သီတဂူ ၂၀၁၇ အောက်တိုဘာ ၉
ယနေ့ ဝ၉.၁၀.၂၀၁၇ ရက်နေ့ နံနက် ( ဝ၉ : ဝ၀ )အချိန်တွင် International Legal Company မှ မန်နေဂျာ Mr. Vladimir Kuzneztsov ဦးဆောင်သော ဥပဒေအကြံပေးအဖွဲ့သည် ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးထံသို့ လာရောက်ဖူးမြော် တွေ့ဆုံကာ မြန်မာထေရဝါဒ ဗုဒ္ဓဘာသာအသင်း ဖွဲ့စည်း မှတ်ပုံတင်ရေးနှင့် ရွှေစည်းခုံစေတီတော် တည်ဆောက်ရေး ကိစ္စရပ်များကို ရုရှားနိုင်ငံ တည်ဆဲဥပဒေများနှင့်အညီ အောင်မြင်ဖြစ်မြောက်ရေးအတွက် ဥပဒေရေးရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီး ဆောက်ရွက်လျက်နေမှုများအား လျှောက်ထားတင်ပြခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ဗုဒ္ဓစင်တာ(မော်စကို)မှ ဆရာတော်များဖြစ်သော အရှင်အစ္ဆရိယ၊ အရှင်နန္ဒမာလာလင်္ကာရတို့နှင့်အတူ ရုရှားနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကိုကိုရှိန်၊ စစ်သံမှူး ဗိုလ်မျူးချုပ်ညွန့်ဆွေ တို့တက်ရောက်ခဲ့ကြပြီး ဗိုလ်မှူးကျော်မြတ်သူမှ စကားပြန် အဖြစ်ဆောင်ရွက်ခဲ့ပါသည်။
ကျေးဇူးတော်ရှင် သီတဂူဆရာတော် ဘုရားကြီးသည် သက်တော် ၈၀ အရွယ်တော်ရှိပြီဖြစ်သော်လည်း ပြည်တွင်း ပြည်ပ ဗုဒ္ဓသာသနာပြု လုပ်ငန်: များကို ယခုကဲ့သို့ မနေမနားကြိုးစားလျက်ရှိတော်မူပုံကို ကြည်ညိုသဒ္ဓါ ပွားနိုင်ကြစေရန် ဖြစ်ပါတယ်ခင်ဗျာ။
သတင်း-ဗုဒ္ဓစင်တာ(မော်စကို)MTL
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
We have 15 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈