သီတဂူ ၂၀၁၆ သြဂုတ် ၂၅
ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးသည် ၂၅-၈-၂၀၁၆ (ကြာသပတေးနေ့) နံနက် ရးဝဝ နာရီအချိန်တွင် စစ်ကိုင်းမှ ပုဂံသို့ကြွရောက်တော်မူသည်။
၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၂၄)ရက်နေ့ မြန်မာစံတော်ချိန် (၁၇)နာရီ (၀၄)မိနစ် (၅၅)စက္ကန့်အချိန်တွင် မန္တလေး မြေငလျင် စခန်းမှ အနောက်တောင်ဘက် (၁၂၃)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ချောက်မြိ့ု၏ အနောက်ဘက် (၁၂)မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၆.၈)အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင် တစ်ခုလှုပ်ရှားသွားသောကြောင့် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့ရှိ ဘုရားစေတီပေါင်း(၁၇၁)ဆူ ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ မြောက်ဦး စစ်ကိုင်းနှင့် အခြား မြို့ရွာများတွင်လည်း အနည်းနှင့်အများ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရကြောင်း စိတ်မကောင်းဖွယ်ရာ သိရှိခဲ့ရပါသည်။ (source-ဦးဇော်ဌေး)
သီတဂူဆရာတော်ကြီးသည် လွန်စွာပင် နှလုံးစိတ်ဝမ်း မချမ်းမသာဖြစ်တော်မူသောကြောင့် ယနေ့နံနက်တွင် ပုဂံဒေသသို့ကြွရောက်တော်မူသည်။ ကနဦးအနေဖြင့် လောကနန္ဒာ စေတီတော်၏ မြေခခဲ့ရသောစိန်ဖူးတော် ပြန်လည်ပြုပြင်ရန်အတွက် ကျပ်ငွေသိန်း-၁၀၀ လှူဒါန်းသွားမည်ဖြစ်ပါသည်။
"သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ"
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
We have 6 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈