သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၂
အစ္စရေးနိုင်ငံရောက် ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီးသည် ၁၂-၉-၂၀၁၆ ရက်နေ့၊ Israel နိုင်ငံ Jerusalem မြို ့တွင် Israel နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဌာနမှ တာဝန်ယူ၍ World Council of Religious Leaders မှ September လ 11th - 15th 2016 ရက်နေ့ အတွင်း ကြီး မှူး ကျင်းပသော Israel-Asia Ancient Traditions Contemporary Realities Inter Faith Leaders Meeting သို့ တက်ရောက်ပါသည်။
ယနေ့ ၁၂ ရက်နေ့ မနက်ပိုင်းတွင် Israel နိုင်ငံ သမ္မတ HE Reuven Rubi Rivlin ၏ နေအိမ်၌ Conference ဖွင့်ပွဲ အခမ်းအနားကို တက်ရောက်ပါသည်။ ယခု conference တွင် Israel, India, China, Taiwan, South Korea, Japan, Canada, USA နိုင်ငံတို ့မှ ဘာသာရေးခေါင်းဆောင်များနှင့် မိမိတို ့ မြန်မာနိုင်ငံမှ သီတဂူဆရာတော်ကြီးတို ့ တက်ရောက်လာကြပါသည်။ သမ္မတအိမ်တော်တွင် ကျင်းပသော အစည်းအဝေးဖွင့်ပွဲအပြီးတွင် အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနသို့ ကြွရောက်ပါသည်။
သီတဂူဆရာတော်ကြီးနှင့်အတူ မြန်မာနိုင်ငံမှ သီတဂူအရှင်ဥက္ကံသ၊ သီတဂူဦးကျော်မိုးနိုင်၊ သီတဂူကိုအောင်သန်းဝင်းတို့က လိုက်ပါသွားကြပါသည်။ အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမောင်မောင်လင်းနှင့်ဇနီးဦးဆောင်သော မြန်မာသံရုံးမိသားစုဝင်များက နေ့ဆွမ်း အလုပ်အကျွေးပြုစုကြပြီး အစ္စရေးနိုင်ငံဆိုင်ရာ ဒုတိယစစ်သံမှူး ဗိုလ်မှူးအောင်ကိုကိုဦးက ဆရာတော်ကြီး၏ PSO အဖြစ် လိုက်ပါဆောင်ရွက်ပေးပါသည်။
"သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ"
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
We have 13 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈