သီတဂူ ၂၀၁၇ သြဂုတ် ၁၃
ထိုင်းနိုင်ငံသို့ရောက်ရှိနေသော သီတဂူဆရာတော်ကြီးသည် ထိုင်းနိုင်ငံသံဃရာဇာအလောင်းအလျာ ဆရာတော်ကြီးတစ်ပါးဖြစ်သော ဆုန်မ်ဒိတ်ဖရာ့ဇိနဝံသ သီတင်းသုံးရာ ဝပ်ဖိချိုင်းယသိကာရမ်ဘုန်းကြီးကျောင်းသို့ သွားရာက်သတင်းမေးကြည့်ရှုတော်မူပါသည်။
ဆရာတော်ကြီး ဆုန်မ်ဒိတ်ဖရာ့ဇိနဝံသ သည် ချင်းမိုင်မြို့ဝပ်ဆိုင်းမွန်းကျောင်း မြန်မာကျောင်းထိုင်ဘုန်းကြီး ပြန်လည်ရရှိရေးကြိုးပမ်းရာတွင် အဓိကအခန်းကဏ္ဏမှ သီတဂူဆရာတော်ကြီးဦးဆောင်သောမြန်မာအဖွဲ့အား ကူညီပေးခဲ့ပါသည်။ ထိုင်းဆရာတော်ကြီး၏ အကူအညီများသည်မြန်မာလူမျိုးနှင့်မြန်မာ့သာသနာအတွက် အရေးပါသဖြင့် ကျေးဇူးကြီးလှပါသည်။
ထို့အပြင် ဆရာတော်ကြီးဆုန်မ်ဒိတ်ဖရာ့ဇိနဝံသ သည် ထိုင်းနိုင်ငံဗုဒ္ဓမွန်ထွန်းအရပ်ရှိကမ္ဘာ့အကြီးဆုံး ဗုဒ္ဓစင်တာ၊ ဗုဒ္ဓကျေးရွာ တည်ဆောက်မှုလုပ်ငန်းများ၏ဦးဆောင်နာယကဖြစ်သည့်အပြင် ထိုင်းနိုင်ငံရှိအခြားအရေးကြီးသော ဗုဒ္ဓသာသနာတိုးတက်ရေးလုပ်ငန်းများကိုလည်း လမ်းပြသွန်သင်နေသောဆရာတော်ကြီးဖြစ်သည်။
ယခုအခါ ထိုဆရာတော်ကြီးသည် သက်တော် ရ၇ နှစ်ရှိကာ ကျောက်ကပ်နှင့်နှလုံးအတွက် ဆေးကုသမှုမပြတ်ခံယူနေရသဖြင့် သီတဂူဆရာတော်ကြီးက သတင်းမေးမေတ္တာပို့ရန်ကြွရောက်ခြင်းဖြစ်ပါသည်။
သီတဂူဆရာတော်ကြီးက ဆရာတော်ကြီးဆုန်မ်ဒိတ်ဖရာ့ဇိနဝံသ အား ကျန်းမာစေရန်နှင့်သာသနာအကျိုးပြုလုပ်ငန်းများတွင် အသက် ၁၀၀ တိုင်အောင် ပါဝင်လုပ်ဆောင်နိုင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သသလို ထိုင်းဆရာတော်ကြီးကလည်းသီတဂူဆရာတော်ကြီးအား ရိုသေစွာဖြင့်ပြန်လည်မေတ္တာပို့သ သလို အယုဒ္ဓယခေတ်ရှေးဟောင်းအုတ်ခွက်ဆင်းတုတော်တစ်ဆူ ကပ်လှူပါသည်။
နေရပ်မတူသော်ငြား သာသနာ့ညီအစ်ကိုဆရာတော်ကြီးများ အတူတကွချစ်ကြည်ရင်းနှီးစွာ လက်တွဲပြီးသာသနာရေးလုပ်ငန်းများကိုလုပ်ဆောင်ကြသည်ကို ကြည်ညိုသဒ္ဓါပွားများစေရန်ရည်သန်လျက် ဖော်ပြအပ်ပါသည်။
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
We have 14 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈