၂၀၁၆ခုနှစ်၊ ဇန္နဝါရီလ (၂၁)ရက်
ဒီနေ့ ပြည်ပ နိုင်ငံပေါင်းစုံက ဧည့်သည်တော် အများဆုံးရောက်တဲ့နေ့ဖြစ်သည်။ မနက်ဖန် (၂၂-၁-၂၀၁၆)နေ့ နံနက်ပိုင်းမှာ ကမ္ဘာ့ဗုဒ္ဓဘာသာ ငြိမ်းချမ်းရေးညီလာခံကြီး ကျင်းပရာ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)သို့ ရောက်လာကြသည့် ပြည်ပဧည့်သည်တော်များကို အထက်အောက် မြန်မာပြည် သီတဂူစီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သီတဂူကပ္ပိယကာရကအဖွဲ့ဝင်လူကြီးများက ကြိုဆိုကြသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဆိုက်ရောက်များကို ပြည်တွင်းလေကြောင်းလိုင်းသို့ ပြောင်းပေးရခြင်း၊ လေကြောင်းမမီသူများကို တော်ဝင်ဂါးဒင်းဟိုတယ်သို့ ပို့ဆောင်ရခြင်း၊ တချို့ လေယာဉ်နောက်ကသဖြင့် ပြည်တွင်းလေကြောင်းအချိန်တို့ ဟိုတယ်တို့ကို အချိန်အပြောင်းအလှဲ အတိုးအလျှော့များ လုပ်ရသည်။
တော်ဝင်ဂါးဒင်းဟိုတယ်မှ မိမိတို့ဖြစ်ချင်တဲ့ပုံစံအတိုင်း စေတနာကြီးစွာ ဆောင်ရွက်ပေးသည်၊ လေယာဉ်လက်မှတ်အတွက် တာဝန်ခံလုပ်ပေးသော ရတနာပုံလေကြောင်းမှ ဒါရိုက်တာ ဦးမောင်မောင်အေးကလည်း မငြီးမငြူလုပ်ပေးသည်၊ ဧည့်သည်တော်များ အကြိုပို့အတွက် သီတဂူမော်တော်ယာဉ်မှူးများကလည်း မနက်ပိုင်း ၅နာရီမှ ည ၁၂ နာရီအထိ စိတ်ပါစွာဆောင်ရွက်ပေးကြသည်။
နိုင်ငံပေါင်း (၅၀)ကျော်မှ ပြည်တွင်းပြည်ပ ပညာရှင်ပေါင်း (၅၀၀)ခန့်တို့ တက်ရောက်ဆွေးနွေးကြမည့် အလွန်ကြီးကျယ်ခမ်းနားသော ဘာသာပေါင်းစုံပါ၀င်သည့် ကမ္ဘာ့ဗုဒ္ဓဘာသာ ငြိမ်းချမ်းရေး ညီလာခံပွဲကြီးဖြစ်သည့်အားလျော်စွာအားလုံးအားလုံး အထက်အောက် မြန်မာပြည်မှ သီတဂူသာသနာပြုအဖွဲ့များ အစည်းအဝေးကြီးအတွက် နေ့ရော ညပါ ဆောင်ရွက်ကြသူများ၊ ဘက်ပေါင်းစုံက ၀ုိင်းဝန်းကြသူများကို သီတဂူသာသနာပြုအဖွဲ့ကိုယ်စား အထူးကျေးဇူးတင်ရှိပါသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.sitagustar2020.net
We have 6 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈