၂၀၁၆ခုနှင့် ဇန္နဝါရီလ (၁၁)ရက်
ဒီကနေ့ (၁၁-၁-၂၀၁၆)နံနက်ပိုင်း ၉နာရီက သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) အထူးဧည့်ဆောင်မှာ သီတဂူဆရာတော်ကြီးအမှူးပြုသော သင်ကြားစီမံအဖွဲ့၊ ကပ္ပိယကာရကအဖွဲ့တို့သည် ၂၀၁၆ခုနှစ် ဇန္နဝါရီလ (၂၂-၂၃-၂၄-)ရက်များ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) တွင် ကျင်းပမည့် (The World Buddhist Peace Conference) ကမ္ဘာ့ဗုဒ္ဓဘာသာ ငြိမ်းချမ်းရေးညီလာခံပွဲကြီးအတွက် ကြိုတင်ညှိနှိုင်းမှုများ ပြုလုပ်ကြသည်။
နိုင်ငံပေါင်း ၅၂မှလာ သော ပညာရှင်ပေါင်း (၁၀၀)ကျော်နှင့် လေ့လာသူပေါင်း (၁၀၀)၀န်းကျင်တို့ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဗုဒ္ဓဘာသာရှုထောင့်ကနေ စာတမ်းများဖတ်ကြားခြင်း၊ ဆွေနွေးကြခြင်းများ ပြုလုပ်ကြမည်ဖြစ်သည်။
ထိုပွဲသို့ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူစသော ဘာသာပေါင်းစုံက လေ့လာသူများကလည်း တက်ရောက်ကြမည်ဖြစ်သည်။
အလွန်ကြီးကျယ်သော အစည်းအဝေးကြီးသို့ ကြွရောက်လာကြမည့် ပညာရှင်တို့အား ကြိုဆိုခြင်း၊ နေရာချထားခြင်း၊ ဟိမဝန္တ
တောင်တန်းမှ ဗုဒ္ဓဓာတ်တော်ကို ပင့်ဆောင်၍ကြွလာမည့် တိဘက်ရဟန်းတော်များအား ကြိုဆိုခြင်းများ၊ အကျွေးအမွေး၊ သန့်ရှင်းရေးကအစ တာဝန်အသီးသီးမျှဝေပေးသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
We have 14 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈