၂၀၁၆ခုနှစ်၊ ဇန္နဝါရီလ (၂၀)ရက်
ကမ္ဘာ့ဗုဒ္ဓဘာသာ ငြိမ်းချမ်းရေးညီလာခံ (The World Buddhist Peace Conference) ပွဲကြီးသို့ နိုင်ငံတကာမှ ကိုယ်စားလှယ်တွေ စတင်ရောက်လာကြပါပြီ။
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)မှာ ဇန္နဝါရီလ ၂၂၊ ၂၃၊ ၂၄၊နေ့များတွင် နိုင်ငံပေါင်း (၅၀)ကျေ်မှ ပြည်ပပညာရှင် ၂၀၀ ကျော်နှင့် ပြည်တွင်းပညာရှင် စုစုပေါင်း ၅၀၀ ခန့်တို့ တက်ရောက် ဆွေးနွေး၊ စာတမ်းများတင်သွင်းကြမည့် အခမ်းအနားဖွင့်ပွဲကို ၂၂ရက်နေ့ နံနက် ၈းဝဝနာရီမှာ စကိုင်းနက်ရုပ်သံများမှ တိုက်ရိုက်ထုတ်လွှင့်မည် ဖြစ်ပါသည်။
ဒီကနေ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အီဂျစ်၊ သြစတေးလျ၊ အိန္ဒိယ၊ ဗီယတ်နမ်၊ တောင်အာဖရိက၊ ရုရှား၊ ခရိုအေးရှား၊ ဘူတန်၊ ချီလီ၊ မွန်တေနီဂရိုးနိုင်ငံမှ ကိုယ်စားလှယ်များ ရောက်ရှိလာသည်၊ ဟိုတယ်သို့ နေရာချပေးထားပါသည်။
မန္တလေး (တံတာဦး) အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ တိုက်ရိုက်ဆင်းသက်သူပေါင်းလည်း နေ့စဉ်ရှိနေပါသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
We have 14 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈