ယနေ့ အောက်တိုဘာလ ၄ ရက်နေ့နံနက် ၁၁ နာရီအချိန်တွင်သီတဂူဆရာတော်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ ဘရာဇီးသံအမတ်ကြီးတို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင်တွေ့ဆုံကာ ဘရာဇီးနိုင်ငံ၏ ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေးအခြေအနေများကို အသေးစိတ်ဆွေးနွေးကြသည်။
ထို့နောက် ဆရာတော်ကြီးမှ တောင်အမေရိကတိုက်သို့ ဗုဒ္ဓသာသနာတော်ရောက်အောင်ပို့ဆောင်ရန် ဘရာဇီးနိုင်ငံသို့ သာသနာပြုခရီးကြွတော်မူမည့်အကြောင်းမိန့်ကြားရာ သံအမတ်ကြီးမှ ဝမ်းမြောက်၍ သင့်လျော်ပါကြောင်းလျှာက်ထားပါသဖြင့် တပည့်အပေါင်းမှ ကြည်ညိုသဒ္ဓါပွားများနိုင်ပါရန် တင်ပြအပ်ပါသည်။
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
We have 10 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈