(မြန်မာသံရုံးမိသားစု၊ မော်စကိုမြို့)
ရုရှားနိုင်ငံသို့ ဓမ္မဒူတခရီး ကြွရောက်နေတော်မူသော ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးနှင့် သံဃာတော်များကို ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ မြန်မာသံရုံး၊ သံအမတ်ကြီးဦးကိုကိုရှိန်အမှူးရှိသော မြန်မာသံရုံးဝန်ထမ်းမိသားစုဝင်များက ၂-၁၀-၂၀၁၉ ရက်နေ့၊ နေ့ဆွမ်း ဆက်ကပ် အလုပ်အကျွေးပြုစုကြပါသည်။
၁။ သံအမတ်ကြီးဦးကိုကိုရှိန် ဇနီးဒေါ်တင်တင်နွယ် သားမောင်သန့်နိုင်အောင်မိသားစုတို့က နဝကမ္မဝတ္ထု US$-300 နှင့် သီတဂူ ရေအလှူတော်အတွက် ထာဝရပဒေသာပင်တစ်ပင် လှူဒါန်းခြင်း။
၂။ ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမိသားစုဝင်များက စုပေါင်း၍ သီတဂူရေအလှူတော်အတွက် ထာဝရပဒေသာပင်တစ်ပင် လှူဒါန်းခြင်း။ အများစုပေါင်းကောင်းမှု နဝကမ္မဝတ္ထု US$-1200 လှူဒါန်းကြခြင်း။
၃။ ကွယ်လွန်သူအဖိုးဦးမောင်ကြီး၊ အဖဦးမြတ်စိန်၊ အမိဒေါ်ဘေဘီသန်းတို့အား ရည်စူး၍ သံရုံးဝန်ထမ်းတစ်ဦးက သီတဂူရေအလှူတော်အတွက် ထာဝရပဒေသာပင်တစ်ပင် လှူဒါန်းခြင်း။
သံဃာတော်များက အန္တရာယ်ကင်း ပရိတ်တရားချီးမြှင့်ပေးပြီး သီတဂူဆရာတော်ကြီးက လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချ အနုမောဒနာတရားချီးမြှင့်ပေးပါသည်။ #Unicode
#sitagu #သီတဂူ #ရုရှားနိုင်ငံ
#Russia #Moscow #မော်စကိုမြို့
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
We have 2 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈