Gazette

သီတဂူဆရာတော်အား ချူလာလောင်ကွန်း တက္ကသိုလ်ပါမောက္ခ ဂါရဝပြု

သီတဂူ ၂၀၁၆ မေ ၃၀

သီတဂူရာတော်ကြီးသည် ၃၀-၅-၂၀၁၆ ရက်နေ့ နံနက် ၈:၁၅ နာရီအချိန်မှ စတင်၍ ထိုင်းနိုင်ငံ Chulalongkorn University Professor, Dr. Lowell Dean SKAR ကို လက်ခံတွေ့ဆုံပြီး၊ သိလိုသည့် မေးခွန်းများကို ဖြေကြားပေးခဲ့သည်။

ဆရာတော်ကြီးနှင့် တွေ့ဆုံစဉ် ဆရာတော်ကြီး၏ သာသနာပြုလုပ်ငန်များ၊ လူမှုရေးအကျိုးပြုလုပ်ငန်းများကို ဖတ်ရသောကြောင့် လာရောက် ကိုယ်တိုင်ကိုယ်ကျ လာရောက် သိလိုသောကြောင့် မေးမြန်းရခြင်းဖြစ်ကြောင်း ပရောဖက်ဆာက ပြောကြားခဲ့သည်။ ဆရာတော်ကြီးက ဓမ္မတည်းဟူသော လက်နက်ကို ဆုပ်ကိုင်ကာ နှစ်ပေါင်း ၃၀ ကျော် သာသနာပြု လုပ်ငန်း၊ လူမှုရေးလုပ်ငန်းများလုပ်ကိုင်ခဲ့ကြောင်း၊ လုပ်တဲ့နေရာမှာ Missionary and Ministry ၂ ရပ်ကိုလုပ်ဆောင်ပါကြောင်း MIssionary သာသနာပြုလုပ်ငန်းနေရာမှာ ဘာသာဝင်အသီးသီးဟာ မိမိသက်ဆိုင်သည့် ဘာသာနှင့် တရားဒေသနာတော်များကိုProtect, preserve and promote လုပ်ရပါကြောင်း၊ ဘုန်းကြီးအနေနဲ့ကတော့ ဘာသာအားလုံးဟာ ကိုယ့်ဘာသာအသီးသီး၏ အနှစ်သာရကိုသိပြီး ငြိမ်းချမ်းစွာ အတူနေထိုင်ရေးကိုလည်း အားပေးလျှက်ရှိပါကြောင်း၊ အထောက်အပံ့ဖြစ်စေသည့် အစည်းဝေးများ၊ ဆီမီနာများ အခါအားလျှော်စွာ လုုပ်ပေးလျှက်ရှိပါကြောင်း၊ သို့သော်လည်း ပညာမတတ်သည့်၊ ဆင်းရဲ နိမ့်ပါသည့် အောက်ခြေလူတန်းစားများ များစွာရှိပါကြောင်း၊ အထူးသဖြင့် တဖက်နိုင်ငံမှ အခြေအနေအရပ်ရပ်ကြောင့် မြန်မာနိုင်ငံသို့တရားမဝင် ဝင်ရောက်လျှက်ရှိပါကြောင်း၊ ထိုသူများကြောင့် မလိုလားအပ်တဲ့ ပြဿနာများ ဘုန်းကြီးတို့နိုင်ငံမှာ တက်လျှက်ရှိပါကြောင်း ဆရာတော်ကြီးကရှင်းပြသည်။

ဆရာတော်ကြီးက နိုင်ငံတစ်ခုဟာ စီးပွားရေး၊ လူမှုရေး ဖွင့်လွန်းအားကြီးလျှင်လည်း မကောင်း၊ ပိတ်လွန်းအားကြီးလျှင်လည်း မကောင်းဟု မြင်ပါကြောင်း၊ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးနှင့် ကိုက်ညီသည့် ပေါ်လစီ၊ မူဝါဒများသာ ချမှတ်ကာ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သင့်သည်ဟု ထင်မြင်မိပါကြောင်း ဆရာတော်ကြီးက ရှင်းပြဆွေးနွေးသည်။

ပညာနှင့် ပတ်သက်၍ ပြောကြားလိုသည်မှာ ဗုုဒ္ဓသာသနာတော်အတွက် ခေတ်မီနည်းပညာများ ထွန်းကားလာခြင်း၊ လူမှုရေးတွေ ပြောင်းလဲလာခြင်းသည် ဗုုဒ္ဓဘာသာကိုရေရှည်ထိန်းသိမ်းဖို့ အခက်အခဲ တစ်ခုဖြစ်လာနိုင်ပါကြောင်း၊ ဆရာတော်ကြီးက ရဟန်းသံဃာတော်တွေ၊ ခေတ်လူငယ်တွေ မိမိတို့ဘဝ ပန်းတိုင် မပျောက်အောင်၊ပန်းတိုင်ေရာက်ေအာင် ခေတ်မီ နည်းပညာ၊ ဆိုရှယ်မီဒီယာတွေနဲ့ဘဲ မိမိတို့ ဘဝအသီးသီးကိုအဆုံးမသတ်သင့်ကြောင့်ဟု မြင်မိကြောင်း၊ ခေတ်မီ နည်းပညာ၊ စက်ပစ္စည်းများကိုကောင်းကောင်းအသုံးချပါက ကောင်းစွာအသုံးဝင်ကြောင်းကိုအသိမှတ်ပြုပါကြောင်း ပြောကြားခဲ့ပါသည်။

ဗုုဒ္ဓဘာသာနှင့် ဒီမိုကရေစီအကြောင်းအရာကို မေးရာမှာတော့ ဒီနေရာမှာတော့ ဆရာတော်ကြီးက နာမည်ကြီး သီဟိုလ်ဆရာတော်ကြီး စကားကိုကိုးကားလိုပါကြောင်း ထိုဆရာတော်ကြီးက ပြောကြားသည်မှာ Buddhism is democratically constitued and communally contribute ဗုုဒ္ဓဘာသာဟာ ဒီမိုကရေစီနည်းနည်းကျကျ ဖွဲ့စီးထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး၊ ဘုန်းကံအသီးသီးကြောင့် ဖြစ်ပေါ်လာသော ဒကာ၊ ဒကာမတွေ လှူဒါန်းသည့် ပစ္စည်းများကို အချင်းချင်း ပြန်လည်ဝေငှသုံးစွဲကြောင်း ဆရာတော်ကြီး ရှင်းပြသည်။

ဆရာတော်ကြီးက ဘာသာအသီးသီးမှာ လူငယ်၊ လူရွယ်များသည် ဘာသာရေးနဲ့ ဝေးလိုရာကို သွားနေကြောင်း၊ အရှေ့အလယ်ပိုင်းဆိုဘာသာရေးအစွန်းရောက်တွေ အလွန်များနေကြောင်း၊ လူတွေဟာမိမိတို့ကိုးကွယ်သည့် ဘာသာရေးတွေ ကွယ်ပျောက်လျှင် အဖွဲ့အစည်း၊ နိုင်ငံအတွက် အသီးသီးအတွက် အန္တရာဖြစ်ပါကြောင်း၊ မိမိအတွေ့အကြုံကိုပြောရလျှင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ဝန်ကျင်းက အင်္ဂလန်မှာ အင်္ဂလိပ်စာ သင်ဖို့သွားခဲ့ပါကြောင်း Church ကျောင်းကြီးတွေမှာ လူငယ်တွေ မလာရောက်ပုံ၊ ခရစ်ယာန်ဘုန်းကြီးနဲ့ ဆွေးနွေးစဉ် လူငယ်တွေ ဘာသာရေးနဲ့ ဝေးရာသို့ သွားနေပုံကိုဆွေးနွေးခဲ့ကြောင်း၊ အမေရိကန်လည်း ထိုနည်းတူစွာဖြစ်နေကြောင်း ဘာသာရေးကျောင်းများကို လူမှုရေးလုပ်ငန်းလုပ်နေသည့်နေရာ၊ သီချင်းများဆို၊ အကများ တီးခုံရာ နေရာဟု ထင်မှတ်နေပါကြောင်း၊ ထိုအယူအဆတွေဟာ အရှေ့နိုင်ငံများသို့လည်း ဝင်ရောက်လာပါကြောင်း၊ ထို့ကြောင့် မိမိတို့ဘာသာကိုမဖြစ်နေ ကာကွယ်၊ ထိန်းသိမ်း၊ စောင့်ရှောက်ရမည်ဖြစ်ပါကြောင်း၊ ထိုအယူအဆနဲ့ဘဲ မိမိသည် တက္ကသိုလ် သုံးခု၊ ဆေးရုံ၃၂ ရုံ၊ ကျောင်းခွဲများကိုတည်ထောင်ကာ နိုင်ငံနှင့် လူမျိုးအတွက် Missionary and ministry သာသနာပြုခြင်း၊ တိုင်းပြည်နဲ့ လူမျိုးအတွက် တတ်နိုင်သည့်ဘက်မှ အကျိုးပြုလုပ်ငန်းများကိုလုပ်ဆောင်လျှက်ရှိပါကြောင်း မိန့်ကြား။

"သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ"
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

gazette-266

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 9 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈