သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)မှာ သီတဂူအဓိပတိဆရာတော်ကြီး ပို့ချခဲ့သည့် “ကမ္ဘာ့ကိုးကွယ်ရာဘာသာကြီးများ၏ နိဒါန်း” စာအုပ် ထွက်ပြီ။
ထိုစာအုပ်သည် စာမျက်နှာ ၃၅၀ ပါ၍ ဆိုက်ကြီးဖြစ်သည်၊
ခေါင်းစဉ် (ပို့ချချက်)ပေါင်း ၂၂ ခုပါ၀င်သည်။
ကိုးကွယ်ခြင်းဘာသာများ စတင်ပေါ်ပေါက်လာပုံ၊ အလွန်ရှေးကျသော ဇိုရိုစတာ (Zoroasterism)၊ အီရန်နိုင်ငံနှင့်ကိုးကွယ်သော ဘာသာ၊ ဘာသာရေးခေါင်းဆောင်တို့ နိုင်ငံ၏ အကြီးအကဲဖြစ်ပုံ၊ ဗုဒ္ဓနှင့်ခေတ်ပြိုင် ဂျိန်းဘာသာ၊ ခရစ်ယန်ဘာသာ စတင်လာပုံ၊ အစ္စလာမ်ဘာသာ ပေါ်ထွန်းလာပုံ၊ အစ္စလာမ်တို့၏ကိုရ်ကျမ်းနှင့် ဂျီဟက်၊ အစ္စလာမ်တမာန်တော်နှင့် ဂိုဏ်းကွဲများ၊ ဘေဘီလုံနှင့် ဟီဘရူးဘာသာအကြောင်း၊ ဂျူး။ ခရစ်ယန်နှင့် အစ္စလာမ်တို့ရဲ့ စံပြ အေဗရာဟန်၊ ဂျေးစက် မွေးဖွာရာ၊ အသက်ခံရာနေရာ၊ ဂျေးစက် အမေ စိန့်မေရီ ပျိုစစ်စစ်လား၊ ခရစ်ယန်တို့ သမ္မာကျမ်းစာ ကျမ်းသစ် ကျမ်းဟောင်းတို့အကြောင်း၊ ဂျေးစက်၏ တပည့်ကြီး ၁၂ ယောက်နှင့် အရေးပါသော တပည့်ကြီး စိန့်ပီတာ၊ ခရစ်ယန်တို့၏ ပညတ်တော် ၁၀ချက်အကြောင်းတို့ကို သမိုင်းရှုထောင့်၊ ပထဝီဝင်ရှုထောင့်၊ စာပေရှုထောင့်၊ အတွေးခေါ်ရှုထောင့်စသည်ဖြင့် ထောင့်ပေါင်းစုံမှ ပို့ချထားပါသည်။ ထို့ပြင် ဘာသာတရားအားလုံးတို့ကို မြတ်ဗုဒ္ဓ၏ဓမ္မ (ပိဋကတ်တော်)ဖြင့် နှိုင်းယှဉ် လေ့လာထားသည်မှာလည်း ပို၍ပို၍ စိတ်ဝင်စားစရာ ကောင်းလှပါသည်။
စာပေနှင့် အကြားအမြင် ဗဟုသုတတို့ကို လေ့လာဆည်းပူးတို့အတွက် လက်ကိုင်ထားသင့်သော စာအုပ်ကောင်းတစ်အုပ် ဖြစ်ကြောင်း အာမခံပါသည်။
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
ဖုန်း။ ။ ၀၁ ၅၈၁ ရ၇၇၊ ၀၁ ၅၈၁ ၈၈၈
"သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ"
သီတဂူသာသနာပြုအဖွဲ့
www.thsitagu.org
We have 3 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈