ရက်စွဲ၊ ၃၊ ၉၊ ၂၀၁၇
ငြိမ်းချမ်းရေးကို လိုလားကြကုန်သော ပြည်သူအပေါင်းတို့ ၂၅၊ ၈၊၂၀၁၇မှ ယနေ့ထိ ရခိုင် ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော မွတ်စလင်အစွန်းရောက်တို့၏ အကြမ်းဖက်သောင်းကြမ်းမှု့ များကြောင့်-
၁။ ကျေးရွာအုပ်စုပေါင်း ၃၁ အုပ်စု
၂။ ကျေးရွာပေါင်း ၅၁ ရွာ မီးရှို့ခံရပြီး ပျက်စီးဆုံးရှုံးခဲ့ပါသည်။
၃။ အရပ်သားစုစုပေါင်း ၂၈ ဦး သေဆုံးခဲ့ပြီးဖြစ်သည်။
၄။ အရပ်သား ၆ ဦး ပျောက်ဆုံးနေပါသည်။
၅။ မွတ်စလင်ç ဟိန္ဒူç ဗုဒ္ဓဘာသာဝင်များ၏ အိမ်ပေါင်း ၆၁၂၆ လုံး မီးလောင်ဆုံးရှုံး ခဲ့ပါသည်။
၆။ တပ်စခန်းပေါင်း ၂ ခု ပျက်စီးခဲ့သည်။
၇။ ဘာသာç သာသနာအဆောက်အဦးပေါင်း ၆၈ လုံး ပျက်စီးခဲ့ပြီးဖြစ်သည်။
၈။ ဈေးဆိုင်ပေါင်း ၃၁၅ ဆိုင် ဖျက်ဆီးမီးရှို့ခံခဲ့ရသည်။
၉။ မော်တော်ယာဉ်ပေါင်း ၁၇၄ စီး ဖျက်စီးမီးရှို့ခံရသည်။ ထိုသို့ဖြစ်ခြင်းကြောင့် သီတဂူဆရာတော် ဦးဆောင်သော သီတဂူသာသနာပြုအဖွဲ့က လူမျိုးမရွေး ဘာသာမရွေး ဒုက္ခသည် အားလုံးတို့အား ကူညီစောင့်ရှောက် ထောက်ပံ့သောအလုပ်ကို ၂၀ဝ၈ ခုနှစ် နာဂစ်မုန်တိုင်း ကာလက ကဲ့သို့ ကူညီစောင့်ရှောက် ထောက်ပံ့သွားမည် ဖြစ်ပါကြောင်း ကြေငြာပါသည်။ လှူဒါန်းလိုသော ပုဂ္ဂိုလ်များ အဝတ်အထည်ç ဆန်ç ဆီç ပဲနှင့်ငါးခြောက်၊ အိမ်မိုးသွပ်ç နို့ဆီç ငါးသေတ္တာç ခေါက်ဆွဲ ခြောက်နှင့် အလှူ ငွေများ လှူဒါန်းနိုင်ပြီဖြစ်ပါသည်။
ဆက်သွယ်လှူဒါန်းရန် ဌာနများ-
၁။ သီတဂူဝိပဿနာအကယ်ဒမီ ဌာနချုပ် ဒေါက်တာသုန္ဒရ ဖုန်း -ဝ၉ ၄၃၄၃၂၅၀ဝ
၂။သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဌာနချုပ် ဦးကောဝိဒ (အုပ်ချုပ်ရေးမှူး) ဖုန်း- ဝ၉ ၅၁၂၀၃၂၂
၃။သီတဂူ အာယုဒါနဆေးရုံတော် စစ်ကိုင်း ဌာနချုပ် ဒေါက်တာသေဋ္ဌိလ(အုပ်ချုပ်ရေးမှူး) ဖုန်း- ဝ၉ ၂၅၉၁၄၇၄၄၆
၅။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ရန်ကုန်ဌာနချုပ် ဒေါက်တာကောဝိဒသိရီ ဖုန်း- ဝ၉ ၄၅ ၇၇၇ ၁၃၁၃
၆။ သီတဂူသာသနာပြုအဖွဲ့ ရုံးအဖွဲ့မှူး ဦးကျော်ရှိန် ဖုန်း- ဝ၉ ၄၀ဝ၅၁၀၃၃၃
* လူမျိုးရေး ဘာသာရေး ပဋိပက္ခဖြစ်အောင် လှုံ့ဆော်သူ အားလုံးတို့ကို ပြင်းထန်စွာ ရှုံ့ချသည်။ ဆူပူသောင်းကြမ်း အကြမ်းဖက်မှု့အားလုံးတို့ကို ပြင်းထန်စွာ ရှုံ့ချသည်။
* ကရုဏာတရားဟူသည် ဒုက္ခရောက်သူတို့ကို မြင်ရကြားရလျှင် စိတ်နှလုံးဝယ် တုန်လှုပ်စွာ ခံစား ရသည်။ ဒုက္ခရောက်၍ အားကိုးရာမဲ့နေသူတို့ကို ကြည့်ရှုစောင့်ရှောက်ခြင်းသည် ကရုဏာ၏ ဒဿန ဖြစ်သည်။
မှတ်ချက်-
ရခိုင်ဒုက္ခသည်များ ကူညီစောင့်ရှောက်ရန် ရံပုံငွေအတွက် သီတဂူဆရာတော်က ကျပ်ငွေ သိန်း(၁၀ဝ၀) မတည်လှူဒါန်းသည်။
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
We have 14 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈