၁-၁-၂၀၁၇
ဒို့တိုင်းပြည် ပြန်လည်ထူထောင်ရေးအတွက် အင်အားကြီး(၄)ရပ် ညီညွတ်တဲ့ အတွက်ကြောင့် စိတ်ပူပန်စရာမရှိပါဘူး။
နိုင်ငံတော်ကို ခြိမ်းခြောက်လာတဲ့ အန္တရာယ်တွေကို ကာကွယ်တဲ့နေရာမှာလည်း ဒီအင်အားကြီး(၄)ရပ်သာ ညီညွတ်နေမယ်ဆိုရင် အန္တရာယ်ဘယ်လောက်လာလာ ခုခံကာကွယ်နိုင်ကြမှာပဲ ဖြစ်ပါတယ်။
မြတ်ဗုဒ္ဓ က အားလုံးညီညီညွတ်ညွတ် လုပ်ကြရင် ချမ်းသာမယ်တဲ့။ ကွဲကွဲပြားပြားလုပ်ရင်တော့ ချမ်းသာမှုမရနိုင်ဘူး၊ တိုးတက်မှုမရနိုင်ဘူး။ ဗုဒ္ဓပွင့်တာ ချမ်းသာပေမယ့် သံဃာတော်တွေ မညီညွတ်ရင် ဗုဒ္ဓသာသနာမှာ ချမ်းသာမှုမရနိုင်ဘူး။ မြတ်စွာဘုရား တရားဟောတာ ချမ်းသာတယ်လို့ ဘယ်လိုပဲပြောပြော တရားနာတဲ့ ပုဂ္ဂိုလ်တွေ မညီညွတ်ရင် မချမ်းသာ နိုင်ဘူး။
ဗုဒ္ဓနဲ့ဓမ္မကို ကြည်ညိုကြ တဲ့ ပြည်သူတွေရယ်၊ သံဃာတော်တွေရယ်၊ နိုင်ငံတော် အစိုးရရယ်၊ တပ်မတော်ရယ် ဒီလေးဦးက ကုလားထိုင်ကြီးမှာ လေးချောင်းထောက် သလို၊ တညီတညွတ်တည်းအားလုံး ကိုင်းကို ကျွန်းမှီသလို ကျွန်းကိုကိုင်းမှီပြီးတော့ အပြန်အလှန်မှီခိုပြီး သွားကြမယ်ဆိုရင် ဒို့တိုင်းပြည်အတွက် ဒုက္ခရောက်စရာ ဘာမှမရှိဘူး။
ဒို့တိုင်းပြည်အတွက် ကြီးပွားတိုးတက်ဖို့နဲ့ အန္တရာယ်မှန်သမျှကို ကာကွယ်နိုင်ဖို့ပဲဖြစ်မှာပါ။ ဒါကြောင့် အားလုံးညီညီ ညွတ်ညွတ်နဲ့ ဝိုင်းဝန်းဆောင်ရွက်ကြ ပါလို့ နှစ်သစ်မှာ ဆုတောင်းပါတယ်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
We have 10 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈