ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးသည် ၃၀-၁-၂၀၂၀ ရက်နေ့ည မင်းဘူးဓမ္မသဘင်အပြီးတွင် စစ်ကိုင်းသို့ပြန်လည်ကြွရောက်တော်မူရာ နံနက် ၁:၁၅ နာရီအချိန်တွင် ရောက်ရှိတော်မူသည်။ ၃၁-၁-၂၀၂၀ ရက်နေ့နံနက် ၇:၀၀ နာရီအချိန်တွင် သီတဂူရေအလှူတော်စီမံကိန်း အနာဂတ်အတွက် အရှည်တည်တံ့စေခြင်းအလို့ငှါ အားသွန်ခွန်စိုက် ဆောင်ရွက်နေသည့် လုပ်ငန်းများထဲမှ တစ်ခုဖြစ်သော သီတဂူရေစက်ရုံအမှတ်-၁ ဖြစ်သည့် ထုံးဘိုစက်ရုံသို့ ကြွရောက်ကာ စက်ရုံအသစ်တည်ဆောက်ပြီး ရေတင်မော်တာကြီးများ တပ်ဆင်သည့် လုပ်ငန်းဆောင်ရွက်ခြင်း ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးတော်မူပါသည်။
၃၉ နှစ်ကြာ အသုံးပြုခဲ့ပြီးဖြစ်သည့် ထုံးဘိုစက်ရုံကို အဆင်မြှင့်တင်ပြီး ရေတင်စက်ရုံအသစ်တည်ဆောက်ခဲ့သည်။ ရေစက်သစ်များတပ်ဆင်နိုင်ရန်အတွက် လျှပ်စစ်မီးတပ်ဆင်မှုကို သီတဂူသာသနာပြုအဖွဲ့ အတွင်းရေးမှူး ဦးမောင်သောင်း၏ ရန်ကုန်ထရန်စဖေါ်မာကုမ္ပဏီမှ ၃၁၅ ကေဗီအေ ထရန်ဖေါ်နှင့် ကွန်ထရိုးဆက်စပ်ပစ္စည်းများအားလုံး လှူဒါန်းသည့်အပြင် တပ်ဆင်ခြင်း လုပ်အားဒါနပြုခဲ့ကြသည်။
ရေတင်မော်တာစက်များ တပ်ဆင်ခြင်းကို ဦးသန့်ဇင် ဦးဆောင်သော ဟန်စိန်သန့်ကုမ္ပဏီမှ ကုသိုလ်ဖြစ် တာဝန်ယူဆောင်ရွက်ပေးခဲ့ကြသည်။
ယခင်က ရှင်ပင်နံကိုင်းစေတီတော်အနီးရှိ ရေလှောင်ကန်သို့ 40 Hp သုံးလုံးနှင့် မောင်းတင်ရပြီး စက်သစ်များတပ်ဆင်ပြီးသည့် ယခုအခါတွင် 40 Hp တစ်လုံးသာမောင်းနှင်ရတော့သည့်အတွက် မီတာခများလည်း သက်သာသွားမည်ဖြစ်သည်။ စက်သစ်အင်အားဖြင့် ရေတင်ပိုက်လိုင်း သုံးလိုင်းလုံးမှာလည်း ရေထွက်သည့်ပမာဏမှာ မူလထက် 30 % ခန့်ပိုမိုကြောင်းသိရှိရပါသည်။
မြန်မာနိုင်ငံတစ်ဝှမ်းလုံးနှင့် ကမ္ဘာအရပ်ရပ်မှ သီတဂူရေအလှူတော် အရှည်တည်တံ့နိုင်စေရန် သီတဂူဆရာတော်ကြီး၏ ဆန္ဒတော်နှင့် ဆောင်ရွက်ချက်များကို ဝိုင်းဝန်းဖြည့်ဆည်း လှူဒါန်းပေးခဲ့ကြသည့်အတွက် ရေပဒေသာပင်စိုက်ထူငွေမှာ *ကျပ်-၆၀,၀၀၀သိန်း* ပြည့်မှီခဲ့ပြီဖြစ်ပါကြောင်းကိုလည်း ဝမ်းမြောက်စွာ အသိပေးအပ်ပါသည်။
ထုံးဘို သီတဂူရေစက်ရုံအမှတ်-၁ကို သီတဂူဆရာတော်၏ သက်တော်-၈၃ နှစ်ပြည့်မွေးနေ့အပြီး နောက်ရက်ဖြစ်သော တပေါင်းလပြည့်ကျော်တစ်ရက် (၉-၃-၂၀၂၀) နေ့တွင့် ဖွင့်လှစ်မည့်ဖြစ်သည့်အတွက် အလှူရှင်များနှင့် အပေါင်းအဖေါ်များ ကြိုတင်ကာ ရည်စိတ်သန်စွာဖြင့် သာဓုခေါ်ဆိုနိုင်စေရန်အတွက် တင်ပြအပ်ပါသည်။
ယခုကဲ့သို့ နှစ်-၄၀ ရေအလှူတော်ခရီးမှ နောင်နှစ်ပေါင်းများစွာ စိန်ရတုအဆူဆူ ဖြတ်သန်းနိုင်စေရန် ပါဝင်ဆောင်ရွက်ခဲ့သည့် အစိုးရမင်းအဆက်ဆက်၊ ရဟန်း၊ ရှင်၊ လူ၊ ပြည်သူအပေါင်းနှင့် အလှူရှင်များအားလုံး၏ မွန်မြတ်လှစွာသော သဒ္ဓါတရားကို သီတဂူဆရာတော်ကြီး အမှူးရှိသည့် သီတဂူသာသနာပြုအဖွဲ့ကြီးက ဝမ်းမြောက်နုမော် "သာဓု သာဓု သာဓု" ခေါ်ဆိုပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုပါသည်။
#အလှူတော်ဆုတောင်း
ဗောဓိယာ ပစ္စယော ဟောတု၊ ဣဒံနော ပုညမင်္ဂလံ ပုညဘာဂံ သုလဘန္တု။ ပမောဒန္တု သဒေဝကာ။
ဤကောင်းမှုများသည် ဗောဓိဉာဏ်၏ အထောက်အပံ့ ဖြစ်ပါစေသတည်း။
ဤကောင်းမှု အရပ်ရပ်တို့၏ ကုသိုလ်အဖို့တို့ကို လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါအပေါင်းတို့အား အညီအမျှ ဝေငှပါ၏။
#ကုသိုလ် - အမျှ၊ အမျှ၊ အမျှ
ယူတော်မူကြပါကုန်သော် ....
#သာဓု - သာဓု - သာဓု
*သီတဂူဆရာတော်ဓမ္မသဘင်*
၂၀၂၀-၁-၃၁ ရန်ကုန်မြို့
*ဆရာစံဟစ်တိုင်ကွင်း၊ ဗဟန်း
.
၂၀၂၀-၂-၁ မွန်ပြည်နယ်
*သိမ်ဇရပ်မြို့၊ မြို့မအားကစားကွင်း
.
၂၀၂၀-၂-၂ မွန်ပြည်နယ်
*ကျိုက်ထိုမြို့၊ မြို့မအားကစားကွင်း
.
၂၀၂၀-၂-၃ မွန်ပြည်နယ်
*သထုံမြို့၊ အထက-၂ ကျောင်းဝင်း
.
၂၀၂၀-၂-၄ ကရင်ပြည်နယ်
*မြဝတီမြို့၊ မိကျောင်းကုန်းဓမ္မရင်ပြင်
.
၂၀၂၀-၂-၅ ကရင်ပြည်နယ်
*ဘားအံမြို့၊ ကျောက်ကလပ်ဓမ္မရင်ပြင်
ညစဉ် ၇:၃၀ နာရီအချိန်တွင် ပြည်တွင်း/ပြည်ပမှ တရားနာယူကြမည့် ဓမ္မမိတ်ဆွေများနာယူပူဇော်နိုင်ရန်အတွက် ...
"သီတဂူဆရာတော် ဓမ္မသဘင် - LIVE"
https://www.facebook.com/sitagulivedhamma/
Facebook Page မှ တိုက်ရိုက်ထုတ်လွှင့်ပေးသွားမည်ဖြစ်ပါသည်။
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
We have 51 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈