ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးသည် ၁၄-၈-၂၀၁၉ ရက်နေ့၊ နေ့လည်ခင်းတွင် ရန်ကုန်မြို့၊ "ကန်သာယာအထူးကုဆေးရုံ"သို့ ကြွရောက်၍ (ပုံမှန်) ကျန်းမာရေးစစ်ဆေးပေးမှု ခံယူတော်ခဲ့ရာ *ကောင်းမွန်ကြောင်း* တပည့်ဒကာအပေါင်းကို သိရှိစေပါသည်။
ပုံမှန်အားဖြင့် သီတဂူဆရာတော်ကြီး၏ ကျန်းမာရေး စောင့်ရှောက်မှုကို အာရှတော်ဝင် ဆေးရုံ MD သီတဂူဒေါက်တာဦးမြတ်သူ၊ အာရှတော်ဝင် ဆေးရုံအုပ်ကြီး ဒေါက်တာ ဦးခင်မောင်ဆွေနှင့်တကွ ဆရာဝန်များ-သူနာပြုများက ရိုသေစွာဖြင့် ဂရုတစိုက် ဆောင်ရွက်ကြပါသည်။
ယခုအကြိမ်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပင့်ဖိတ် လျှောက်ထားချက်ကို လက်ခံတော်မူပြီး ကန်သာယာ အထူးကုဆေးရုံကြီးသို့ ကြွရောက်ချီးမြှောက် စစ်ဆေးမှုကို ခံယူတော်မူခဲ့ပါသည်။
ကျန်းမာရေးစစ်ဆေးမှု ခံယူပြီးနောက် သီတဂူဆရာတော်ကြီးနှင့် ဗိုလ်ချုပ်မှူးကြီးတို့သည် ရုရှားနိုင်ငံတွင် တည်ဆောက်လျှက်ရှိသော ရွှေစည်းခုံ (ပုံတူ) စေတီတော်နှင့် မြန်မာ့ထေရဝါဒဗုဒ္ဓစင်တာ၊ ဓမ္မာရုံ၊ သိမ် စသည့် ဗုဒ္ဓသာသနိကအဆောက်အဦများ ကိစ္စ အဆင်ပြေချောမွေ့စေရန်နှင့် ရေရှည်တည်တံ့မှုများအတွက် ကြိုတင်တိုင်ပင်မှုများကို တိုင်ပင်ဆွေးနွေးကြခဲ့ပါသည်။
သက်တော်-၈၃နှစ် အတွင်းရောက်ရှိနေပြီဖြစ်တော်မူသည့် ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးအတွက် ကျန်းမာရေးစောင့်ရှောက်မှုကို အထူးဂရုပြု ဆောင်ရွက်ပေးခဲ့ကြသည့် ဆရာဝန်ကြီးများနှင့်တကွ ပါဝင်ဆောင်ရွက်သူများ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း သီတဂူ သာသနာပြုအဖွဲ့က ကျေးဇူးမှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
We have 12 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈