Gazette

ရုရှားနိုင်ငံ၏ ဗုဒ္ဓသာသနာ့သမိုင်းသစ်ဖြစ်လာမည့် မြန်မာ့ယဉ်ကျေးမှု အနုပညာ လက်ရာအပြည့်ဖြင့် မြင်တွေ့ရမည့် ရွှေစည်းခုံစေတီတော်နှင့် ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များ

ရုရှားနိုင်ငံတွင် တည်ဆောက်လျှက်ရှိသော ရွှေစည်းခုံစေတီတော် (ပုံတူ)ကို သီတဂူဆရာတော်ကြီးသြဝါဒကို ခံယူ၍ မြန်မာမှု ဗိသုကာပညာရှင် တမ္ပဝတီ ဦးဝင်းမောင်၏ အကြံပေးလမ်းညွှန်မှုဖြင့် မြန်မာမှုအင်ဂျင်နီယာ တမ္ပဝတီဦးချိုဇော်မင်း ပုံထုတ်ရေးဆွဲပါသည်။

မြန်မာ့အနုပညာလက်ရာများဖြင့် ပါဝင်ဖန်တီးပေးကြသည့် ပညာရှင်များမှာ ပုဂံမြို့ ဝင်းဘရားသား (ယွန်း)၊ မန္တလေးမြို့ တမ္ပဝတီမှ မုဒိတာဦးအောင်မင်း (ပန်းတမော့)၊ ပြည့်ဝကြေးသွန်းမှ ဦးလှမြင့်နှင့် သား ဦးအာင်အောင်မိုး၊ ပုဂံခေတ် အင်္ဂတေပန်းများအတွက် ပန်းတော့ပညာရှင် ဦးကျော်နိုင်ဦး၊ ကျွန်းပန်းပုလက်ရာများအတွက် ဦးချိုဇော်မင်းနှင့်အဖွဲ့၊ စတီးစေတီတော်အတွက် ဦးရန်လင်းအောင် (တော်ဝင်မြန်မာမှု) တို့ဖြစ်ကြပါသည်။

စေတီတော် ရင်ပြင်တော်အမြင့် ၃ပေ၊ ဂန္ဓကုဋီတိုက်တော်အမြင့် ၁၈ပေ၊ စေတီတော်အမြင့် ၂၇ပေ၊ ထီးတော်နှင့် ငှက်မြတ်နားစိန်ဖူးတော် ၆ပေ ဖြစ်ပြီး ဉာဏ်တော်အမြင့် ၅၄ ပေ ဖူးမျှော်မြင်တွေ့ရမည်ဖြစ်ပါသည်။ ကန္ဓကုဋီတိုက်တော်အတွင်း ခြေဆင်းထိုင်တော်မူ ရုပ်ပွားတော်ကို ယွန်းဖြင့်သွန်းလုပ်ပူဇော်ပြီး ဗုဒ္ဓဝင်ကိုးခန်းဖေါ်ကျူးထားသည့် ကျွန်းသားပုလ္လင်တံကဲပေါ်တွင် တည်ထားကိုးကွယ်ပါမည်။

ဂန္ဓကုဋီတိုက်တော် အဝင်တံခါးကို ဖွား၊ ပွင့်၊ ဟော၊ စံ သရုပ်ဖော် ကျွန်းသား ပန်းပုတံခါးချပ်ကြီး (၃)ချပ်ဖြင့် တပ်ဆင်မည်ဖြစ်ပြီး တိုက်တော်အတွင်း ပတ်လည် နံရံများတွင် နိုင်ငံစုံ၊ ခေတ်စုံ၊ မုဒြာအစုံ ဉာဏ်တော် (၂ရ)လက်မ ရှိသော ဗုဒ္ဓရုပ်ပွားဆင်းတုတော် ၃၀ဆူကို တည်ထားပူဇော်ပါမည်။ ယွန်းဆင်းတုတော်ကြီးနှင့် ကြေးသွန်းဆင်းတုတော်ကြီး သုံးဆူတို့မှာ ပုဂံခေတ်ဟန် မျက်နှာတော်များ ဖြစ်ကြပါသည်။ စေတီတော်ပြင်ပတွင် အနုစိတ် ချယ်မှုန်းအပ်သော အင်္ဂတေပန်းများနှင့် သစ်သားပန်းပုလက်ရာများသည်လည်း ပုဂံခေတ်အသွင် လက်ရာများဖြစ်ပါသည်။

ရွှေစည်းခုံ စေတီတော်ကြီးဘေး ကွက်လပ်နေရာတွင်

၁။ စေတီတော်ကြီး၏ မျက်နှာစာ တွင် ဉာဏ်တော် ၁၈ပေအမြင့်ရှိ စြင်္ကန်လျှောက်နေတော်မူဟန် ကြေးဆင်းတုတော်ကြီး တစ်ဆူကို အလျား ၅၄ပေ၊ အနံ ၃၆ပေရှိ ရင်ပြင်တော်ပေါ်တွင် တည်ထားကိုးကွယ်ပါမည်။

၂။ စေတီတော်ကြီး၏ ဘေးဘက်တွင် ဉာဏ်တော် ၁၃ပေ ၆လက်မအမြင့်ရှိ ခြေဆင်းထိုင်တော်မူဟန် ကြေးဆင်းတုတော်ကြီးကို ဘေးတစ်ဘက်တစ်ချက်စီတွင် ဉာဏ်တော် ၉ပေအမြင့်ရှိ ရပ်တော်မူ ကြေးဆင်းတုတော် ၂ဆူ ခြံရံလျှက် အလျား ၅၄ပေ၊ အနံ ၃၆ပေရှိ ရင်ပြင်တော်ပေါ်တွင် တည်ထားကိုးကွယ်ပါမည်။

ရုရှားနိုင်ငံတွင် ယခုကဲ့သို့ တည်ဆောက်နိုင်ရန်အတွက် ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးသည် အကြိမ်ကြိမ်ကြွရောက်ပြီး ကြိုးပမ်းတော်မူခဲ့သည်။ ၂၀၁၇ ခုနှစ် ဇွန်လတွင် ကမ္ဘာ့ယဉ်ကျေးမှုရွာတွင် နေရာသတ်မှတ်ပြီး ပုံစံများထုတ်ခြင်း၊ မြန်မာ၊ ရုရှားပညာရှင်များ-အင်ဂျင်နီယာများနှင့်အတူ ထပ်မံအချောသပ်လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

နေရာသတ်မှတ်ပြီးနောက် မြေသန့်မင်္ဂလာနှင့် ပန္နက်တော်တင်၊ ရတနာအုဌ်မြစ်စီ အခမ်းအနားကို ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် မြန်မာနိုင်ငံမှ ဆရာတော်သံဃာတော်များနှင့် ပြည်ပသာသနာပြု ဆရာတော်များ ပင့်ဖိတ်ဆောင်ရွက်တော်မူခဲ့ပါသည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ဖွင့်လှစ်နိုင်ရန်အတွက် အားသွန်ခွန်စိုက်ဆောင်ရွက်နေပြီး မြန်မာမှု ပန်းတော့အနုပညာများကို ဆောင်းအလွန် ၂၀၂၀ ခုနှစ် မေလတွင် စတင်ဆောင်ရွက်နိုင်ရန် လျာထားပါသည်။

ရုရှားရွှေစည်းခုံ (ပုံတူ) စေတီတော်၏ ပင်မအလှူရှင်မှာ ဦးအောင်ကိုဝင်း+ဒေါ်နန်းသန်းထွေး မိသားစုဖြစ်ပါသည်။

ရွှေစည်းခုံ စေတီတော်ကြီးဘေး ကွက်လပ်တွင် တည်ထားပူဇော်သည့် ဆင်းတုတော် လေးဆူမှာ မန္တလေးမြို့မှ ကျောင်းဒကာ ကျောင်းအစ်မများ၏ ပေါင်းစုသည့် ကောင်းမှုကုသိုလ်ဖြစ်ပါသည်။

ဂန္ဓကုဋီတိုက်အတွင်း ပူဇော်ထားရှိမည့် ၂၇ လက်မ ကြေးသွန်းဆင်းတုတော်-၃၀ ဆူမှာ မြန်မာနိုင်ငံ အရပ်ရပ်မှ တပည့်ဒကာအပေါင်းတို့၏ ပေါင်းစုသည့် ကောင်းမှုဖြစ်ပါသည်။

သီတဂူဆရာတော်ကြီး၏ လမ်းညွှန်မှုဖြင့် တည်ဆောက်ခဲ့သော ရုရှားနိုင်ငံ၊ ရွှေစည်းခုံ (ပုံတူ) စေတီတော်၊ ဗုဒ္ဓသာသနိက အဆောက်အဦနှင့် ရုရှားနိုင်ငံ သာသနာပြုနိုင်ရန်အတွက် အဖက်ဖက်မှ ထောက်ပံ့လှူဒါန်းပေးကြသည့် အလှူရှင်များ၏ မွန်မြတ်သောအလှူတော်ကို သီတဂူသာသနာပြုအဖွဲ့က ဝမ်းမြောက်ဝမ်းသာဖြင့် သာဓုအနုမောဒနာ ခေါ်ဆိုပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

#ကုသိုလ် - အမျှ၊ အမျှ၊ အမျှ
ယူတော်မူကြပါကုန်သော် ....
#သာဓု - သာဓု - သာဓု

၂၀၁၉-သြဂုတ်လ-၅ ရက်သတင်း
https://www.facebook.com/373346706204380/posts/1122250097980700?sfns=mo

ဗုဒ္ဓဆင်းတုတော်-၃၂ဆူ သတင်း"
https://www.facebook.com/100000525831935/posts/2941684999192332?sfns=mo

ရုရှားနိုင်ငံသို့ကြွပြီ-၂၀၁၉-၉
https://www.facebook.com/373346706204380/posts/1159159820956394?sfns=mo

ရုရှားသို့ချမ်းသာစွာရောက်ရှိ
https://www.facebook.com/373346706204380/posts/1159804850891891?sfns=mo

တည်ဆောက်ရေးလုပ်ငန်းခွင်
https://www.facebook.com/495974040594716/posts/1172448426280604?sfns=mo

#sitagu #သီတဂူ #စေတီတော်
#ရုရှား #မော်စကို #ရွှေစည်းခုံ

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 7 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈