စစ်ကိုင်းမြို့၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆောင်ကြီးထဲမှာ ၂၀၁၆ခုနှစ် ဇန္နဝါရီလ ၂၂ ၂၃ ၂၄ရက်နေ့တွေမှာ သုံးရက်တိုင်တိုင်ကျင်းပသွားတဲ့ The World Buddhist Peace Conference ကမ္ဘာ့ဗုဒ္ဓဘာသာ ငြိ်မ်းချမ်းရေးညီလာခံပွဲကြီးကတော့ အံ့မခန်း ကြီးကျယ်ခမ်းနားခဲ့ပါတယ်။
ထိုပွဲကြီးသို့ တကမ္ဘာလုံးရှိ နိုင်ငံပေါင်း ၅၁နိုင်ငံမှ ကိုယ်စားလှယ်၊ လေ့လာသူပေါင်း ၂၀၀ ကျော်နှင့် ပြည်တွင်းရှိ ပညာရှင်ပေါင်း ၂၀၀ ကျော်၊ စုစုပေါင်း ၅၀၀ ခန့်တက်ရောက်ကြပါတယ်။ သုံးရက်တိုင်တိုင် စာတမ်းများတင်သွင်းကြခြင်း၊ ဆွေးနွေးကြခြင်းများကို မနက်ပိုင်း ၈ နာရီကနေ ညနေ ရနာရီအထိ ကျင်းပသွားတာဖြစ်ပါတယ်။ ကမ္ဘာ့ဗုဒ္ဓဘာသာ ငြိမ်းချမ်းရေးညီလာခံလို့ ဆိုပေမဲ့ ထိုညီလာခံကြီးမှာ ခရစ်ယာန်အဖွဲ့၊ အစ္စလာမ်အဖွဲ့၊ ဟိန္ဒူအဖွဲ့၊ ဂျူးစသော ဘာသာရေးခေါင်းဆောင်များလည်း တက်ရောက် စာတမ်းဖတ်ကြားခြင်း၊ ဆွေးနွေးခြင်းများပြုလုပ်ကြသဖြင့် ကမ္ဘာ့ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးညီလာခံပွဲကြီး ဖြစ်ခဲ့ပါတယ်။
ဆွေးနွေးပွဲအပြီး (၂၄)ရက်နေ့ ညနေပိုင်း ရနာရီလောက်မှာ တက်ရောက်လာသူအပေါင်းတို့က တညီတညွတ်ထဲ လက်မှတ်ထိုးပြီး ၁၄ ချက်ပါ သီတဂူငြိမ်းချမ်းရေး ကြေညာစာတမ်းကို ထုတ်ပြန်ပါတယ်။ နောက်ဆုံး မေတ္တာတရားများ ပွားများကြပြီး ည ရ နာရီမှာ အခမ်းအနားပြီးဆုံးသွားပါတယ်။
ညီလာခံကြီး၏ ပထမနေ့ ဖွင့်ပွဲမှာ မြန်မာ့သံဃာ့ရာဇာ (နိုင်ငံတော်သံဃာ့မဟာနာယက ဥက္ကဋ္ဌ ဗန်မော်ဆရာတော်)၊ သီတဂူအဓိပတိ (ညီလာခံကြီးကို ဦးဆောင်)ဆရာတော်၊ ပါမောက္ခချုပ်ဆရာတော်နှင့် ပြည်တွင်းပြည်ပသံဃာတော်များ၊ မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကတော်၊ ပြည်ထောင်စုဝန်ကြီးများ၊ စစ်ကိုင်း၊ မန္တလေး တိုင်းဝန်ကြီးချုပ်များနှင့် အစိုးရအဖွဲ့များ၊ အလှူရှင်များ တက်ရောက်ကြပါတယ်။
ညီလာခံကြီး အောင်မြင်စွာပြီးမြောက်သွားတော့ အားလုံးက ပျော်နေကြပါတယ်၊ နိုင်ငံပေါင်းစုံက မတူညီကြတဲ့ လူမျိုး ဘာသာ အသားအရောင်တွေ တူညီသော ညီအကိုမောင်နှစ်မစိတ်ဓာတွေ ပိုမိုတိုးပွားလာအောင် မြန်မာပြည်ရဲ့အလှပဆုံး၊ ဘယ်နိုင်ငံနဲ့မှ မတူတဲ့ ပုဂံခရီးသို့ တပျော်တပါးသွားနိုင်အောင် သီတဂူဆရာတော်၏ ညွှန်ကြားမှုဖြင့် Organizing Committee စီမံပေးပါတယ်။ တချို့က ပုဂံခရီးအပြီး မန္တလေးလေဆိပ်ကနေ အမိမြေကို ပြန်ကြပါတယ်၊ ရန်ကုန်ကနေ ပြန်ကြမည့် နိုင်ငံပေါင်းစုံက ၈၆ ယောက်ကို တော်ဝင်ဂါးဒင်းဟိုတယ် မိသားစုက ၂၉ ရက်နေ့အထိ ပြုစုဧည့်ခံပါတယ်၊ ဟိုတယ်ကနေ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အရောက်ပို့ပေးကြရပါတယ်။ တော်ဝင်ဂါးဒင်းဟိုတယ် မိသားစု လူပေါင်း ၈၀ ကျော်ကို အခန်း၊ မနက်၊ နေ့၊ ညစာနှင့် ပို့ဆောင်ရေးတို့အပါ၀င် လှူဒါန်းခဲ့ပါတယ်၊ အမေရိကန်ဒေါ်လာ ၉၉၃၂ ကျော် မြန်မာကျပ်ငွေ သိန်းတစ်ရာကျော်ဖိုး လှူဒါန်းခဲ့သည်။
ထို့ပြင် အိန္ဒိယနိုင်ငံ ဟိမဝန္တာတောင်တန်းမှ လာဒတ်ရဟန်းတော်များ ပင့်ဆောင်လာတဲ့ မြတ်ဗုဒ္ဓဓာတ်တော် ပူဇော်ပွဲနှင့် ရွှေတိဂုံစေတီမှာ သီတဂူဆရာတော်ကြီး ဦးဆောင်ပြီး ငြိမ်းချမ်းရေးဆုတောင်းပွဲတွေပါ ဆက်တိုက် ပြုလုပ်သွားတာ ဖြစ်ပါတယ်။
အလားတူပဲ စစ်ကိုင်း မန္တလေးအဖွဲ့ဝင်တို့လည်း ပွဲပြီးပေမဲ့ မီးမသေသေးဘဲ နေရာတကျ ပြန်လည်ဖြစ်အောင် ၃ ရက်လောက် ဆောင်ရွက်နေကြရပါတယ်။
ထို့ကြောင့် ညီလာခံကြီး၏ အလုပ်အမှုဆောင်ကော်မတီဝင်များ၊ ညီလာခံကြီးကို အဆင်ပြေချောမွှေ့အောင် ဆောင်ရွက်ပေးကြသော ကား အကြိုအပို့၊ ဟိုတယ်နေရာချထားရေး၊ ပြည်ပဧည့်သည်ကြိုဆိုရေး ရန်ကုန် မန္တလေး၊ နေ့စဉ် လူတစ်ထောင်ခန့်ကို အကျွေးအမွေးတာဝန်ယူကြသောအဖွဲ့၊ သန့်ရှင်းရေးတာဝန်ယူကြသော အဖွဲ့၊ ပြန်ကြားရေးတာဝန်ယူကြသော အဖွဲ့၊ လုံခြုံရေးတာဝန်ယူကြသော အဖွဲ့နှင့် အလှူရှင်များ၊ တော်ဝင်ဂါးဒင်းဟိုတယ်မိသားစုကဲ့သို့သော ဟိုတယ်အလှူရှင်များ အားလုံးတို့က ကိုယ်စီ ကျရာတာဝန်ကို ထမ်းဆောင်ကြသဖြင့် ညီလာခံကြီးပြီးမြောက်အောင်မြင်ခဲ့လေပြီ။
သီတဂူအဓိပတိဆရာတော်ကြီး၏ လမ်းညွှန်မှု၊ စီမံမှုအောက်မှာ Organizing Committee အဖွဲ့ဝင်တွေရဲ့ ညီညီညွှတ်ညွှတ် ကျရာတာဝန်ကို မခိုမကပ် တက်တက်ကြွကြွ ပါ၀င်လှုပ်ရှားမှုတွေကလည်း ချီးကျူးဂုဏ်ပြုရမှာဖြစ်ပါတယ်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.sitagustar2020.net
We have 7 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈