ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးသည် ၂၆-၉-၂၀၁၉ ရက်နေ့ ရုရှားနိုင်ငံ၊ ကာလုဂါ၊ အတနာမီရှိ ကမ္ဘာ့ယဉ်ကျေးမှုမြို့တော်တွင် တည်ထားကိုးကွယ်မည့် ရွှေစည်းခုံပုံတူစေတီတော် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ကိုယ်တိုင် ကြွရောက် စီမံဆောင်ရွက်တော်မူပါသည်။
သီတဂူဆရာတော်ကြီးနှင့်အတူ
၁။ သီတဂူဦးမောင်သောင်း
(အတွင်းရေးမှုး-၁)
၂။ သီတဂူဦးကျော်မိုးနိုင်
(အတွင်းရေးမှုး-၃)
၃။ သီတဂူဦးစောထွေးဇော်
(ဆောက်လုပ်ရေးအင်ဂျင်နီယာကြီး)
၄။ သီတဂူဦးချိုဇော်မင်း
(တမ္ပဝတီမြန်မာမှုအင်ဂျင်နီယာ)
၅။ သီတဂူကိုအောင်သန်းဝင်း
(သတင်းနှင့်မှတ်တမ်း)
၆။ တော်ဝင်မြန်မာမှုအဖွဲ့
(ရွှေစည်းခုံစတီးစေတီတော်ပညာရှင်) တို့ လိုက်ပါသွားကြပါသည်။
ရုရှားနိုင်ငံ ဗုဒ္ဓသာသနာ့သမိုင်းမော်ကွန်းသစ်တင်မည့် မြန်မာ့ယဉ်ကျေးမှု လက်ရာအပြည့်ဖြင့် တည်ဆောက်နေသည့် ရွှေစည်းခုံ (ပုံတူ) စေတီတော် ဖွင့်လှစ်မည့် မင်္ဂလာအခမ်းအနားကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ဆောင်ရွက်ရန်အတွက် ကိုယ်တော်တိုင် ပညာရှင်များအားဦးဆောင်ကာ ရုရှားအင်ဂျင်နီယာများနှင့် လက်တွဲပြီး ကြိုးပမ်းတော်မူပါသည်။
ကမ္ဘာ့ယဉ်ကျေးမှုမြို့တော်တွင် ရှိသော မြန်မာနိုင်ငံပြခန်းအတွက် မြန်မာ့ကျက်သရေဆောင် ရွှေတိဂုံပုံစံတူ စေတီတော်တစ်ဆူလည်း သီတဂူဆရာတော်ကြီးက လှူဒါန်းထားပါသည်။
ရုရှားနိုင်ငံတွင် တည်ထားကိုးကွယ်မည့် ရွှေစည်းခုံ (ပုံတူ) စေတီတော်၏အလှူရှင်မှာ ဦးအောင်ကိုဝင်း+ဒေါ်နန်းသန်းထွေး မိသားစုဖြစ်ပြီး ဆင်းတုတော်-၃၂ နှစ်ဆူမှာ မြန်မာနိုင်ငံ အရပ်ရပ်မှ တပည့်အပေါင်းတို့၏ ပေါင်းစုသည့် ကောင်းမှုဖြစ်ပါသည်။
သီတဂူဆရာတော်ကြီး၏ လမ်းညွှန်မှုဖြင့် တည်ဆောက်ခဲ့သော ရုရှားနိုင်ငံ၊ ရွှေစည်းခုံ (ပုံတူ) စေတီတော်၊ ဗုဒ္ဓသာသနိက အဆောက်အဦနှင့် ရုရှားနိုင်ငံ သာသနာပြုနိုင်ရန်အတွက် အဖက်ဖက်မှ ထောက်ပံ့လှူဒါန်းပေးကြသည့် အလှူရှင်များ၏ မွန်မြတ်သောအလှူတော်ကို သီတဂူသာသနာပြုအဖွဲ့က ဝမ်းမြောက်ဝမ်းသာဖြင့် သာဓုအနုမောဒနာ ခေါ်ဆိုပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
#ကုသိုလ် - အမျှ၊ အမျှ၊ အမျှ
ယူတော်မူကြပါကုန်သော် ....
#သာဓု - သာဓု - သာဓု
၂၀၁၉-သြဂုတ်လ-၅ ရက်သတင်း
https://www.facebook.com/373346706204380/posts/1122250097980700?sfns=mo
ဗုဒ္ဓဆင်းတုတော်-၃၂ဆူ သတင်း"
https://www.facebook.com/100000525831935/posts/2941684999192332?sfns=mo
ရုရှားသို့ချမ်းသာစွာရောက်ရှိ
https://www.facebook.com/373346706204380/posts/1159804850891891?sfns=mo
#sitagu #သီတဂူ #စေတီတော်
#ရုရှား #မော်စကို #ရွှေစည်းခုံ
Shwezigon Pagoda, Russia
Petrovo, Kaluga Oblast, Russia, 249018
https://goo.gl/maps/iVKQPWLyFBnbVtio6
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
We have 10 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈