ယုဂန္ဓာ ၂၀၁၇ ဧပြီ ၂၅
ဒီကနေ့ (၂၅-၄-၂၀၁၇) မနက် ၁၀: ၂၀ ယုဂန္ဓာ သမ္မတရုံးမှာ သမ္မတကြီး၊ ဒုသမ္မတ ဝန်ကြီးများနှင့် တွေ့ဆုံကြပါတယ်။
နှစ်နိုင်ငံချစ်ကြည်ရေး အကြောင်း ဗုဒ္ဓဘာသာခေါင်းဆောင်များဟာ လူသားတွေအတွက် စိတ်ဓာတ်ဖွံဖြိုးရေးသာမက ကိုယ်ခန္ဓာကျန်းမာရေး ဖွံ့ဖြိုးရေးအတွက်ပါ ပြုလုပ်နေကြောင်း၊ ယုဂန္ဓာနိုင်ငံမှာ ဗုဒ္ဓဘာသာကျောင်း စတင်နေပြီး မြန်မာနိုင်ငံမှာကဲ့သို့ ဆေးရုံတွေ စာသင်ကျောင်းတွေ ဖြစ်ပေါ်လာမှာ ဖြစ်ကြောင်း ဆွေးနွေးပါသည်။
ဆရာတော်ကြီးက ဒုသမ္မတအား ဗုဒ္ဓရုပ်ပွားဆင်းတုနှင့် သီတဂူက ထုတ်ဝေသော စာအုပ်များ လက်ဆောင်ပေးပါသည်။
လောက အမြတ်ဆုံး ဗုဒ္ဓက ယုဂန္ဓာနိုင်ငံသို့ ကြွလာပြီ ဖြစ်ကြောင်း မိန့်ပါသည်။
Group ဓာတ်ပုံရိုက်ဖို့ သမ္မတရုံးရှေ့သို့ စုဝေးစဉ် သမ္မတကြီးပါ ရောက်လာ၍ မိတ်ဆက်စကားပြော ဓာတ်ပုံ ရိုက်ကြသည်။ ပွဲကား အလွန်ကြီးကျယ်တဲ့ပွဲဖြစ်သွားသည်။ ယုဂန္ဓာ သာသနာပြု အရှင်ဗုဒ္ဓရက္ခိတလည်း ဂုဏ်မြင့်၊ ပို၍ လူသိ ကမ္ဘာက အာရုံစိုက်သွားပါတော့သည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
We have 8 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈