Gazette

သီတဂူရေအလှူတော်ရေစက်အမှတ်-၂ ဝါးချက်စက်ရုံဖွင့်လှစ်သည့်မင်္ဂလာအခမ်းအနား

ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီး ဦးဆောင်၍ ၁၉၈၀ မှ ၂၀၂၀ အထိ စစ်ကိုင်းတောင်နှင့် မင်းဝံတောင်တို့ကို ဧရာဝတီမြစ်ရေဖြင့် ရေပေးဝေဖြန့်ဖြူးခဲ့သည့် သီတဂူရေအလှူတော်သည် နှစ်-၄၀ ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

အလှူရှင်များ၏ ပံ့ပိုးလှူဒါန်းပေးခဲ့ကြသော ငွေပဒေသာပင်များကြောင့် စက်ရုံသစ်များ တည်ဆောက်နိုင်ခဲ့ပြီး ပိုက်လိုင်းအသစ်များ အစားထိုးသုံးစွဲနိုင်ခဲ့ခြင်း၊ နည်းပညာအသစ်များနှင့် စက်သစ်များကို ပြောင်းလဲအသုံးပြုနိုင်ခဲ့သည်။

တပေါင်းလပြည့်ကျော်-၂ရက်နေ့ ၁၀-၃-၂၀၂၀ ရက်နေ့၊ နံနက် ၉:၀၀ နာရီအချိန်တွင် သီတဂူရေအလှူတော် စက်ရုံအမှတ်-၂ (ဝါးချက်)ကို စက်ရုံသစ်၊ စက်သစ်များဖြင့် ဖွင့်လှစ်ခဲ့ခြင်း မင်္ဂလာအခမ်းအနားကို ဆောင်ရွက်ခဲ့သည်။

စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ဦးဆောင်သော အစိုးရအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်များနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြပါသည်။

ယခုကဲ့သို့ နှစ်-၄၀ ရေအလှူတော်ခရီးမှ နောင်နှစ်ပေါင်းများစွာအထိ စိန်ရတုအဆူဆူ ဖြတ်သန်းနိုင်စေရန် ပါဝင်ဆောင်ရွက်ခဲ့သည့် အစိုးရမင်းအဆက်ဆက်၊ ရဟန်း၊ ရှင်၊ လူ၊ ပြည်သူအပေါင်းနှင့် အလှူရှင်များအားလုံး၏ မွန်မြတ်လှစွာသော သဒ္ဓါတရားကို သီတဂူဆရာတော်ကြီး အမှူးရှိသည့် သီတဂူသာသနာပြုအဖွဲ့ကြီးက ဝမ်းမြောက်နုမော် "သာဓု သာဓု သာဓု" ခေါ်ဆိုပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုပါသည်။

#ရေအလှူတော် #စက်ရုံအသစ်
#သီတဂူ #sitagu #HappyBirthday
#တပေါင်းလပြည့် #ဝိဇာတပူဇာ
#အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 10 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈