၂၀၁၆ခုနှစ်၊ ဇန္နဝါရီလ (၁၉)ရက်
ကမ္ဘာ့ဗုဒ္ဓဘာသာ ညီလာခံ (The World Buddhist Peace Conference)ကြီးလည်း နီးလာပြီ၊ ၂၀၁၆ခုနှစ် ဇန္နဝါရီလ ၂၂ရက်နေ့ မနက်ပိုင်း စတင်ဖွင့်လှစ်မည် ဖြစ်ပါသည်၊ နိုင်ငံပေါင်း ၅၀ ကျော်မှ ပညာရှင်ပေါင်း ၂၀၀ကျော်နှင့် ပြည်တွင်းပညာရှင် စုစုပေါင်း ၅၀၀ကျော်တို့ တက်ရောက်ကြမည် ဖြစ်သည်။
အလွန်ကြီးကျယ်သော အခန်းအနားကြီးဖြစ်သဖြင့် ကြိုဆိုရေး၊ လေကြောင်း ကုန်းကြောင်း ပို့ဆောင်ရေး အစီအစဉ်များ နေရာထိုင်ခင်း၊ ဟိုတယ်နှင့် အစားအစာအတွက် စီမံခြင်းများကို သီတဂူဆရာတော်ကြီးကိုယ်တိုင် ဦးစီးလျက် သီတဂူစီမံအုပ်ချုပ်ရေးအဖွဲ့၊ သီတဂူကပ္ပိယကာရအဖွဲ့တို့က ဆောင်ရွက်လျက်ရှိကြသည်။
အခမ်းအနားသို့ နိုင်ငံတော်အကြီးအကဲများ၊ ပြည်ပ သံတမန်များ အထူးဧည့်တော်များ တက်ရောက်ကြမည် ဖြစ်သည်။
ဒီကနေ့က စပြီး ပြည်ပအဖွဲ့ စတင်ရောက်ကြမည်ဖြစ်သည်။ တချို့လည်း ကြိုတင်ရောက်နေကြပြီးဖြစ်သည်။
မှတ်ချက်။ စစ်ကိုင်းနက် ရုပ်သံမှ ဗုဒ္ဓ လိုင်း၊ MINTV လိုင်းတို့က တိုက်ရိုက်ထုတ်လွှင့်မည် ဖြစ်သည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
We have 15 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈