Gazette

သီတဂူဆရာတော်ကြီးရခိုင်ဒေသစစ်ဘေးရှောင်ပြည်သူများသို့လှူဒါန်း

သီတဂူဆရာတော်ကြီးရခိုင်ဒေသစစ်ဘေးရှောင်ပြည်သူများသို့လှူဒါန်း

ကျေးဇူးတော်ရှင်သီတဂူဆရာတော်ဘုရားကြီးသည် ယနေ့ ၃- ၄-၂၀၂၀ သောကြာနေ့ နံနက် ၈:၃၀ အချိန်တွင် စစ်တွေမြို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ (၁) ၌ကျင်းပပြုလုပ်သော ရခိုင်ပြည်နယ်အတွင်းရှိစစ်ဘေးရှောင်ပြည်သူများအတွက်လှူဒါန်းပွဲသို့ကြွရောက်ချီးမြှင့်ရာပြည်နယ်ဝန်ကြီးချုပ်ဦးညီပုဦးဆောင်သောအစိုးရအဖွဲ့နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုး ဗိုလ်ချုပ်ဖုန်းမြတ်ဦးဆောင်သောတပ်မတော်အရာရှိကြီးများမှဩဝါဒခံယူကြပါသည်။

 

ထို့နောက် ဝန်ကြီးချုပ်ဦးဆောင်သောအစိုးရအဖွဲ့မှ အလှူပစ္စည်းများလက်ခံရယူကာကျေးဇူးတင်လွှာလျောက်ထားပါသည်။

 

သီတဂူဆရာတော်ကြီးဦးဆောင်သောသီတဂူသာသနာပြုအဖွဲ့မှဆန်အိတ်ပေါင်း ၁၀၀၀ နှင့် ဝိသာခါဖောင်ဒေးရှင်းမှ ဆီ ၉၀၀ ဗူး၊ ကုလားပဲ ၁၀၀ အိတ် ကို ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများရှိ တိုင်းရင်းသားပြည်သူများအတွက်လှူဒါန်းခဲ့ကြပါသည်။

 

============

 

ဩဝါဒအနှစ်ချုပ်

 

- စစ်ဘေးရှောင်ပြည်သူများအတွက်အနည်းငယ်မျှသောပစ္စည်းလှူဒါန်းခြင်းဖြစ်သော်လည်းကရုဏာတရားဖြင့် (သူတစ်ပါးတို့၏ဒုက္ခကိုကိုယ့်ဒုက္ခကဲ့သို့ခံစားမိ၍) လာရောက်လှူဒါန်းခြင်းဖြစ်

- အားလုံးလက်တွဲပြီးကရုဏာပလက်ဖောင်းပေါ်လျောက်လှမ်းငြိမ်းချမ်းနိုင်ကြပါစေ၊ စစ်ကြောင့်ဖြစ်သောဒုက္ခတွေချုပ်ငြိမ်းရန် ၂ ဖက်စလုံးဒေါသမာန်မာနတွေကိုလျှော့ကြပါလို့ဘုန်းကြီးပြောချင်ပါတယ်

- လောဘတွေများလာရင်ဒုဗ္ဘိက္ခန္တရကပ် (အစာရေစာရှားပါခြင်း)၊ မောဟတွေများလာရင် ရောဂန္တရကပ်( အနာရောဂါထူပြောခြင်း)၊ ဒေါသများလာရင် သတ္ထန္တရကပ် (တိုက်ခိုက်မှုစစ်ပွဲတွေများလာခြင်း) တို့ဖြစ်လာပါမယ်

 

======================
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။
သီတဂူသာသနာပြုအဖွဲ့

gazette-1085 gazette-1086 gazette-1087

gazette-1088 gazette-1089 gazette-1090

gazette-1091 gazette-1092 gazette-1093

gazette-1094

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 56 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈