Gazette

ဗုဒ္ဓနေ့ သီတဂူဆရာတော် ရဟန်းတော်များ တာဝန်ကြီး လေးရပ် မိန့်ကြား

Yala Jetwin၂၀၁၇ မေ ၁၀

ဒီနေ့သာသနာတော်နေ့(၂၅၆၁)ခုနှစ်ရဲ့
ကဆုန်လဆန်း(၁၄)ရက် ဖြစ်ပါတယ်။

၂၅၆၁- ဆိုတာ မြတ်စွာဘုရားပရိနိဗ္ဗာန်စံပြီးတဲ့နောက် ဖြစ်ပေါ်လာတဲ့နှစ်တွေကို ရေတွက်တာဖြစ်ပါတယ်။

မြတ်စွာဘုရားမွေးဖွားသည်မှာနောက်ဆိုလို့ရှိရင်တော့ ၂၆၄၁-နှစ်ဖြစ်ပါတယ်။ 

ဒီကနေ့ခေတ်လူတို့ကို သက္ကရာဇ်ကို

ရေတွက်တဲ့အခါမှာ မွေးတဲ့နှစ်က စရေတွက်သလို ဗုဒ္ဓနှစ်ကိုလည်းပဲ မွေးတဲ့နှစ်ကစပြီး ရေတွက်ရင်ကောင်းမယ်။

ဒါပေမယ့် ဒီကနေ့ ဗုဒ္ဓဘာသာတစ်ခုလုံးသုံးတဲ့ ခုနှစ်သက္ကရာဇ်က မူလ မွေးသည်မှ စရေတွက်တာ မဟုတ်ပဲ ဗုဒ္ဓပရိနိဗ္ဗာန်စံပြီးတဲ့နောက် ကိုရေတွက်တာ ဖြစ်နေပါတယ်။

အဲ့ဒါကြောင့် ဗုဒ္ဓရဲ့မွေးဖွားသည်မှနောက်
ဒီကနေ့ ၂၆၄၁-ခုနှစ် ရောက်ပါပြီ။
ပရိနိဗ္ဗာန်စံပြီးသည်မှာနောက်ဆိုလို့ ရှိရင်
၂၅၆၁-ခုနှစ်ရောက်ပါပြီ။ 

ဒီကနေ့ ဗုဒ္ဓသာသနာတော်ရဲ့ အခြေအနေဟာ အတိုချုံးပြောရမယ်ဆိုလို့ ရှိရင် 

အကြပ်အတည်းနှစ်မျိုးနဲ့ ရင်ဆိုင်နေရတဲ့ အနေအထားမှာရှိပါတယ်။ အကြပ်အတည်း(၁)ခုက အခြားဘာသာဝင်တို့ရဲ့
အရှိန်အဟုန်နဲ့ ချဲ့ထွင်နေခြင်း ထိုးဖောက်နေခြင်းတို့ကို ဒီကနေ့ ဗုဒ္ဓဘာသာနိုင်ငံအသီးသီး ထေရဝါဒရော မဟာယာနပါ
ကြံကြံခံနိုင်တဲ့စွမ်းအား နည်းနေကြပါပြီ။

ကြံကြံခံနိုင်တဲ့စွမ်းအား မရှိဘူးလို့တော့ မဆိုလိုပါဘူး။ ဒါပေမယ့် နည်းသွားပြီ။ဘာကြောင့်ပြောနိုင်သလဲဆိုရင် 

ဝင်္ဂတိုင်းဟာ ဘင်္ဂလားဒေရှ်.ဖြစ်သွားတာကို ကြည့်ပါ။
ကန္တာရတိုင်းဟာ ပါကစ္စတန်တို့ အာဖကန်နစ္စတန်တို့
ဖြစ်သွားတာကို ကြည့်ပါ။ယောနက-တိုင်းကလည်းပဲ ဥဇဘက်ကစ္စတန်တို့ တာဂျစ်ကစ္စတန်တို့ တူရကီတို့ ဖြစ်သွားတဲ့အနေအထား ရှိပါတယ်။ 

ဗုဒ္ဓဘာသာဟာ ကမ္ဘာကို ဥရောပ၊အမေရိက၊ အာရှတိုင်းပြည်အသီးသီးကို စိမ့်ပြီးတော့ ဝင်ရောက်တယ်ဆိုတာဟာ အလွန်သေးငယ်တဲ့ ရေစိမ့်ပေါက်ကလေးက
ရေလေးဟာ တစက်စက်စိမ့်သလို စိမ့်နေတာဖြစ်ပါတယ်။

အရှိန်အဟုန်နဲ့ စိမ့်ပြီးတော့ ဝင်ရောက်နိုင်စွမ်း မရှိပါဘူး။

အဲ့ဒီတော့ ဒီလောက်ကြာလာတဲ့နှစ်တွေ အတွင်းမှာ နိဗ္ဗာန်စံပြီးသည်မှာနောက်ဆိုလို့ ရှိရင်တော့ ၂၅၆၁-ခုနှစ်ကာလအတွင်းမှာ ဗုဒ္ဓရဲ့ ဓမ္မအင်ပါယာ-ကြီးဟာ
တဖြည်းဖြည်း ကျဉ်းမြောင်းလာတာကို တွေ့ရပါတယ်။ 

ဘုရားပရိနိဗ္ဗာန်စံပြီးသည့်နောက် နှစ်၂၃၆- သီရိဓမ္မာအသောက ဖြန့်တဲ့အချိန်တုန်းကဆိုရင် အာရှတိုက်ကြီး တစ်ခုလုံးလောက်နီးနီး တစ်ခုလုံးလို့ပဲ ဆိုကြပါစို့။Buddhist Empire ကြီး
ဖြစ်ခဲ့တာ။ ဗုဒ္ဓဘာသာ ပထဝီဝင်နဲ့ ဗုဒ္ဓသာသနာသမိုင်း ဘာသာရေး သမိုင်းတို့ကို လေ့လာသူတိုင်း သိရှိနားလည်နိုင်ပါတယ်။ 

ဘာကြောင့်လဲဆိုတော့ သီရိဓမ္မာအသောကမင်းကြီး ဗုဒ္ဓဘာသာ ဖြန့်ချီတဲ့အခါမှာ
ဖြန့်ချီတဲ့အချိန် သာသနာနှစ် ၂၃၀-၄၀ လောက် အချိန်တုန်းက ဗုဒ္ဓဘာသာနဲ့အပြိုင် တခြားဘာသာတွေဟာ မပေါ်ပေါက်သေးပါဘူး။

Jesus တို့ Mohamadတို့ မမွေးသေးပါဘူး။အဲ့ဒါကြောင့် ဗုဒ္ဓဘာသာရဲ့ အရှိန်အဟုန်ဟာ မြောက်သို့လည်းကောင်း
အနောက်သို့လည်းကောင်း စိမ့်ဝင်ထိုးဖောက် ဝင်ရောက်တဲ့ အင်အား အရှိန်အဟုန်ဟာ အလွန်ကောင်းတယ်။ 

ဒီကနေ့ ဗုဒ္ဓဘာသာရဲ့ အရှိန်အဟုန်ဟာ မိမိတို့ရဲ့ ဗုဒ္ဓဘာသာနယ်မြေမှာပင်လျှင် အင်နဲ့အားနဲ့ ကြံကြံခံပြီးတော့
ထိန်းနိုင်တဲ့စွမ်းအားဟာ တဖြည်းဖြည်းလျော့လာပြီလို့ ထင်မြင်ယူဆမိပါတယ်။

အဲ့ဒါကြောင့် ဗုဒ္ဓနေ့အခန်းအနားမှာ ဗုဒ္ဓဘာသာဝင်အားလုံး အသိ ပညာ ကြီးစွာထားပြီးတော့ ဗုဒ္ဓသာသနာ့ လုပ်ငန်းတွေကို ဆောင်ရွက်ကြဖို့ တိုက်တွန်းပါလိုပါတယ်။ 

ဗုဒ္ဓသာသနာလုပ်ငန်းများဆိုရာမှာလည်းပဲ
များများကြီးတော့ မပြောလိုပါဘူး။
(၄)ခုလောက် ပြောလိုပါတယ်။
To conserve the Buddha teaching သို့မဟုတ်ရင်လည်းပဲ
To preserve the Buddha teaching ပေါ့။
As talk by the Buddha himself.မြတ်ဗုဒ္ဓဟောတော်မူတဲ့အတိုင်း
ဗုဒ္ဓရဲ့ဓမ္မတွေကို မူရင်းမပျက် ထိန်းသိမ်းစောင့်ရှောက်နိုင်ကြဖို့ အရေးကြီးပါတယ်။
မူရင်းမပျက်ထိန်းသိမ်းစောင့်ရှောက်ရမယ် စောင့်ရှောက်ကြရမယ်ဆိုတဲ့
နေရာမှာ ဗုဒ္ဓသာသနာတော်ရဲ့ အစအဦးပိုင်းက ဗုဒ္ဓရဲ့ အဆုံးအမတွေကို ရှေးဟောင်းရဟန္တာမထေရ်ကြီးတွေက
နှုတ်တိုက်အာဂုံဆောင်ကြတဲ့ ခေတ်တစ်ခေတ်ဟာ အလွန်ထွန်းကားခဲ့တယ်။
သာသနာနှစ်၄၀၀-နဲ့ ၅၀၀- လောက်ထိ ထွန်းကားခဲ့ပါတယ်။

အဲ့ဒီနောက်ကျတော့ သမာဓိအားပေါ့လေ သတိအားတွေ
နည်းပါးလာတဲ့အတွက်ကြောင့်မို့လို့ နှုတ်ဆောင်ထိန်းသိမ်းတဲ့
ခေတ်တစ်ခေတ်ဟာ ပျောက်ဆုံးလို့ မတတ်ဖြစ်ပြီးတော့
ပေပေါ်မှာရေးပြီးတော့ ထိန်းသိမ်းစောင့်ရှောက်ရတဲ့ခေတ်တစ်ခေတ်ကို
ရောက်ခဲ့ပါတယ်။ဗုဒ္ဓရဲ့ အဆုံးအမတွေကို ပေပေါ်မှာထိန်းသိမ်းစောင့်ရှောက်တဲ့
ခေတ်တုန်းကဆိုလို့ရှိရင် အဲ့ဒီပေရွက်ပေါ်မှာ သံကညစ်ကလေးတွေနဲ့
ဒီနိကာယ်ငါးရပ် ပိဋကတ်သုံးပုံစာတွေကို ရေးသားတော်မူကြတဲ့
ဗမာ၊ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊သီဟိုဠ်၊
ရှေးဟောင်းဆရာတော် ဘုရားကြီးတွေရဲ့ အမျော်အမြင်ကြီးမားပုံ
အနာဂတ်ကို မျော်မြင်တတ်မှု ဇွဲလုံ့လ ဝီရိယ ကြီးမားမှုတွေဟာ
ကြည်ညိုလို့ မဆုံးနိုင်အောင် အံသြဖွယ်ရာ
ရှိခဲ့တယ်ဆိုတာကို ပေရွက်တွေက ဖော်ပြနေပါတယ်။ 

အဲ့ဒါကြောင့် ဒီကနေ့ဗုဒ္ဓသာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်ကြမယ့်
သံဃာတော်များနဲ့ ဒကာဒကာမတွေဟာ ရှေးဆရာတော်ကြီးတွေရဲ့
သဒ္ဓါ ဝီရိယ လုံ့လ ပညာ ဓီတိ ဒီဂုဏ်တွေကို အလေးအနက်ကြည်ညိုကြပြီးတော့
မိမိတို့ကိုယ်တိုင်လည်းပဲ သဒ္ဓါ ဝီရိယ သတိ ဓီတိ-ဆိုတဲ့
အရည်အချင်းများ မိမိတို့ရဲ့နှလုံးသားမှာ ပြည့်စုံအောင်
ကြိုးစားကြဖို့ ဒီကနေ့အလေးအနက်တိုက်တွန်းလိုပါတယ်။ 

ဒီကနေ့ခေတ်ပိဋကတ်သုံးပုံကို ထိန်းသိမ်းစောင့်ရှောက်တဲ့နေရာမှာကတော့
Computer တို့ hard disk တို့ Ipad တို့ Iphone တို့
ခေတ်မှီတဲ့နည်းပညာ စနစ်တွေနဲ့ ထိန်းကြတယ်။
သာသနာကြံကြံခို်င်ရေး ကြာရှည်စွာတည်တံရေးတို့အတွက်
အကျိုးကျေးဇူး အတော်အတန်များတယ်ဆိုတာ
လက်ခံယုံကြည်ပါတယ် pessimistic point of viewကကြည့်ရင်တော့
သိပ္ပံပညာရဲ့ ထွန်းကားခြင်းကို ဆန့်ကျင်ဘက်ပြောလို့ခြင်းမဟုတ်ပါဘူး။
သိပ္ပံပညာနည်းပညာတွေ Technologies တွေ ထွန်းကားလာတာဟာ
advantagesတွေ လောကမှာ အများကြီးရှိသိလို Disadvantages
ဆိုတဲ့အကျိုးမဲ့မှုတွေ အများကြီး ရှိနေတယ်ဆိုတာကို
အားလုံးသတိပြုကြဖို့ လိုပေလိမ့်မယ်။ 

အဲ့ဒါကြောင့်သာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်တော်မူကြတဲ့
သံဃာတော်များနဲ့ သာသနာတော်ကို မြတ်နိုးတဲ့ ဒကာဒကာမတွေဟာ
သာသနာတော်ကို ကွန်ပြူတာထဲမှာထည့်ထားရင် ပြီးရောဆိုပြီးတော့
စိတ်ထဲမှာကျေနပ်မနေကြပဲနဲ့
နံပါတ်(၁)ကတော့ Preservation of Buddha Teaching
နှလုံးသားထဲမှာ ထိန်းသိမ်းကြပါ။
နံပါတ်(၂)ကတော့ Promotion of Buddha Teaching ရရှိထားပြီးသော
သင်ကြားထားပြီးသော တတ်မြောက်ထားပြီးသော
ဗုဒ္ဓရဲ့အဆုံးအမတွေကို တိုးတက်ပြီးတော့ တိုးမြင့်ပြီးတော့
ကျယ်ကျယ်ပြန့်ပြန့် လေးလေးနက်နက်နားလည်အောင်
သင်ကြားကြပါလို့လည်း တိုက်တွန်းလိုပါတယ်။
သင်ကြားရုံနဲ့လည်း မပြီးသေးပါဘူး။
လက်တွေ့ကျင့်သုံးဖို့ရန်လည်း တိုက်တွန်းပါတယ်။
လက်တွေ့ကျင့်သုံးရုံနဲ့လည်း မပြီးသေးပါဘူး။
တတ်သိနားလည်ဖို့ရန်လည်းပဲ အားလုံးကို တိုက်တွန်းလို့ပါတယ်။
ဒါ့ကြောင့် Not only to be learn, but also to practice
into practice, in to be realized လို့ ဒီသုံးချက်ကို
အလေးအနက်ထား ပြီးတော့ ပြောလိုပါတယ်။

နောက်တစ်ခုကတော့ ဒီကနေ့မ္ဘာကြီးဟာ
အထူးသဖြင့် သိပ္ပံပညာနဲ့နည်းပညာထွန်းကားပြီးတော့ စက်မှုလက်မှု
ပညာတွေ စီးပွားရေးပညာတွေ အမြင့်ဆုံးအဆင့်သို့ ရောက်နေတဲ့
ဒီကနေ့ ကမ္ဘာမှာ အဲ့ဒီအဆင့်မြင့်တဲ့ လူသားတွေကိုယ်တိုင်က
ရေငတ်သလိုပဲ သူတို့မှာ တဏှာ၊လောဘရဲ့
လှုံ့ဆော်မှုကြောင့် သူတို့ရေငတ်နေကြတယ်။
အဲ့ဒါကို Thirsty Craving လို့ ဆိုပါတယ်။ 

ကမ္ဘာသူ ကမ္ဘာသားတွေ Never Satisfied Nothing Satisfied
ဘယ်လောက်ပဲ ရရ၊ဘာကိုမှ ကျေနပ်နိုင်စွမ်း မရှိပဲ၊
ကျေနပ်အားရခြင်း မဖြစ်ကြပဲနဲ့ နှလုံးစိတ်ဝမ်းမှာ ပူပန်နေကြတဲ့
ပူပန်မှုကို ငြိမ်းချမ်းအောင်လုပ်ပေးနိုင်တဲ့အရာဟာ
ဗုဒ္ဓရဲ့အဆုံးအမပဲဖြစ်တယ်ဆိုတာကို အနောက်တိုင်းပညာရှင်
ခပ်များများလည်း လက်ခံထားပြီးသားဖြစ်ပါတယ်။
အဲ့ဒါကြောင့် တတိယအရေးကြီးတဲ့ အလုပ် လုပ်ဖို့က
To propagate the Buddha Teaching ဗုဒ္ဓရဲ့အဆုံးအမတွေကို
ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက် မိမိတို့ သင်ကြားလေ့ကျင့်ထားတဲ့
ဗုဒ္ဓရဲ့ အဆုံးအမတွေကို ရေငတ်သလို ငတ်နေတဲ့ လူသားတွေရဲ့
နှလုံးသားထဲကို ဗုဒ္ဓအဆုံးအမ တစ်လုံးတစ်ပါဒ ရောက်လိုက်ရင်
သူတို့ အငတ်ပြေ အဆာပြေပြီးတော့ Satisfied
ကျေနပ်နှစ်သိမ့်သွားကြလိမ့်မယ်လို့ ဒီလို ဒို့များ ယုံကြည်မိတယ်။ 

အဲ့ဒါကြောင့် သာသနာပြုလုပ်ငန်းကြီးမှာ အဓိကကျတာ
နိဂုံးချုပ်ပြောရမယ်ဆိုလို့ရှိရင် (၄)ခုရှိပါတယ်။
(1)Preservation of conservation of the Buddhism
ဗုဒ္ဓဘာသာကို ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်း၊
(2)Propagation of the Buddha teaching
ဗုဒ္ဓအဆုံးအမကို ဖြန့်ချီခြင်းဆိုတဲ့ လုပ်ငန်း၊
(3)Promotion of the Buddha Teaching
ဗုဒ္ဓအဆုံးအမကို တိုးမြင့်ခြင်း၊အဆင့်အတန်းမြင့်အောင် သင်ကြားပို့ချခြင်း
ဖြန့်ချီခြင်းဆိုတဲ့ လုပ်ငန်း၊ 

(4)ပို၍အရေးကြီးတာကတော့ တစိမ့်စိမ့်နဲ့ တခြားဘာသာတွေ
စိမ့်ဝင်လာလို့ ကျဉ်းမြောင်းလာပြီဖြစ်တဲ့ ဗုဒ္ဓနိုင်ငံတော်ကြီးကို
ထိန်းသိမ်းစောင့်ရှောက် ကာကွယ်ခြင်းဆိုတဲ့
Protection of the Buddha teaching
သာသနာ့တာဝန်ကြီး လေးရပ်ကို အင်တိုက်အားတိုက်
(၁) သံဃာတော်များ
(၂)ကတော့ တိုင်းသူပြည်သားများ
(၃)ကတော့ နိုင်ငံတော် အစိုးရအဖွဲ့များ
(၄)ကတော့ နိုင်ငံတော်အစိုးရရဲ့ လက်အောက်မှာရှိတဲ့
တပ်မတော်များ
အဲ့ဒီ အင်အားကြီး လေးရပ်တို့က သာသနာတော်ရဲ့ တာဝန်ကြီး(၄)ရပ်ကို
တက်ညီ လက်ညီ အားလုံးထမ်းဆောင်သွားကြပါ- ဆိုတဲ့အကြောင်း
ထမ်းဆောင်သွားနိုင်ကြပါစေဆိုတဲ့အကြောင်းကို
သီရိလင်္ကာဗုဒ္ဓနေ့အခမ်းအနားကို တက်ရောက်နေဆဲဖြစ်တဲ့
ဆရာတော်အနေနဲ့ ဗုဒ္ဓနေ့နှုတ်ခွန်းဆက်စကားကို
မိန့်ကြားလိုက်ရပါတယ်။

အားလုံးဗုဒ္ဓသာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်
နိုင်ကြပါစေကုန်သတည်း။

ကျေးဇူးတော်ရှင်သီတဂူဆရာတော်ဘုရားကြီး
(၀၉.၀၅.၂၀၁၇)

ဤတရားတော်ကို Pay Thoe ဓမ္မဒါနပြုသည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org 

gazette-106

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 6 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈