဖြစ်ဆေးခန်းသို့-၁၀၀စုံ)
သီတဂူသာသနာပြုအဖွဲ့ က ၈-၄-၂၀၂၀ နံနက် ၉:၀၀ နာရီအချိန် ရန်ကုန်မြို့သီတဂူဗိမာန်တွင် သုခကုသိုလ်ဖြစ် ဆေးခန်းသို့ PPE ဝတ်စုံ-၁၀၀ လှူဒါန်းခဲ့ရာ နာရေးကူညီမှုအသင်းဥက္ကဌ ဦးကျော်သူနှင့်အဖွဲ့ဝင်များက လာရောက်လက်ခံရယူပါသည်။
Covid-19 အတွက် PPE
တစ်ယောက်/တစ်စုံ မှာ
၁။ PPE ဝတ်စုံ
၂။ မျက်မှန်
၃။ နှာခေါင်းစည်း Mask
၄။ လက်အိတ် တစ်စုံ ပါဝင်ပါမည်။
PPE ဝတ်စုံအားလုံးသည် irradiation နှင့် ပိုးသတ်ထားပြီး seal packaging လုပ်ထားပါသည်။ စတင် အသုံးပြုမည့်အချိန် ဆေးရုံအခန်းတွင်းမှာ ဖေါက်ဖို့ ညွှန်ကြားထားကြောင်း သိရှိရသည်။
PPE တစ်စုံ တန်ဖိုးမှာ $26.15 ကျသင့်ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးသို့ အစုံ-၁၀၀၀ ပေးပို့လှူဒါန်းသွားမည်ဟု သိရှိရသည်။
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။
သီတဂူသာသနာပြုအဖွဲ့
We have 65 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈