ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီး ဦးဆောင်သော သီတဂူသာသနာပြုအဖွဲ့သည် ၂၇-၂-၂၀၂၀ ရက်နေ့ နံနက်တွင် ကရင်ပြည်နယ်၊ မြိုင်ကြီးငူအထူးဒေသတွင် ဆန်အိတ်-၁၀၀၀ လှူဒါန်းပေးခဲ့ပါသည်။
# မြိုင်ကြီးငူ (စစ်ဘေးရှောင်ဒေသ)
၂၇-၂-၂၀၂၀ ရက်နေ့ နံနက်တွင် မြိုင်ကြီးငူ၊ "အေးလင်းမြတ်ရှင်" စစ်ဘေးရှောင်ဒေသတွင် မှီတင်းနေထိုင်ကြသော အိမ်ခြေ-၈၇၀။
စာရင်းအရနေထိုင်သူ ..
၁၂ နှစ်အောက် (ကျား) - ၁၀၁၁ ဦး
၁၂ နှစ်အောက် (မ) - ၉၈၀ ဦး
၁၂ နှစ်ထက် (ကျား) - ၁၆၅၃ ဦး
၁၂ နှစ်ထက် (မ) - ၁၆၃၇ ဦး
စုစုပေါင်း - ၅၂၈၁ ဦးတို့အတွက် ဆန်-၁၀၀၀ အိတ် လှူဒါန်းခြင်း၊ အလှူနေ့တွင် စတုဒိသာ ကျွေးမွေးခြင်း၊ ကျန်မာရေးဆေးခန်းအတွက် ကျပ်-၁၀ သိန်း ထောက်ပံ့လှူဒါန်းခြင်း၊ မုန့်များနှင့်စားစရာများ ပေးလှူခဲ့ပါသည်။
အခမ်းအနားတွင် ...
လှူဒါန်းရခြင်းအကြောင်းကို ရုံးအဖွဲ့မှူးက ရှင်းလင်းတင်ပြခြင်းတွင် သီတဂူသာသနာပြုအဖွဲ့သည် သီတဂူဆရာတော်ဘုရားကြီး၏ မနောကံ ကရုဏာကို ကာယကံကရုဏာအဖြစ် ဆောင်ရွက်ကြရာ "နာနာကာရ ဧကစိတ္တံ" လက်ကိုင်ထားကာ ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း ရှင်းလင်းလျှောက်ထားခဲ့သည်။
သီတဂူဆရာတော်ကြီးသည် သီတဂူဆန်အလှူတော်တရားပွဲများ ဟောကြားပြီး ရရှိလာသော ဆန်များကို အောက်ပါနေရာများတွင် လှူဒါန်းခဲ့သည်။
စုစုပေါင်း ဆန်အလှူတော်-၄၅၀၀အိတ်ကို လှူဒါန်းပေးခဲ့သောနေရာများမှာ ...
၁။ မူစလင် သက်ကြီးဂေဟာအဖိုးရိပ်သာ (၃၃-ဦး) ရန်ကုန်မြို့ - ၁၀၀ အိတ်
၂။ မူစလင် အဖွားများသုခရိပ်သာ (၄၃-ဦး) ရန်ကုန်မြို့ - ၁၀၀ အိတ်
၃။ ကသလစ်သီလရှင်များတည်ထောင်သော ဘိုးဘွားရိပ်သာ (၁၉၅-ဦး) ရန်ကုန်မြို့ - ၁၀၀အိတ်
၄။ ဟိန္ဒူလုမ္ဗနီဘိုးဘွားရိပ်သာ (ထမလုံ) (၅၅-ဦး) - ၁၀၀ အိတ်
၅။ ဆည်းဆာရိပ် ဂိလာနဘိုးဘွားရိပ်သာ - ၁၀၀ အိတ်
၆။ နှင်းဆီကုန်းဘိုးဘွားရိပ်သာ ရန်ကုန်မြို့ - ၁၀၀၀ အိတ်
၇။ သဘာဝတရားရိပ်သာ သံလျှင်မြို့ (၂၈၃၀-ဦး) - ၁၀၀၀ အိတ်
၈။ မေရီချပ်မင်းဆွံ့အနားမကြားကျောင်း ဆန် -၂၅၀ အိတ်
၉။ ခဝဲခြံမျက်မမြင်ကျောင်း ဆန် - ၁၀၀ အိတ်
၁၀။ ဦးလှထွန်း ကင်ဆာဖေါင်ဒေးရှင်း ဆန် - ၁၀၀ အိတ်
# မြင်သာမြို့ဦး၊ တောင်ဥက္ကလာပ
ပရဟိတအထက်တန်းကျောင်း"
စစ်ဘေးရှောင်ဒေသမှ ကလေးငယ်များ၊ မိဘမဲ့ကလေးငယ်များ၊ အကြောင်းအရင်းများကြောင့် မှီခိုရာမဲ့ကလေးငယ်များကို ကျွေးမွေးကာ စာသင်ပေးနေသည့်ကျောင်းဖြစ်သည်။ ကျောင်အိပ်ကျောင်းစား-၅၅၀ဦး၊ နေ့ကျောင်းသား ၁၂၅၀ ဦး၊ ပေါင်း -၁၈၀၀ ဦးတို့ကို ထမင်းကျွေးပညာသင်ပေးနေပါသည်။ ထိုကျောင်းအတွက် ဆန်- ၄၅၀ အိတ်။
ဆက်သွယ်ရန်- 095045114
FB Page : Myin Thar Parahita
https://m.facebook.com/Myin-Thar-Myo-Oo-Parahita
၁၁။ ရွှေမင်းသား မသန်မစွမ်းစောင့်ရှောက်ရေးဖေါင်ဒေးရှင်း
မြန်မာနိုင်ငံ၏ လူဦးရေ ၄.၆% ရှိသောမသန်မစွမ်းများ ကိုယ်အစွမ်းအစဖြင့် ရပ်တည်နိုင်ရန်အလို့ငှါ တည်ထောင်ထားသည်။ ရုံးခန်းမှာ ဝါးတန်းလမ်း၊ ဗဟိုစည်ဆေးရုံမျက်နှာချင်းဆိုင် MAC Tower-2 ပထမထပ်တွင်တည်ရှိသည်။ တစ်နိုင်ငံလုံးတွင် ရုံးခွဲပေါင်း-၁၄ ရုံးဖြင့် မသန်မစွမ်း-၂၀၀၀၀ ဦးတို့၏ အနာဂတ်ကို လက်တွဲဖေါ်ဆောင်နေသော အဖွဲ့အတွက် ဆန်-၁၀၀ အိတ်။
ဆက်သွယ်ရန်- 095103725
FB Page : Shwe Min Thar
https://m.facebook.com/ShweMinnThaFoundationMyanmar/
သီတဂူဆန်အလှူတော်အတွက် သီတဂူဆွမ်းဆန်အလှူတော်တရားပွဲ ကျင်းပပြုလုပ်၍ သီတဂူအထောက်အကူပြုအဖွဲ့ (ပုသိမ်မြို့) နှင့် အလှူရှင်များက ရန်ကုန်အရောက်ပို့ ဆန်-၂၅၀၀ အိတ်၊ သီတဂူအထောက်အကူပြုအဖွဲ့ (ဖျာပုံမြို့) နှင့် အလှူရှင်များက ရန်ကုန်အရောက်ပို့ ဆန်-၂၀၀၀ အိတ် ဝိုင်းဝန်းထောက်ပံ့ လှူဒါန်းပေးကြသည်။
#ဆုတောင်း
ဗောဓိယာ ပစ္စယော ဟောတု၊ ဣဒံနော ပုညမင်္ဂလံ ပုညဘာဂံ သုလဘန္တု။ ပမောဒန္တု သဒေဝကာ။
ဤကောင်းမှုများသည် ဗောဓိဉာဏ်၏ အထောက်အပံ့ ဖြစ်ပါစေသတည်း။
ဤကောင်းမှု အရပ်ရပ်တို့၏ ကုသိုလ်အဖို့တို့ကို လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါအပေါင်းတို့အား အညီအမျှ ဝေငှပါ၏။
ဤအလှူတော်ပွဲ ဆင်နွဲကြသူ ရဟန်းရှင်လူ ပြည်သူအပေါင်းတို့အား အထူးကျေးဇူးတင်ပါသည်။
# ကုသိုလ် - အမျှ၊ အမျှ၊ အမျှ
ယူတော်မူကြပါကုန်သော် ....
# သာဓု - သာဓု - သာဓု
သီတဂူဆရာတော်ဘုရားကြီး အမြဲနှလုံးသွင်းသော ဒီပဲယင်းဆရာတော်ဘုရားကြီး၏ဆုတောင်း ...
"ပရေသံ ဟိတ မိစ္ဆေယျံ"
ငါသည်သူတစ်ပါး၏ အကျိုးစီးပွားကို
လိုလိုလားလား ဆောင်ရွက်နိုင်ရပါလို၏။
#သီတဂူ #sitagu #ဆန်အလှူတော်
=======================
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။
သီတဂူသာသနာပြုအဖွဲ့
=======================
Posted by သီတဂူသတင်း
Photo - သီတဂူအောင်သန်းဝင်း
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
We have 51 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈