၂၀၁၅ခုနှစ်၊ နို၀င်ဘာလ (၃၀)ရက်
ဒီကနေ့ (၃၀-၁၁-၂၀၁၅) နံနက် (၈းဝဝ)နာရီက သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)အထူးခန်းမဆောင်တွင် “Religion and Rule of Law ဘာသာရေးနှင့် ဥပဒေစိုးမိုးရေးဆိုင်ရာ ဘာသာရပ်သင်တန်း” ခေါင်းစဉ်ဖြင့် (၁၀)ရက်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ကျင်းပသည်။
ထိုဖွင့်ပွဲအခမ်းအနားသို့ သီတဂူဆရာတော်ကြီး၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ သာသနာရေးဝန်ကြီးနှင့် Institute for Global Engagement (IGE), Washington DC, USအဖွဲ့၊ သင်တန်းသားများနှင့် လေ့လာသူများတက်ရောက်ကြသည်။
ထိုသင်တန်းဖြစ်မြောက်ရေးအတွက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)နှင့် IGEအဖွဲ့တို့က ပူပေါင်းဆောင်ရွက်သည်။
ထိုသင်တန်းကို တက်ရောက်ရန် အထူးရွေးချယ်ထားသော သင်တန်းသား ၃၀တို့သည် ၃၀-၁၁-၂၀၁၅မှ ၉-၁၂-၂၀၁၅နေ့အထိ နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ မပျက်မကွက် တက်ရောက်ကြရမှာဖြစ်သည်၊ သင်တန်းဆင်းလက်မှတ် ပေးမည် ဖြစ်သည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သင်ကြားစီမံအဖွဲ့ (ရန်ကုန်)
www.thesitagu.org
We have 10 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈