သီတဂူအောင်ပွဲ၊
ခေါင်ကဲလေပြီ၊
သုဒ္ဓါဝါသ၊
ဗြဟ္မာ့ဘုံဆီ၊
ဆင့်ဆင့်ကဲ၊
အောင်ပွဲအလီလီ။
ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးသည် ၂၉-၉-၂၀၁၉ ရက်နေ့ ရုရှားနိုင်ငံ၊ ကာလုဂါ၊ အတနာမီရှိ ကမ္ဘာ့ယဉ်ကျေးမှုမြို့တော်တွင် တည်ထားကိုးကွယ်မည့် ရွှေစည်းခုံပုံတူစေတီတော် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ကိုယ်တိုင် ကြွရောက် စီမံဆောင်ရွက်တော်မူပါသည်။
သုံးရက်တာဆောင်ရွက်သည့် လုပ်ငန်းခွင်ကို ကိုယ်တိုင်ချီးမြှင့်ပေးပြီး ညနေပိုင်းတွင် မော်စကိုမြို့သို့ ပြန်လည်ကြွရောက်တော်မူပါသည်။ အေးချမ်းလွန်းသည့် ရာသီဥတုဖြစ်သော်လည်း အင်ဂျင်နီယာများ၊ ပညာရှင်များနှင့် ပညာတော်သင်ကျောင်းသား လုပ်အားပေးတို့၏ လုံ့လစိုက်ထုတ် ကြိုးပမ်းပေးခြင်းကြောင့် စေတီတော်၏ ခေါင်းလောင်းတော်အထိ တင်လှူပြီးစီးခဲ့သည်။
ပြန်ကြွခါနီး ဂါရဝပြု ကန်တော့ပန်းဆင်ကြသည့် တပည့်များကို ဆုချီးမြှင့်တော်မူသည့် ဗီဒီယိုဖိုင်ကို အောက်ပါလင့်ခ်တွင် နာယူပူဇော်နိုင်ပါသည်။
#ဆရာတော်ဘုရားချီးမြှင့်ပေး
https://www.facebook.com/189920130276/posts/10162226138110277?sfns=mo
#sitagu #သီတဂူ #စေတီတော်
#ရုရှား #မော်စကို #ရွှေစည်းခုံ
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
We have 13 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈