သီတဂူ ၂၀၁၆ စက်တင်ဘာလ ၅
ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးသည် ၅-၉-၂၀၁၆ ရက်နေ့့ နေ့လည်ခင်း ၂းဝဝ နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တကွ အစိုးရအဖွဲ့ဝင်များကို သြဝါဒကထာ ချီးမြှင့်ပေးခဲ့ပါသည်။
ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင် နှင့်အဖွဲ့သည် စစ်ကိုင်း သီတဂူကမ႓ာ့ဗုဒ္ဓတက္ကသိုလ်သို့ နံနက် ၁၁း၃၀ အချိန်တွင်ရောက်ရှိကြပြီး သီတဂူကမ႓ာ့ဗုဒ္ဓတက္ကသိုလ်နှင့် သီတဂူအာယုဒါနဆေးရုံတော်ကို လှည့်လည်ကြည့်ရှုကြပါသည်။
သီတဂူကမ႓ာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) ဒုတိယပါမောက္ခချုပ် ဒေါက်တာအရှင်ကုမာရက ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင် နှင့်အဖွဲ့ကို သီတဂူကမ႓ာ့ဗုဒ္ဓတက္ကသိုလ်နှင့် သီတဂူအာယုဒါနဆေးရုံတော် လိုက်လံပြသပေးပြီး အာယုဒါနဆေးရုံတော် ဆေးရုံအုပ်ကြီး ဒေါက်တာခင်မောင်ဇော်နှင့် လက်ထောက်ဆေးရုံအုပ် ဒေါက်တာမိမိခင်တို့မှ ဆေးရုံနှင့်ပတ်သက်သည်များကို ရှင်းလင်းပြောပြပေးခဲ့ကြပါသည်။
"သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ"
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
We have 10 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈