သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁
မနေ့က (31-8-2016)
Interfaith Dialogue "ဘာသာပေါင်းစုံနှီးနှောဖလှယ်ပွဲ"
တွင်မိန့်ကြားသော သီတဂူဆရာတော်ဘုရားကြီး၏ မိန့်ခွန်း
Kempinski Hotel,Nay Pyi Taw (31.8.2016)
အားလုံးကျေးဇူးတင်ပါတယ်။ဗမာလိုပြောပါမယ်။ဒီကနေ့ မနက်ခင်း အလွန်ချစ်စရာကောင်းတဲ့ ဘာသာရေးညီအစ်ကိုမောင်နှမတွေအားလုံး နေပြည်တော်ဆိုတဲ့အရပ် ဒါပေမယ့် ဒီ Conference ဟာ ပင်လုံ-ဆိုတဲ့ နာမည်အောက်မှာပဲ ရှိလိမ့်မယ်ထင်တယ်။
ဘုန်းကြီးမနေ့က ညနေကမှ သိတယ်။ပင်လုံ ကွန်ဖရင့်-ဆိုလို့ အကုန်
ပင်လုံ-သွားကြတော့မယ်ထင်တာ
မဟုတ်ဘူး အခုတော့ နေပြည်တော် conference -ဖြစ်နေတာ။
အဲ့ဒီတော့ နေပြည်တော် conference မှာတွေ့ကြတဲ့ ညီအစ်ကို
မောင်နှမတွေကို ဘုန်းကြီးက ရှေးဦးစွာ
ဘာပြောမလဲဆိုလို့ ရှိရင်
ဟိုး ၁၉၈၂-ခုနှစ်တုန်းက
အင်္ဂလန်ကိုသွားတုန်းက အင်္ဂလန် Oxford နားက
Waltham st lawrence
ဆိုတဲ့ ရွာကလေးတစ်ရွာက Church မှာ
ရိုမန်ကတ်သလစ်ဘုန်းတော်ကြီးတစ်ပါး
မနက်ခင်း(၉)နာရီကနေ (၁၀)ရီလောက်ထိ
ခေါင်းလောင်းတလူလူထိုးတယ်။
(၁၀)နာရီလောက်ကြတော့
အဘိုးကြီးအဖွားကြီး(၃၀)လောက် သူတို့ Church ထဲမှာ စုမိတယ်။
ရွာထဲက ကလေးသူငယ် လူငယ် လူရွယ်တွေ တစ်ယောက်မှာမလာဘူး။
အဲ့ဒီရွာမှာ ဘုန်းကြီးက အင်္ဂလိပ်စာသင်တုန်းရောက်တာ။
အင်္ဂလိပ်စာသင်ချင်လို့ ဗမာမရှိတဲ့နေရာသွားနေတာ။ပြောချင်တာက
ဘာလဲဆိုတော့ လူကြိးအဘိုးကြီး(၃၀)လောက်ကို ခရစ်ယာန်ဘုန်းကြီးက
တရားဟောတယ်။ ပြီးတော့ သူက ဘုန်းကြီးဆီရောက်လာတယ်။
ဘုန်းကြီးက အဘိုးကြီး အဘွားကြီးနောက်ကနေ
ထိုင်ပီးတော့ သူဟောတာ နားစွင့်နေတာ။
ပြီးတော့ သူကမေးတယ်။ မင်းဘယ်ကလဲ? ဗမာပြည်က။ ဘာလာလုပ်လဲ? အင်္ဂလိပ်စာ လာသင်တာ။
အဲ့ဒါကြောင့်မင်းတို့ Church မှာဟောတာပြောတာ
ငါလာထောင်နေတာ။
ဘုန်းကြီးက သူ့ကိုပြန်မေးတယ်။
မင်းတစ်မနက်လုံးခေါင်းလောင်းထိုးတယ်။
အိမ်ခြေ(၈၀၀)လောက်ရှိတဲ့ ရွာတစ်ရွာမှာ လူ(၄၀)လောက်ပဲ လာတယ်။
အဘိုးကြီးအဘွားကြီးပဲ လာတယ်။လူငယ်တွေ မလာဘူး။
အဲ့ဒါဘာဖြစ်တာလဲဆိုတော့။ခရစ်ယာန်ဘုန်းကြီးက ပြန်ပြောတယ်
Today in the west the young generations are struggling from to be liberated from religion .
အလွန်စိုးရိမ်စရာကောင်းတယ်။ဒီကနေ့ အနောက်တိုင်းက ကလေးတွေဟာ
ဘာသာရေးက လွတ်မြောက်ဖို့
အကုန်လုံး ရုန်းကန်နေကြပြီ ကြိုးစားနေကြပြီ။
အားလုံးသောဘာသာရေး ညီအစ်ကိုမောင်နှမများ ဘာသာတရားတိုင်းမှာ
အဲ့ဒီဒုက္ခကို ရင်ဆိုင်နေရပါတယ်။ အဲ့ဒီပြဿနာကို အားလုံးရင်ဆိုင်နေကြတယ်။
အဲ့ဒါကြောင့် အားလုံးကို ရှေးဦးစွာ တိုက်တွန်းချင်ပါတယ်။
ဘာသာရေး
ခေါင်းဆောင်တွေ အားလုံး မိမိတို့ရဲ့ ဘာသာရေးနောက်လိုက်များကို
ဗုဒ္ဓဘာသာအပါအဝင် ဘယ်ဘာသာဝင်မဆို မိမိတို့ဘာသာတရားရဲ့
အဓိပ္ပာယ်မှန်တဲ့ အနှစ်သာရ ဒီကနေ့ လူငယ်တွေ သိရှိနားလည်အောင်
နည်းမျိုးစုံနဲ့ စည်းရုံးရေးနည်းစနစ်မျိုးစုံနဲ့ နေရာမျိုးစုံမှာ စာအုပ်ပြုစု၍
ထုတ်ဝေပြီးတော့ သင်ကြားပေးကြပါဆိုတာကို
ရှေးဦးစွာ တိုက်တွန်းလိုပါတယ်။
နောင်မကြခင်သော နှစ် (၁၀၀) (၂၀၀)လောက်ကြရင် ဘုန်းကြီးက
အနာဂတ်ကိုမျှော်ပြီးတော့ စဉ်းစားကြည့်တယ်။
ဒီကမ္ဘာကြီးဟာ ဘာသာမဲ့ကမ္ဘာကြီး
ဖြစ်သွားစရာ အကြောင်းရှိတယ်။ဗုဒ္ဓဘာသာဝင်တွေမှာလည်း
တဖြည်းဖြည်းလူငယ်တွေဟာ Science and techonology ပေါ့၊
သိပ္ပံပညာနဲ့နည်းပညာ ထွန်းကားလာသည်နှင့်အမျှ သူက လတွေ
နေတွေ အထိ တက်တော့ ဘာသာရေးနှင့် ယဉ်ကျေးမှုကတော့
တဖြည်းဖြည်းနဲ့ Underground
ရောက်တော့မယ့် အနေအထားမှာ ရှိတယ်။
အဲ့ဒါကြောင့်
ဘာသာရေးခေါင်းဆောင်များအားလုံး မိမိတို့ရဲ့
ဘာသာရေးနောက်လိုက်တွေကို
မိမိတို့သက်ဆိုင်ရာ ဘာသာတရားရဲ့
အနှစ်သာရကို သိရှိနားလည်အောင်
သင်ကြားပေးကြပါ။ သင်ကြားတဲ့နည်းစနစ်ကို လုပ်ကိုင်ကြပါ။
ဘုန်းကြီးတို့ နေ့တိုင်းဗမာပြည်အနှံ့ ညစဉ်တရားပွဲများဟောသလိုပေါ့
ဒေါက်တာအရှင်ဆေကိန္ဒ အရှင်မြတ်ကလည်း
ကလေးတွေကို နေ့တိုင်း
ဘာသာရေးသင်တန်းပို့ကြသလိုပေါ့။ ခရစ်ယာန်များ အစ္စလာမ်များ
ဟိန္ဒူများ ဂျူးများ ဂျိမ်းများ အားလုံး မိမိတို့
သက်ဆိုင်ရာဘာသာတရားရဲ့အနှစ်သာရကို
ကလေးတွေစိတ်ထဲ ခေါင်းထဲရောက်အောင် သင်ကြားပေးကြပါ။
ပဋိပက္ခဖြစ်ခြင်းရဲ့အကြောင်းအရင်းတွေများစွာထဲက တစ်ခုဟာ ဒီအကြောင်းပါတယ်။
ဘာသာတရားအသီးသီးရှိတဲ့အထဲက ဘာသာဝင်အချို့ဟာ
မိမိတို့ဘာသာတရားရဲ့ အနှစ်သာရ အဓိပ္ပာယ်မှန်ကို နားမလည်ကြတာဟာ
ဘာသာရေးပဋိပက္ခဖြစ်ခြင်းရဲ့အကြောင်းတစ်ပါးဖြစ်ပါတယ်လို့
အဲ့ဒါကိုရှေးဦးစွာ တိုက်တွန်းလို့ ဒါတွေကို ဘယ်လိုသင်ကြားပေးကြမလဲ။
အဲ့ဒါနဲ့တစ်ဆက်ထဲ
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးက အခုဘုန်းကြီးတို့နဲ့ ရှိတယ်။
ဘုန်းကြီးက အလေးအနက်တိုက်တွန်းတောင်းဆိုလိုပါတယ်။
စနစ်တကျ ကျောင်းတိုင်းကျောင်းတိုင်း
နိုင်ငံတော်အစိုးရရဲ့ကျောင်းတိုင်း ကျောင်းတိုင်းမှာ
စင်္ကပူနိုင်ငံမှာသင်ကြားနေကြတာကို ဒကာကြီးတို့အားလုံး သိလိမ့်မယ်။
နိုင်ငံတစ်ခုမှာ ရှိတဲ့ နိုင်ငံသားတဲ့ ကိုးကွယ်တဲ့ဘာသာတရားအားလုံးကို
ကိုက်လျော်သောနည်းစနစ်နဲ့ သင်ကြားပို့ချတဲ့ နည်းစနစ် syllabus တို့ ရေးပြီးတော့ ခရစ်ယာန်ကျောင်းသားရော အစ္စလာမ်ကျောင်းသားရော
ဟိန္ဒူကျောင်းသားရော ဗုဒ္ဓကျောင်းသားရော ခရစ်ယာန်ဘာသာ အစ္စလာမ်ဘာသာ ဟိန္ဒူဘာသာ ဘာသာတရားအားလုံးကို မည်သည့်ဘာသာဝင်တွေက
မည်သည့်ကျောင်းမှာမဆို အကုန်လုံးသင်ကြားပေးဖို့ ဒါဒီကနေ့
ဘုန်းကြီးတို့အလေးအနက် တောင်းပန်းတယ် တိုက်တွန်းတယ်။
လူတွေကို ဘာသာတရားတစ်ခုမှ ဘာသာတရားတစ်ခုသို့ ပြောင်းလဲဖို့
ဒါစည်းရုံးတဲ့နည်းစနစ်မဟုတ်ပါဘူး။အချင်းချင်းအပြန်အလှန်နားလည်မှု
အချင်းချင်း အပြန်အလှန်မိတ်ဆွေဖြစ်ဖို့
mutual friendship and mutual understanding အဲ့ဒါကို
စနစ်တကျတည်ဆောက်ဖို့ရန်ဆိုလို့ ရှိရင်
လူသားတိုင်းသည် ဘယ်ဘာသာကိုပဲ ကိုးကွယ်ကိုးကွယ် ကမ္ဘာမှာရှိတဲ့ ဘာသာတရားတိုင်းရဲ့
အနှစ်သာရအစစ်အမှန်ကို အားလုံးနားလည်ဖို့ လိုပါတယ်။
အဲ့ဒါကြောင့်မို့လို့ ကျောင်းတိုင်းမှာ ဘာသာတရားတိုင်းကို
သင်ရိုးညွှန်းတန်းတစ်ခုပြုလုပ်၍
သင်ကြားပြဋ္ဌာန်းပေးပါရန် ဘုန်းကြီးတောင်းဆိုတယ်။
ဘောလုံးပွဲတွေမှာ ဘောလုံးကန်လို့ရှိရင် ဘုန်းကြီးတို့ ရံခါတွေ့တယ်။
Extra time ဆိုတာလေးတွေ့တယ်။အဲ့ဒီတော့ ဘုန်းကြီးလည်း
Extra Time လေးရရင်ောတ့ ကောင်းမှာပဲ။(ဆရာတော်ကြီးမှ ပြုံးရယ်လျှက်)
နောက်တစ်ခုက ဘာပြောမလဲဆိုလို့ ရှိရင် အိမ်တစ်အိမ်မှာ
လင်မယားချင်းရန်ဖြစ်ကြတယ်။သူတို့နှစ်ယောက် ချစ်လို့ခင်လို့ပေါင်းတာ။
သူတို့ဖြစ်ကြတာရန်ပွဲ။ပေါင်းတုန်းကလည်းချစ်လို့ပေါင်းတယ်။
ချစ်လွန်းအားကြီးရင် ရန်ဖြစ်တယ်ဆိုတဲ့ ဥပဒေသတစ်ခုကိုတော့
အားလုံးလက်ခံထားပါ။
ဒီကနေ့ပြည်ထောင်စု မြန်မာနိုင်ငံတော်မှာ
လူမျိုးစုပေါင်း(၁၀၀)ကျော် ဘာသာမျိုးပေါင်း(၇)ခု (၈)ခုလောက်နေကြတယ်။
ချစ်လွန်းလို့ထင်ပါရဲ့ မကြာမကြာ ရန်ဖြစ်ကြတယ်။အဲ့ဒီတော့ အိမ်တစ်အိမ်မှာ
လင်မယားနှစ်ယောက်ရန်ဖြစ်ရင် အဲ့ဒီလင်ရော မယားရော နှစ်ယောက်စလုံး
အိမ်ရှေ့ထွက်ပြီး "ဟေး တို့ လင်မယားနှစ်ယောက် ရန်ဖြစ်ကြတာ
လမ်းပေါ်က လူတွေ လာကြစမ်းပါ တို့ဖြေရှင်းပေးကြစမ်းပါ "
ဆိုရင် အဲ့ဒါက သဘာကြတာ မဟုတ်ဘူး။
သူတို့နှစ်ယောက်ချစ်လို့ပေါင်းလာတာ ဘယ်နေရာဘယ်ချောင်းကြားက
စပြီး ဘယ်လိုရည်စားထားတယ်ဆိုတာ ဘယ်သူမှမသိဘူး။
လမ်းပေါ်သွားနေတဲ့ သူတွေ မသိဘူး။အဲ့ဒါကြောင့်ကိုယ့်အိမ်အတွင်းမှာ
ဖြစ်တဲ့ရန်ပွဲကို ကိုယ့်လင်မယားအချင်းချင်းဖြေရှင်းရမယ်။
အဲ့ဒါ ဘုန်းကြီးရဲ့ ခံယူချက်တစ်ခုဖြစ်ပါတယ်။
သူတို့အချင်းချင်းတည့်လာတာ
(1)သည်းခံခြင်း(forbearance)
(2)ခွင့်လွတ်ခြင်း(forgiveness)
နောက်တစ်ခု(3)forgetfullness တစ်ယောက်တစ်ယောက်ဘာတွေပဲ
မှားမှား အမှားရှိရင် တစ်ယောက်ကိုတစ်ယောက်က အပြန်အလှန်
တစ်ယောက်ရဲ့ အမှားအယွင်းကို တစ်ယောက်က (၁)သည်းခံ ၊(၂)ကတော့
ခွင့်လွတ် (၃)ကတော့ အဲ့ဒီအမှားတွေကို
တစ်ယောက်က တစ်ယောက်ကိုမေ့ပျောက်ရမယ်။
ခွင့်လည်းမလွတ်နိုင်ဘူး၊ သည်းလည်းမခံနိုင်ဘူး၊
တစ်စုံတစ်ခုသောအမှားကို
တစ်စုံတစ်ယောက်သောသူက
တစ်ယောက်သောသူရဲ့အမှားကို တစ်ယောက်သောသူက
မမေ့နိုင်ဘူး ဒါကိုပဲမှတ်ထားမယ်ဆိုလို့ ရှိရင် ဒီရန်ပွဲဟာ ဘယ်တော့မှ
ငြိမ်းမှာ မဟုတ်ပါဘူး။အဲ့ဒါကြောင့် ရန်ပွဲငြိမ်းဖို့ရန် အကောင်းဆုံးကတော့
မေ့ကြပါ။ အမှားအယွင်းများရှိရင် မေ့ကြပါ။
ရန်ဖြစ်တာလေးကို သည်းခံ ခွင့်လွတ်ခြင်းနှင့်ဖြေဖျောက်ကြပါ။
သီဟိုရ်ကျွန်းက ဘိက္ခုနာရဒဆရာတော်ဘုရားကြီးကရေးတဲ့
စာတစ်ပုဒ် ဘုန်းကြီးတို့ဖတ်တယ်။
စာကြောင်းလေးတစ်ကြောင်းကြိုက်လို့ ကျက်ထားတယ်
All of the Fightings , all of the conflicts, any kind of
the violence are due to the selfishness .
ဖြစ်သမျှ ရန်ပွဲတွေ ပဋိပက္ခတွေ တိုက်ခိုက်ခြင်းတွေဟာ
တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်ဓာတ်ကြောင့်ဖြစ်တာလို့
သီဟိုရ်က နာရဒဆရာတော်ဘုရားကြီး
ရေးဖူးပါတယ်။အဲ့ဒါကြောင့် အားလုံးဒီကနေ့
နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေးနဲ့ညီညွတ်ရေးကိုတည်ဆောက်တဲ့
ဒီကနေ့အခါမှာ
အားလုံးသောတိုင်းရင်းသားညီအစ်ကိုမောင်နှမများ
အားလုံးသောဘာသာရေးခေါင်းဆောင်
ညီအစ်ကိုမောင်နှမတတွေကိုပြောချင်တာက
"ငါ" ဆိုတာကို ဘယ်နေရာမှာမှ
ရှေ့တန်းမတင်ကြပါနဲ့ ငါတိုတဲ့စိတ်ဓာတ် selfishness-စိတ်ဓာတ်ကို
အကုန်လုံးလျှော့ပြီးတော့ attention
တွေကိုလျှော့ပြီးတော့ တည်ငြိမ်ရေးနဲ့ငြိမ်ချမ်းရေးအတွက်
ဝိုင်းဝန်းပြီးတော့ ဘာသာရေးခေါင်းဆောင်တွေ
ဝိုင်းဝန်းပြီးတော့ တည်ဆောက်ကြဖို့
ဘုန်းကြီးတို့ အလေးအနက်တိုက်တွန်းတယ် အဲ့ဒါတစ်ချက်။
တစ်ချက်ကဘာပြောမလဲဆိုရင် လင်မယားချင်းဖြစ်တဲ့
အိမ်တွင်းရေးပဋိပက္ခ
လင်မယားချင်းဖြေရှင်းတာ အကောင်းဆုံးဆိုတာနဲ့ပတ်သက်လို့
သာဓကလေးတစ်ခုကို နည်းနည်းလေးပြောပြပေးပါမယ်။ဒီကနေ့
အရှေ့အလယ်ပိုင်း ဆီးရီးယားကိစ္စ
အီရတ်ကိစ္စ နိုင်ငံတကာဝင်ပြီးတော့ ဖြေရှင်းနေကြတယ်။
ဆီးရီးယားပဋိပက္ခ အီရတ်ပဋိပက္ခ အာဖဂန်နစ္စတန်ပဋိပက္ခ
နိုင်ငံတကာက ဝင်ပြီးတော့ ဖြေရှင်းနေကြတယ်
အင်အားကြီးတဲ့နိုင်ငံကြီးတွေ ဝင်ပြီးတော့
ဖြေရှင်းနေကြတယ်။
ဒကာကြီး
ဘန်ကီမွန်းလက်ပိုက်ပြီး ဒီတိုင်းကြည့်နေရတယ်
ဘာမှ လုပ်လို့မရဘူး။အဲ့ဒီလိုတွေဖြေရှင်းပြီး နေ့စဉ်တိုက်ပွဲတွေ ပြင်းထန်
အဲ့ဒီတော့ အကျိုးဆက်က ဘာလဲဆိုတော့ သတ်တာနဲ့ သေတာပဲ
အကျိုးဆက်ကျန်ခဲ့တယ်။ပြည်ထောင်စု မြန်မာနိုင်ငံတိုင်းရင်းသားမောင်နှမတွေ
ဒီအချက်ကိုအလေးအနက် သတိပြုကြရင်ကောင်းတယ်လို့
ဒီအချက်ကို ဘုန်းကြီးကဒီနေရာကနေ တိုက်တွန်းတယ်။
အဲ့ဒီနိုင်ငံတွေမှာ တိုက်လိုက်တဲ့ တိုက်ပွဲတွေ ထွက်ပြေးကုန်ကြတယ်။
စစ်ဘေးရှောင် ထွက်ပြေးကုန်ကြတယ်။ထွက်ပြေးတဲ့ အဲ့ဒီစစ်ပြေးရှောင်
ပုဂ္ဂိုလ်တွေဘယ်ရောက်ကုန်လဲဆိုတော့ Europe ကိုရောက်ကုန်တယ်။
Europe ကခေါင်းဆောင်ကြီး ဂျာမဏီက ဒကာမကြီး အန်ဂျလာမာကယ်
သနားဖို့ကောင်းတယ် ။ကိုယ်ချင်းစာ သနားတဲ့
စိတ်ဓာတ်အပြည့်အဝမွေးထားတဲ့ ဒီအဖွားကြီး Human Rightရှု့ထောင့်ကကြည့်ပြီးတော့
လာသမျှစစ်ပြေးတွေအကုန်လုံး လက်ခံတယ်။သူက ဥရောပရောက်လာတော့ ဝေပေးတယ်။ဒက်ရှ်က ဒီလောက်ယူပါ ဒိန်းမတ်က ဒီလောက်ယူပါ။
ဘယ်လဂျီယံက ဘယ်လောက်ယူပါ ပြင်သစ်ကဘယ်လောက်ယူပါ
အင်္ဂလန်ကဘယ်လောက်ယူပါ အင်္ဂလန်ကတဖြည်းဖြည်းနဲ့များလာတယ်။
ဟေ့ မင်းတို့ယူဖို့အဆင်မပြေတော့ဘူးဆိုပြီး ဖြစ်တာ။
သနားသဖြင့်ကယ်တင်စောင့်ရှောက်ခြင်း Human right လူတွေရဲ့
ပင်ကိုယ်ရပိုင်ခွင့်အခွင့်အရေး ကိုကြည့်ပြီးတော့
စောင့်ရှောက်ထောက်ပံ့တာ အဲ့ဒီ စစ်ဘေးရှောင်ကြတဲ့ Immigrants
တွေနဲ့အတူ Terrorists တွေရောပါလာတယ်။
အဲ့ဒါ သိပ်သတိထားရမယ့်အချက်တွေ
ဖြစ်ပါတယ်။Terrorists ရောပါသွားလို့
ဥရောပတခွင့်လုံး ပြင်သစ် ဘယ်လဂျီယံ
ဂျာမဏီ တစ်ဘုန်းဘုန်းနဲ့ ဗုံးတွေခွဲပြီး လူတွေ တဖွဲဖွဲသေတာ။
အဲ့ဒါကြောင့်တိုတိုပြောရမယ်ဆိုလို့ရှိရင်
ပြဿနာတစ်ခုကိုဖြေရှင်းတဲ့နေရာမှာ
Human Right ဆိုတဲ့ ရှု့ထောင့်တစ်ခုတည်းက
ဖြေရှင်းလို့ ပြဿနာအားလုံး
မပြေလည်နိုင်ဘူး ဆိုတဲ့ကိစ္စမှာ အဲ့ဒီတော့
စစ်ဘေးစစ်ဒဏ်တွေကိုလည်းကြည့်ရမယ်
economic standpoint စီးပွားရေးရှု့ထောင့်က ကြည့်ရမယ်။
ဘာသာရေးရှု့ထောင့်က ကြည့်ရမယ်။
လူမှုရေးရှု့ထောင့်က ကြည့်ရမယ်။
ကြည့်ရမယ့် ရှု့ထောင့်မျိုးစုံရှိပါတယ်။ဘုန်းကြီးတို့
အရှေ့အာရှ ဒီကနေ့ဖြစ်နေတာ
တစ်နိုင်ငံကနေ တစ်နိုင်ငံလူတွေ ခိုးဝင်ခြင်းဆိုတာ အဓိကဆင်းရဲတာ စစ်ကြောင့်မဟုတ်ဘူး။
ဆင်းရဲတာက အဓိကကျတယ်။ ဒါကြောင့်
Poverty ဒီကိစ္စကို အဓိကထားပြီးဆွေးနွေးပါ။
ဗမာနိုင်ငံက ဗမာလူငယ်တွေ ထိုင်းမှာ(၄)သန်းလောက် မလေးရှားမှာ
(၄)သန်းလောက်ရောက်နေတယ်။
တခြားတိုင်းပြည်တွေမှာ (၁)သန်းလောက်ရှိမှာပေါ့
ဗမာ့သားကောင်းသမီးကောင်းတွေ
(၁)သန်းလောက် တိုင်းပြည်ပြင်ဘက်ရောက်တာ
တိုင်းပြည်ဆင်းရဲလို့ ဘင်္ဂလားဒေရှ့်က ဘင်္ဂါလီတွေ ဗမာထဲဝင်လာတာ
နိုင်ငံရေး ဘာသာရေး ရည်ရွယ်ချက်သူတို့မှာ ဘာမှ မပါဘူး တိုင်းပြည်ဆင်းရဲတာ။
အဲ့ဒီတော့Economical Poverty စီးပွားရေးက ချွတ်ခြံုကျလို့ ဆင်းရဲတာက Educational Povertyပါ ပညာရေးပါဆင်းရဲရော။
Educational Poverty ဖြစ်ရင် mentally Character
ရောသွားကြည့် ကိုယ်ကျင့်တရားတွေရော
စိတ်ဓာတ်တွေရော ဆင်းရဲမွဲတေတာတွေ ဖြစ်ကုန်ရော။
အဲ့ဒါကြောင့် ကုလသမဂ္ဂအကြီးအမူးကြီးနှင့်တကွ
ညီအစ်ကိုမောင်နှမအားလုံးကို
ဒီကနေ့တောင်းပန်ချင်တာက
ဆင်းရဲမွဲတေခြင်း အဓိကထား၍ ဖြေရှင်းကြပါမယ်လို့အကြောင်းကို
ဒီကနေ့ဘုန်းြပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာကီးတို့ အလေးအနက် တောင်းပန်ချင်တယ်။
တိုက်တွန်းလိုပါတယ်။ဘုန်းကြီးရဲ့အချိန်စေ့ပါပြီ။
ကဲ အားလုံးကို ကျေးဇူးတင်ပါတယ်။
"သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ"
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
We have 8 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈