သီတဂူဆရာတော်နှင့် တပည့်များသည် (၂၃-၈-၂၀၁၅)နေ့က ရခိုင်ပြည်၊ စစ်တွေမြို့သို့ရောက်ရှိသည်၊ ညနေပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ရုံးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က သီတဂူဆရာတော်ကြီးနှင့်အဖွဲ့အား ရခိုင်ပြည်နယ် ရေဘေးကယ်ဆယ်ရေး အစီအစဉ်များကို ရှင်းလင်းလျှောက်ထားသည်။
၄-၈-၂၀၁၅ နံနက်ပိုင်းတွင် တပ်မတော်ရဟတ်ယာဉ်ဖြင့် မောင်တောမြို့သို့ ကြွရောက်တော်မူသည်။
မောင်တော်မြို့ ကြွရောက်သော လမ်းတစ်လျှောက်ရှိ -
၁။ မောရဝတီကျေးရွာ
၂။ သရေကုန်းဘောင် ကျေးရွာအုပ်စု ရွှေဗဟိုကျေးရွာ
၃။ ခရေမြိုုင်ကျေးရွာ - တို့တွင် ဝင်ရောက်လှူဒါန်းပေးခြင်း၊ စိတ်ဓါတ်ခွန်အား ပြန်လည်ပြည့်ဝစေရန် တရားချီးမြှင့်ပေးခြင်း တို့က
ဆောင်ရွက်ပေးပြီးနောက် မောင်တောမြို့ သို့ရောက်ရှိပါသည်။
မောင်တောမြို့တွင် နေ့ဆွမ်းစားပြီးနောက် မောင်တောမြို့ပေါ်ရှိ ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံမည်ဖြစ်ပါသည်။
ရခိုင်ပြည်နယ်သို့ သီတဂူဆရာတော်ကြီးဦးဆောင်သော အဖွဲ့နှင့်အတူ
၁။ လူသုံးကုန်ပစ္စည်းများ
ဆန်အိတ် (တစ်တင်းခွဲအိတ် -၂၀၀၀) သင်္ကန်း အစုံ - ၁၀၀၀ အဝတ်အသစ် - ၆၃ ထုပ် (ခန့်မှန်းအထည် - တစ်သောင်း) ခေါက်ဆွဲခြောက် - ၄၀၀ပါကင် ငါးသေတ္တာ - ၂၅၀ပါကင် ရေသန့်ဆေးရည် - ၁၀ပုံး ရေသန့်ဆေးပြား - ၁ပါကင် ဓါတ်ဆားထုပ် - ရပါကင် ဒယ်အိုး၊ ဒန်အိုး - ၄၃ပါကင် ကိတ်ခြောက် - ၄၀ပါကင်
၂။ ပြန်လည်ထူထောင်ရေးအတွက် ပျက်စီးသွားသော စာသင်ကျောင်းများ ပြန်လည်ပြုပြင်ရန် မောင်တော - ကျပ်၃၀၀သိန်း ဘူးသီးတောင် - ကျပ်၂၅၀သိန်း ရခိုင်ပြည်နယ်ပြန်လည်ထူထောင်ရေး (ကျန်းမာရေး-ပညာရေး) အတွက် ကျပ်ငွေသိန်း-၃၀၀၀ ကျော်လှူဒါန်းသွားမည်ဖြစ်ပါသည်။
ရသေ့တောင်၊ မင်းပြား၊ ပုဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနှင့် ဘူးသီးတောင်မြို့များရှိ ဘုန်းတော်ကြီးကျောင်း ၈၆ကျောင်းအတွက် တစ်ကျောင်းလျှင် အလှူတော်ငွေကျပ် - ၁၀သိန်းနှင့် ဆန်တစ်အိတ်စီ လှူဒါန်းသွားမည်ဖြစ်ပါသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၄-၈-၂၀၁၅
www.sitagustar2020.net
We have 14 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈