သီတဂူ ၂၀၁၇ အောက်တိုဘာ ၉
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ သာသနာပြုခရီး ကြွရောက်တော်မူလာသော သီတဂူဆရာတော်ဘုရားကြီးသည် ယနေ့ ဝ၈.၁၀.၂၀၁၇ တနင်္ဂနွေနေ့ မော်စကိုစံတော်ချိန် ည(၂၀ : ၃၀ )နာရီတွင် မော်စကိုမြို့ Domodedovo လေဆိပ်သို့ ရောက်ရှိတော်မူရာ ဗုဒ္ဓစင်တာ(မော်စကို)မှ အရှင်အစ္ဆရိယ၊ အရှင် နန္ဒမာလာလင်္ကာရ ၊ မြန်မာသံအမတ်ကြီး ဦးကိုကိုရှိန်၊စစ်သံမှူး ဗိုလ်မှူးချုပ်ညွန့်ဆွေ တို့နှင့် ရှုရှားနိုင်ငံရှိ ပညာတော်သင် မြန်မာကျောင်းသားများမှ ခရီးဦးကြိုဆို ဂါရဝပြုကြပါသည်။
ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီးသည် ရုရှားနိုင်ငံ မော်စကိုမြို့တော်တွင် ရွှေစည်းခုံပုံတူစေတီတော်တည်ထားရေး လုပ်ငန်းများအတွက် ကြွရောက်လာတော်မူခြင်းဖြစ်ပြီး ဝ၉.၁၀.၂၀၁၇ (တနင်္လာနေ့) တွင် ရုရှားလူမျိုး ဗုဒ္ဓဘာသာဝင်များ၊ လေ့လာလိုသူများအတွက် တရားသဘင်ကို ဗုဒ္ဓစင်တာ(မော်စကို) ၌ လည်းကောင်း၊ ၁၀.၁၀.၂၀၁၇ (အင်္ဂါနေ့) တွင် ရုရှားနိုင်ငံရောက် မြန်မာပညာတော်သင် သင်တန်းသားများအတွက် အထူးတရားသဘင်အား MPEI တက္ကသိုလ် ခန်းမဆောင်ကြီး၌ လည်းကောင်း ဆင်ယင်ကျင်းပကာ တရားရေအေးများ တိုက်ကျွေးဟောကြားတော်မူမည်ဖြစ်ပါသည်။
သတင်း - ဗုဒ္ဓစင်တာ(မော်စကို)MTL
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
We have 13 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈