ယနေ့ ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၂၇ ရက် အင်္ဂါနေ့တွင် ကမ္ဘာလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာတက္ကသိုလ်များအသင်း International Association of Theravāda Buddhist Universities (IATBU) ၏ (၅) ကြိမ်မြောက်ညီလာခံကို ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံတွင်ကျင်းပရာသီတဂူဆရာတော်ကြီး တက်ရောက်ကာ အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါသည်။
ထို့နောက် သီတဂူဆရာတော်ကြီးမှ အခမ်းအနားဖြစ်မြောက်ရေးကော်မတီတာဝန်ရှိသူများသို့ အလှူငွေ USD 50000 ပေးအပ်လှူဒါန်းခဲ့ပါသည်။
အခမ်းအနားသို့ ထေရ်ကြီးဝါကြီး နာယကသံဃာတော်ကြီးများ၊ သံဃာတော်များ၊ သီလရှင်များ၊ သီရိလင်္ကာသမ္မတကြီးနှင့်တကွ ပညာရေးဝန်ကြီးပါဝင်သောအစိုးရအဖွဲ့ဝင်လူကြီးများ၊ သံအမတ်ကြီးများ နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ပါသည်။
သီရိလင်္ကာနိုင်ငံအစည်းအဝေးသို့ ဆရာတော်ကြီးနှင့်အတူ သီတဂူသာသနာပြုအဖွဲ့ဝင် ၂၇ ဦး လိုက်ပါတက်ရောက်ကြပါသည်။
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
We have 9 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈