သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)မှာ ၂၀၁၆ခုနှစ်၊ ဇန္နဝါရီလ ၂၂-၂၃-၂၄ ရက်များက ကျင်းပသွားတဲ့ ကမ္ဘာ့ဗုဒ္ဓဘာသာ ငြိမ်းချမ်းရေးညီလာခံပွဲမှာ ၅၁နိုင်ငံသော ကမ္ဘာ့နိုင်ငံအသီးသီးမှ ပညာရှင်ပေါင်း ၂၀၀ကျော်နှင့် ပြည်တွင်းပညာရှင် ၂၀၀ ကျော်တို့အပါ၀င် အိန္ဒိယနိုင်ငံ ဟိမဝန္တာတောင်တန်း၊ လာဒတ်ပြည်မှာ သီတင်းသုံးနေသော မြတ်ဗုဒ္ဓ၏အရိုးဓာတ်တော်လည်း ကြွရောက်လို့လာပါတယ်။ ထိုညီလာခံကြီးက ငြိမ်းချမ်းရေးမူ (၁၄)ချက်ကို တညီတညွတ်ထဲ လက်မှတ်ထိုး ကြေညာခဲ့ကြသည်။း
ထိုရပ်များတွင် စစ်ကိုင်းမြို့ ကောင်းမှုတော်ဘုရားကြီးမှာ အပူဇော်ခံသည်၊ ဘုရားဖူးပြည်သူများ လှူဒါန်းသော သိန်း (၆၀)ကို ကောင်းမှုတော်စေတီတော်ကြီးအား ပြန်လှူဒါန်းခဲ့သည်။
အလားတူပဲ မန္တလေးမြို့ မဟာမြတ်မုနိဘုရားဝန်းမှာ အပူဇော်ခံရရှိသော ကျပ်သိန်း (၁၀၀)ကျော်ကို မဟာမုနိရုပ်ပွားတော်အား ပြန်လည် လှူဒါန်းခဲ့သည်။ ရောက်လေရာ အပူဇော်ခံ ရရှိသော လှူဖွယ်များကို ထိုနေရာ ထိုဒေသမှာပဲ ပြန်လည်လှူဒါန်းလေ့ရှိပါသည်။
၂၇-၁-၂၀၁၆နေ့ ညနေပိုင်းမှာတော့ ရွှေတိဂုံစေတေီတော် ရင်ပြင်တော် ဓမ္မာရုံမှာ အပူဇော်ခံရာ ဘုရားဖူးသူပြည်သူများ ကြိတ်ကြိတ်တိုးလျက်ရှိသည်၊ စာရေးသူပင် သြစေတေးလျမှ ဘုန်းတော်ကြီးတစ်ပါးကို လိုက်ပြရာ တအံ့တသြဖြစ်နေသည်၊ ဘုရားရင်ပြင်မှာ လူတွေ ဒီလောက် ငြိမ်းချမ်းစွာစုစည်းနိုင်တာကို အံ့သြနေခြင်းဖြစ်သည်။ မကြာမီမှာပဲ သီတဂူဆရာတော်ကြီးကိုယ်တိုင်ကြွရောက်၍ ငြိမ်းချမ်းရေးတရားများဟောကြားခြင်း၊ ငြိမ်းချမ်းရေးဆုတောင်းပြုလုပ်ပေးခြင်းများပြုလုပ်ပေးခဲ့သည်။
ဒီကနေ့ (၂၈-၁-၂၀၁၆)နေ့အထိ အပူဇော်ခံမည် ဖြစ်သည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.sitagustar2020.net
We have 9 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈