ရခိုင်ပြည်နယ်ရောက် သီတဂူဆရာတော်ကြီးသည် ရေဘေးသင့်ဒေသများဖြစ်သော စစ်တွေ၊ မောင်တော၊ ဗူးသီးတောင်၊ မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင်များဆီသို့ ကိုယ်တိုင်သွားရောက် ကြည့်ရှုသည်။
ထိုမြို့နယ်ဒေသများအားလုံးသို့ ကျပ်သိန်းပေါင်း (၅၄၁၀)၊ ငါးထောင်လေးရာတစ်ဆယ် ကျပ်တို့ကို ပြန်လည်ထူထောင်ရေးအတွက် လှူဒါန်းခဲ့သလို့ ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်စသော စားစရာအမျိုးမျိုး၊ ဆေးဝါးအမျိုးမျိုး၊ အဝတ်အထည် အမျိုးမျိုးတို့ကို လှူဒါန်းခဲ့သည်
ထိုလှူဒါန်းပွဲကို စစ်တွေမြို့ ဦးဥတ္တမခန်းမတွင် လှူဒါန်းမှုအစုစုကို အလှူရှင်ပြည်သူများအားလုံးကိုယ်စား ရေစက်သွန်းချ အမျှဝေခဲ့သည်။
သီတဂူရဲ့ ရေဘေးအလှူတော်များ
------------------
ရက်ပေါင်း (၂၄)ရက်ကြာ စုစုပေါင်း ရေဘေးအတွက် လှူဒါန်းပြီးသည်မှာ ကျပ်ငွေသိန်းပေါင်း (၇၄၀၀)ကျော်ပြီ ဖြစ်ပါသည်။ ဆန်အိတ်ပေါင်း (၁၀၁၀၀)တစ်သောင်းကျော်ဖြစ်ပြီး၊ တခြားစားကုန်၊ လူသုံးကုန်ပစ္စည်းများကို ကုန်တင်ကားကြီး (၁၃၀)ကျော်တို့ဖြင့် ရေဘေးသင့်ဒေသများဖြစ်သော မြို့နယ်ပေါင်း (၅၀)ကျော်၊ ကျေးရွာပေါင်း (၃၀၀)ကျော်တို့ထံ လှူဒါန်းပြီး ဖြစ်ပါသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၆-၈-၂၀၁၅
www.sitagustar2020.net
We have 7 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈