အဘိဓဇ မဟာရဋ္ဌဂုရု၊ ရွှေကျင်နိကာယဥပဥက္ကဋ္ဌ
သီတဂူအဓိပတိဆရာတော်ဘုရား၏ သက်တော် ၈၁-နှစ်ပြည့်
မွေးနေ့အလှူတော်မင်္ဂလာအခမ်းအနား
၁။ ၁၃၇၉-ခုနှစ် တပေါင်းလဆန်း (၁၃) ရက် (၂၇/ဝ၂/၂၀၁၈) အင်္ဂါနေ့၊ နံနက် (၅) နာရီအချိန်တွင် စစ်ကိုင်းမြို့ ထူပါရုံစေတီတော်မြတ်ကြီးရင်ပြင်တော်၌ စစ်ကိုင်းမြို့ မြို့မ ပင့်သံဃာ အပါး (၁၀ဝ၀) တို့အား ဆွမ်းကြီးလောင်းလှူခြင်း။
၂။ ၁၃၇၉-ခုနှစ် တပေါင်းလဆန်း (၁၄) ရက် (၂၈/ဝ၂/၂၀၁၈) ဗုဒ္ဓဟူးနေ့ နံနက် (၅) နာရီအချိန်တွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ သီလရှင်ဆရာကြီး/ဆရာလေး အပါး (၁၀ဝ၀)တို့အား ဆွမ်းကြီးလောင်းလှူခြင်း။
၃။ ၁၃၇၉-ခုနှစ် တပေါင်းလပြည့်နေ့ (ဝ၁/ဝ၃/၂၀၁၈) ကြာသပတေးနေ့ နံနက် (၅) နာရီအချိန် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ စစ်ကိုင်းတောင်ရိုး ပင့်သံဃာ အပါး (၁၀ဝ၀) တို့အား ဆွမ်းကြီးလောင်းလှူခြင်း။
၄။ ၁၃၇၉-ခုနှစ် တပေါင်းလပြည့်နေ့ နေ့လည် (၂) နာရီအချိန် သီတဂူအပြည်ပြည်ဆိုင်ရာဝိပသနာအကယ်ဒမီ၊ သီတဂူသံဝေဇနီယဗိမာန်တော်၌ သီတဂူတပည့်သံဃာတော်များနှင့် ဒကာ ဒကာမအပေါင်းတို့က သီတဂူအဓိပတိဆရာတော်အား ကန်တော့၍ သြဝါဒတရားနာယူခြင်း။
၅။ ၁၃၇၉-ခုနှစ် တပေါင်းလပြည့်ကျော် (၁) ရက် (ဝ၂/ဝ၃/၂၀၁၈) နံနက် (၅) နာရီအချိန် သီတဂူအပြည်ပြည်ဆိုင်ရာဝိပသနာအကယ်ဒမီ၌ စစ်ကိုင်း/မန္တလေး/ရန်ကုန်/တောင်ငူရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၌ ပညာသင်ယူနေကြသော စာချ စာသင် သံဃာတော် အပါး (၁၀ဝ၀) တို့အား ဆွမ်းကြီးလောင်းလှူခြင်း။
မွေးနေ့ပွဲ ကျင်းပ ပြီးသည့်နောက် …
၁၃၇၉-ခုနှစ် တပေါင်းလပြည့်ကျော် ၃ ရက်နေ့မှ စ၍ ၁၀ ရက်တိုင်တိုင် သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပသနာအကယ်ဒမီ၌
သီတဂူအဓိပတိဆရာတော်ဘုရားကိုယ်တိုင် မဟာသတိပဋ္ဌာနသုတ္တံကို သင်ပြပို့ချမည်ဖြစ်ပါသည်။
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ B.A, M.A, Ph.D ကျောင်းသားများနှင့် စာချကထိကဆရာတော်များအားလုံး (ခရီးမထွက်ကြဘဲ) သင်တန်းတက်ရောက်ကြပါရန် အသိပေးအကြောင်းကြားပါသည်။
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
We have 27 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈