သီတဂူအဓိပတိဆရာတော်ကြီး၏ စီစဉ်မှုဖြင့် ဇန်နဝါရီလ ၂၁ ရက်မှ ၂၉ ရက်နေ့အထိ (၈)ရက်တိတိ အိန္ဒိယနိုင်ငံ ကက်ရှ်မီးယားပြည်နယ် လဒတ်ခရိုင် လေးမြို့မှ ဒေသစာရီ ကြွချီတော်မူလာသော မြတ်ဗုဒ္ဓ၏ သရီရဓာတ်တော်များ
ပြည်ထောင်စု မြန်မာနိုင်ငံတော်သို့ လှည့်လည်အပူဇော်ခံစဉ်အတွင်း ဒေသ အသီးသီးမှ လှူဒါန်းပူဇော်သော နဝကမ္မအလှူတော်ငွေများအားလုံးကို ဒေသအသီးသီးသို့ ပြန်လည်လှူဒါန်းခြင်း မှတ်တမ်း
၁။သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တွင် တစ်ညတာ အပူဇော်ခံစဉ်အတွင်း အလှူငွေ လက်မခံခဲ့ပါ ။
၂။စစ်ကိုင်းတိုင်း ကောင်းမှုတော်စေတီတော်တွင် အပူဇော်ခံစဉ် လှူဒါန်းသည့် အလှူတော်ငွေ ကျပ်(၅၂) သိန်းတိတိကို ကောင်းမှုတော်စေတီတော်သို့ အားလုံး ပြန်လည်လှူဒါန်းခဲ့ပါသည်။
၃။မန္တလေးတိုင်း မန္တလေးမြို့ မဟာမြတ်မုနိဘုရားတွင် အပူဇော်ခံစဉ် လှူဒါန်းသည့် အလှူတော်ငွေ ကျပ်(၁၀၉ ) သိန်းကို မဟာမြတ်မုနိဘုရားအား အားလုံး ပြန်လည်လှူဒါန်းခဲ့ပါသည်။
၄။မန္တလေးတိုင်း မန္တလေးမြို့ သုဓမ္မာရွှေကျောင်းတော်တွင် အပူဇော်ခံစဉ် လှူဒါန်းသည့် အလှူတော်ငွေ ကျပ်သိန်း (၁၄၀) ကို သုဓမ္မာရွှေကျောင်းတော်အား အားလုံး ပြန်လည်လှူဒါန်းခဲ့ပါသည်။
၅။နေပြည်တော် ဥပ္ဗါတသန္တိစေတီတော်တွင် အပူဇော်ခံစဉ်အတွင်း လှူဒါန်းသည့် အလှူတော်ငွေ ကျပ်သိန်း(၁၄၀)နှင့် အမေရိကန်ဒေါ်လာ သုံးထောင်ကျော်ကို ဥပ္ဗါတသန္တိစေတီတော်အား အားလုံး ပြန်လည်လှူဒါန်းခဲ့ပါသည်။
၆။ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ ရွှေဆံတော် စေတီတော်တွင် အပူဇော်ခံစဉ်အတွင်း လှူဒါန်းသည့် အလှူတော်ငွေ ကျပ်သိန်း (၄၀) ကို ရွှေဆံတော်စေတော်အား အားလုံး ပြန်လည်လှူဒါန်းခဲ့ပါသည်။
၇။ပဲခူးတိုင်းဒေသကြီး အုတ်ဖို ဥတိုမြို့ အောင်ချမ်းသာစေတီတော်တွင် အပူဇော်ခံစဉ်အတွင်း လှူဒါန်းသည့် အလှူတော်ငွေ ကျပ်သိန်း (၁၀၀)ကို အောင်ချမ်းသာစေတီသို့ အားလုံး ပြန်လည်လှူဒါန်းခဲ့ပါသည်။
၈။ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်တွင် အပူဇော်ခံစဉ်အတွင်း လှူဒါန်းသည့် အလှူတော်ငွေ ကျပ်သိန်းပေါင်း (၉ ၆၁)သိန်းကို ရွှေတိဂုံစေတီတော်အား အားလုံး ပြန်လည်လှူဒါန်းခဲ့ပါသည်။
အပူဇော်ခံရာ ဒေသအသီးသီးမှ ရရှိလာသည့် အလှူတော်ငွေများ အားလုံးကို အပူဇော်ခံရာဒေသများအား အားလုံး ပြည်လည်လှူဒါန်းခဲ့ပါသည်။
ကြွချီတော်မူလာသော မြတ်ဗုဒ္ဓ၏ သရီရဓာတ်တော်သည် ဇန်နဝါရီလ (၂၉ ) ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် အထူးလေယာဉ်ဖြင့် အိန္ဒိယနိုင်ငံသို့ ပြန်လည် ကြွချီသွားပြီ ဖြစ်ပါသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.sitagustar2020.net
We have 8 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈