ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီး ဦးဆောင်တော်မူသော ထေရဝါဒ ဗုဒ္ဓသာသနာပြုအဖွဲ့သည် ၁၃၈၀ခုနှစ် သီတင်းကျွတ်လပြည့်နေ့ (၂၄-၁၀-၂၀၁၈) နံနက်ခင်း မင်္ဂလာအခါသမယတွင် ရုရှားနိုင်ငံ၊ ကာလုဂါ၊ အတနာမီရှိ ကမ္ဘာ့ယဉ်ကျေးမှုမြို့တော်တွင် တည်ထားကိုးကွယ်မည့် ရွှေစည်းခုံပုံတူစေတီတော် အတွက် ရွှေပန္နက်တင်၊ ရတနာအုဌ်မြစ်စီ မင်္ဂလာအခမ်းအနားဆောင်ရွက်ကြပါသည်။
သီတဂူဆရာတော်ကြီး၊ အင်းစိန်ရွာမ ဆရာတော်ကြီး၊ သိမ်တော်ကြီး ဆရာတော်၊ ဓမ္မဒူတ ဆရာတော် ဒေါက်တာအရှင်ပညိဿရာဘိဝံသ၊ ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ၊ ရွှေစင်တိပိဋကဆရာတော် အရှင်ဂန္ဓမာလာလင်္ကာရ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ စာချကထိက ဆရာတော်များ၊ အမေရိကန်၊ ရုရှား၊ ဂျာမနီ၊ အင်္ဂလန်၊ ကိုးရီးယားမှ တပည့်ကျောင်းထိုင် ဆရာတော်များက သာသနာ့သမိုင်းမော်ကွန်းသစ်တင်မည့် မင်္ဂလာအခမ်းအနား ဆောင်ရွက်တော်မူကြပါသည်။
ဓမ္မမိတ်ဆွေများအနေဖြင့် ဗီဒီယိုဖိုင်ကို "သီတဂူဆရာတော် ဓမ္မသဘင် - LIVE" တွင် နာယူပူဇော်နိုင်ပါသည်။
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
We have 11 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈