Gazette

သီတဂူကေတုမတီ အာယုဒါနဆေးရုံတော်ဖွင့်ပွဲ ဓါတ်ပုံသတင်း

ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးသည် ၂၁-၃-၂၀၂၀ ရက်နေ့ နံနက် ၈:၀၀ နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ကေတုမတီမြို့တွင် တည်ရှိသော သီတဂူကေတုမတီ ဗုဒ္ဓတက္ကသိုလ်တွင် တည်ဆောက်ပြီးစီးသည့် "သီတဂူကေတုမတီအာယုဒါနဆေးရုံ" ကို ဖွင့်လှစ်ပေးတော်မူပါသည်။

"သီတဂူကေတုမတီအာယုဒါနဆေးရုံ" ကို သီတဂူဆရာတော်ကြီး၏ ဂုဏ်ကျေးဇူးများကို ဦးထိပ်ပန်ဆင်၍ သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ် ကျောင်းအုပ်ဆရာတော် သီတဂူဒေါက်တာအရှင်တိက္ခသာရဦးဆောင်တည်ထောင်တော်မူသည်။ "သီတဂူကေတုမတီအာယုဒါနဆေးရုံ" တွင် မျက်စိ၊ နား-နှာခေါင်း-လည်ချောင်းနှင့် နှလုံးအထူးဌာနများပါဝင်မည်ဖြစ်သည်။

ယခု မျက်စိအထူးကုဌာနဖွင့်ပွဲတွင် သီတဂူဝန်ဆောင်သံဃာဥက္ကဋ္ဌဆရာတော် အရှင်ကောဝိဒ၊ သီတဂူဆေးရုံတော်များ၏ အုပ်ချုပ်စီမံတာဝန်ခံဆရာတော် ဒေါက်တာအရှင်သေဋ္ဌိလတို့နှင့်အတူ သီတဂူအာယုဒါနဆေးရုံတော် (စစ်ကိုင်း) ဒုတိယ-ဆေးရုံအုပ်ကြီး ဒေါက်တာမိမိခင်နှင့် သူနာပြုအဖွဲ့(၁၂ဦး) တို့က သီတဂူစက္ခုဒါန (နယ်လှည့်) အစီစဉ်တွင် ပါဝင်ဆောင်ရွက်ပေးခဲ့ကြပါသည်။

ယခုအကြိမ် စက္ခုဒါနအစီစဉ်တွင် လုပ်အားဒါနပါဝင်ကုသိုလ်ယူကြသည့် မျက်စိအထူးကု ဆရာဝန်ကြီးများမှာ သီတဂူသာသနာပြုအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဦးမြအောင်၊ ဒေါက်တာဦးသိန်းမြင့်၊ ဒေါက်တာဦးစဂျေလွင်၊ ဒေါက်တာစောမွန်သိန်း၊ ဒေါက်တာဦးဝေဖြိုးထွန်း၊ ဒေါက်တာဒေါ်မို့မို့၊ ဒေါက်တာဒေါ်မြင့်မြင့်ကြည်တို့နှင့် သမားတော်ဒေါက်တာနေအောင်ခန့်ဖြစ်ကြပါသည်။

မျက်စိအထူးကုဋ္ဌာန ဖွင့်ပွဲအထိမ်းအမှတ်ဖြင့် ပထမအကြိမ်စက္ခုဒါနအစီစဉ်ကုသပေးမှုတွင် တတိယရက်အထိ စမ်းသပ်စစ်ဆေးပေးသည့် လူနာပေါင်း- ဦး၊ ခွဲစိတ်ကုသပေးခဲ့သည့် လူနာပေါင်း- ဦးကို စက္ခုဒါနအလင်းပြုပေးနိုင်ခဲ့ပါသည်။

သီတဂူစက္ခုဒါန အစီစဉ်စတင်ခဲ့သည့် ၁၉၉၃ခုနှစ်-ဇန်နဝါရီလမှ ၂၀၁၉ခုနှစ်-ဇွန်လကုန်အထိ စမ်းသပ် ၄၉၈၄၁၇ ဦး၊ ခွဲစိတ်ကုသလူနာ-၉၅၅၉၉ ဦးတို့ကို စက္ခုဒါန အလင်းကုသိုလ် ပြုပေးနိုင်ခဲ့ပါသည်။

လက်ရှိအချိန်အထိ သီတဂူဆရာတော်ကြီး တည်ထောင်ဖွင့်လှစ်ပြီးသော ဆေးရုံပေါင်းမှာ ပဲခူးတိုင်း-ကေတုမတီမြို့ သီတဂူအာယုဒါနဆေးရုံမှာ အမှတ်-၃၇ ဖြစ်ပြီး (ဆောက်လုပ်နေဆဲများမှာ) ၃၈။ စစ်ကိုင်းတိုင်း-ပုလဲမြို့၊ ၃၉။ တနင်္သာရီတိုင်း-ပုလောမြို့၊ ၄၀။ ရန်ကုန်တိုင်း-ဒဂုံမြို့သစ်မြောက်ပိုင်း၊ ၄၁။ တနင်္သာရီတိုင်း-မြိတ်မြို့၊ ၄၂။ စစ်ကိုင်းတိုင်း-ခန္တီးမြို့၊ ၄၃။ စစ်ကိုင်းတိုင်း-အင်းတော်မြို့၊ ၄၄။ မန္တလေးတိုင်း-ကူမဲမြို့ တို့ဖြစ်ပါသည်။

သီတဂူဆရာတော်ကြီးသည် နိုင်ငံအဝှမ်း ဆေးရုံတော်-၄၅ခု တည်ဆောက်ရန် ရည်စိတ်သန်လျှက်ရှိပြီး လက်ရှိစာရင်းအရ အားလုံးပြီးစီးကာဖွင့်လှစ်ပါက မြန်မာနိုင်ငံတွင် သီတဂူ-အာယုဒါန၊ အာရောဂျဒါန၊ စက္ခုဒါန ဆေးရုံတော်ပေါင်း-၄၄ ခုဖြင့် ပြည်သူပြည်သားများ၏ ကျန်းမာရေးကဏ္ဍကို့ အားဖြည့်ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။

ဤစက္ခုဒါနအလှူတော်ပွဲကို ပါဝင်ဆောင်ရွက်ကြသည့် ရဟန်းရှင်လူ ပြည်သူအပေါင်းတို့နှင့်အလှူရှင်များ၊ လုပ်အားဒါန ကုသိုလ် ပါဝင်ဆောင်ရွက်ကြကုန်သော ဆရာဝန်များ၊ သူနာပြုများနှင့် စေတနာ့ဝန်ထမ်းများ အားလုံးတို့ကို အထူးကျေးဇူးတင်ရှိပါသည်။

မြန်မာနိုင်ငံကျန်းမာရေးကဏ္ဍ၊ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်များကို တစ်ထောင့်တစ်နေရာမှ ဖြည့်ဆည်းပေးနိုင်ရန်အတွက် သီတဂူဆရာတော်ကြီး၏ လမ်းညွှန်မှုဖြင့် တည်ဆောက်ခဲ့သော တောင်ငူမြို့၊ သီတဂူကေတုမတီအာယုဒါနဆေးရုံတော် ပဓာန နာယကဆရာတော်နှင့် အလှူရှင်များ၏ မွန်မြတ်သောအလှူတော်ကို သီတဂူသာသနာပြုအဖွဲ့က ဝမ်းမြောက်ဝမ်းသာဖြင့် သာဓုအနုမောဒနာ ခေါ်ဆိုပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

#ကုသိုလ် - အမျှ၊ အမျှ၊ အမျှ
ယူတော်မူကြပါကုန်သော် ....
#သာဓု - သာဓု - သာဓု

#စက္ခုဒါနဆောင်ရွက်ပုံ
https://www.facebook.com/100009658868235/posts/1139632633035355/?d=n

#ဓမ္မသဘင်နာယူရန် #ရတနာသုတ္တန်
https://www.facebook.com/sitagulivedhamma/videos/598726110985128/

#ဖွင့်ပွဲဓါတ်ပုံသတင်း
https://www.facebook.com/373346706204380/posts/1320722488133459/

#ဖွင့်ပွဲမှတ်တမ်းရုပ်သံ-၁
https://www.facebook.com/sitagulivedhamma/videos/1133399876991767/

#ဖွင့်ပွဲမှတ်တမ်းရုပ်သံ-၂
https://www.facebook.com/sitagulivedhamma/videos/1227333197474802/

#သီတဂူ #sitagu #စက်ခုဒါန
#အာယုဒါန #ကေတုမတီ #တောင်ငူ

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 9 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈