၂၃-၁၀-၂၀၁၈ ရက်နေ့၊ နံနက်ပိုင်းအချိန် ထေရဝါဒဗုဒ္ဓသာသနာပြု သံဃာတော်များက ရုရှားနိုင်ငံ၊ မော်စကိုမြို့၊ မြန်မာထေရဝါဒဗုဒ္ဓစင်တာတွင် ရဟန်းခံ-ဥပုသ်ပြု-ကံဆောင်ခြင်းများ ဆောင်ရွက်နိုင်ရန် အလို့ငှာ "သဒ္ဓမ္မဇောတိကသိမ်" တည်ဆောက်ရန်အတွက် သိမ်နှုတ်၊ သိမ်သမုတ် ကံဆောင်မင်္ဂလာ၊ ပန္နက်တင်၊ ရတနာအုဌ်မြစ်စီ မင်္ဂလာဆောင်ရွက်ကြပါသည်။
သီတဂူဆရာတော်ကြီး အမှူးရှိသော အင်းစိန်ရွာမ ဆရာတော်ကြီး၊ သိမ်တော်ကြီး ဆရာတော်၊ ဓမ္မဒူတ ဆရာတော် ဒေါက်တာအရှင်ပညိဿရာဘိဝံသ၊ ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ၊ ရွှေစင်တိပိဋကဆရာတော် အရှင်ဂန္ဓမာလာလင်္ကာရ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ စာချကထိက ဆရာတော်များ၊ အမေရိကန်၊ ရုရှား၊ ဂျာမနီ၊ အင်္ဂလန်၊ ကိုးရီးယားမှ တပည့်ကျောင်းထိုင် ဆရာတော်များက သာသနာ့သမိုင်းမော်ကွန်းတင်မည့် မင်္ဂလာအခမ်းအနား ဆောင်ရွက်တော်မူကြပါသည်။
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
We have 18 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈