(၆၈နှစ်မြောက် ဘွဲ့တံဆိပ်ခံ ဆရာတော်၄ပါး)
၂၀၁၆ခုနှစ်-ဇန်နဝါရီလ-၄ရက်နေ့တွင် ကျရောက်သော ၆၈ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ နိုင်ငံတော် အစိုးရမှ ဘွဲ့တံဆိပ် ဆပ်ကပ်ခြင်းခံရသော သီတဂူမှ သံဃာတော်အရှင်သူမြတ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
၁။ ဒေါက်တာ အရှင်သုန္ဒရ (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ)
အုပ်ချုပ်ရေးမှူး ဆရာတော်၊ သီတဂူ ဝိပဿ နာ အကယ်ဒမီ၊ စစ်ကိုင်း။
၂။ ဒေါက်တာ အရှင်ကုမာရ (မဟာဂန္ထဝါစကပဏ္ဍိတ)
လက်ထောက်ပါမောက္ခချုပ် ဆရာတော်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်(စစ်ကိုင်း)
၃။ ဒေါက်တာ အရှင်ကောဝိဒသီရိ (မဟာဂန္ထဝါစကပဏ္ဍိတ)
ပါမောက္ခ ဆရာတော်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
၄။ ဒေါက်တာအရှင်ဣန္ဒာစရိယ (ဓမ္မကထိကဗဟုဇနဟိတဓရ)
ပါမောက္ခ ဆရာတော်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်(စစ်ကိုင်း)
နိင်ငံတော်သမ္မတမှ သာသနာတော်ဆိုင်ရာဘွဲ့ တံဆိပ်များကို ဆက်ကပ်လှုဒါန်းရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခံရသော ဆရာတော်လေးပါး အတွက် သီတဂူသာသနာပြုအဖွဲ့မှ ဝမ်းမြောက်ဂုဏ်ယူပါကြောင်း မှတ်တမ်းတင်ပါတယ် အရှင်မြတ်တို့ဘုရား။
==============================
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
We have 3 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈