၂၀-၅-၂၀၁၈ နေ့ အဘိဓဇမဟာရဋ္ဌဂုရု ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီး တည်ထောင်တော်မူသော အမေရိကန်ပြည်ထောင်စု၊ မီနီဆိုးတားပြည်နယ် ချီစာဂိုမြို့က သီတဂူဓမ္မဝိဟာရကျောင်းတိုက် သိမ်သမုတ်ပွဲကြီး အောင်မြင်စွာ ပြီးစီးပါပြီ။
ဒီသိမ်တော်ကို သီတဂူဆရာတော်ကြီး ဦးဆောင်၍ သီတဂူတပည့်ကြီးများနှင့် အမေရိကရှိ စာပေပရိယတ္တိကျော်ကြားသော မြန်မာ ရဟန်းတော် ၂၄ ပါးတို့က သိမ်သမုသ်ကံဆောင်မင်္ဂလာကို ပြုတော်မူကြသည်။
ဒီသိမ်ဟာဆိုရင် သီတဂူဆရာတော်ကြီးတည်ထောင်သော အမေရိကရှိကျောင်းတိုက်များတွင် ဒုတိယသိမ်ဖြစ်ပါသည်၊ ပထမသိမ်တော်ကတော့ တက္ကဆက်ပြည်နယ်၊ အော်စတင်မြို့ရှိ သီတဂူဗုဒ္ဓဝိဟာရမှာ တည်ရှိပါသည်။
၂၃ ရက်နေ့ဆို တတိယမြှောက် သိမ်တော်ကို ဖလော်ရီတာရှိ သီတဂူသံဃဝိဟာရတွင် သမုသ်ကြမည် ဖြစ်ပါသည်။
မိုင်ပေါင်း သောင်းဂဏန်းဝေးကွာသည့် အနောက်ကမ္ဘာမှာ သီတဂူလမင်း နေမင်းတို့ကလည်း ထိန်လင်းလို့နေပါပြီ။
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
We have 11 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈