ထိုင်းနိုင်ငံသို့ရောက်ရှိနေသောသီတဂူဆရာတော်ကြီးသည် လွန်ခဲ့သော ၂၈ရက် ဇွန်လ၌ ပျံတော်မူသော ထိုင်းနိုင်ငံသံဃရာဇာအလောင်းအလျာဆရာတော်ကြီးတစ်ပါးဖြစ်သည့် ဆုန်မ်ဒိတ်ဖရာ့ဇိနဝံသ ရုပ်ကလပ်တော် သီတင်းသုံးရာ ဝပ်ဖိချိုင်းယသိကာရမ်ဘုန်းကြီးကျောင်းသို့သွားရောက်ဂါရဝပြုသံဝေဂပွားများတော်မူပါသည်။
ဆရာတော်ကြီး ဆုန်မ်ဒိတ်ဖရာ့ဇိနဝံသသည် ချင်းမိုင်မြို့ဝပ်ဆိုင်းမွန်းကျောင်း မြန်မာကျောင်း ထိုင်ဘုန်းကြီးပြန်လည်ရရှိရေးကြိုးပမ်းရာတွင် အဓိကအခန်းကဏ္ဍမှ သီတဂူဆရာတော်ကြီးဦးဆောင်သော မြန်မာအဖွဲ့အားကူညီပေးခဲ့ပါသည်။ ထိုင်းဆရာတော်ကြီး၏ အကူအညီများသည် မြန်မာလူမျိုးနှင့်မြန်မာ့သာသနာအတွက် အရေးပါသဖြင့် ကျေးဇူးကြီးလှပါသည်။
ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရမှလည်း အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ကို ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
ထို့အပြင် ဆရာတော်ကြီးဆုန်မ်ဒိတ်ဖရာ့ဇိနဝံသသည် ထိုင်းနိုင်ငံဗုဒ္ဓမွန်ထွန်းအရပ်ရှိ ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓစင်တာ၊ ဗုဒ္ဓကျေးရွာ တည်ဆောက်မှုလုပ်ငန်းများ၏ ဦးဆောင်နာယကဖြစ်သည့်အပြင် ထိုင်းနိုင်ငံရှိအခြားအရေးကြီးသော ဗုဒ္ဓသာသနာတိုးတက်ရေးလုပ်ငန်းများကိုလည်း လမ်းပြသွန်သင်နေသော ဆရာတော်ကြီးဖြစ်သည်။
ထိုဆရာတော်ကြီးပျံတော်မူချိန်တွင်သက်တော် ၇၉ နှစ်ရှိပြီဖြစ်ကြောင်းနှင့် နေရပ်မတူသော်ငြား သာသနာ့ညီအစ်ကို ဆရာတော်ကြီးများအတူတကွ ချစ်ကြည်ရင်းနှီးစွာ လက်တွဲပြီးသာသနာရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြသည်များကို သိရှိကြည်ညိုသဒ္ဓါပွားများစေရန် ရည်သန်လျက်ဖော်ပြအပ်ပါသည်။
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
We have 13 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈