Gazette

ရုရှားနိုင်ငံထဲက ကမ္ဘာကျော် မြန်မာ့ပုံရိပ်တစ်ခု

၂၀၁၅-ခု ဇူလိုင် ၂ ရက် နေ့သည် သမိုင်းဝင်သည့် နေ့ထူးနေ့မြတ် ဖြစ်ပါသည်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ သီတဂူဆရာတော် ဦးဆောင်သော သံဃာတော်များက ယင်းနေ့တွင် ကမ္ဘာ့ မှတ်ဉာဏ်အကောင်းဆုံးအဖြစ် ဂင်းနစ် မှတ်တမ်းဝင်ခဲ့သည့် တိပိဋက မင်းကွန်း ဆရာတော်ဘုရားကြီး၏ ရုပ်တုကို ဖွင့်လှစ်ခဲ့သောကြောင့်ပင် ဖြစ်ပါသည်။

သီတဂူဆရာတော်ဘုရားကြီးနှင့် တိပိဋကဓရ ဦးဂန္ဓမာလာလင်္ကာရ (မြင်းခြံဆရာတော်) ဦးဆောင်သော တပည့်သံဃာ (၁၄)ပါး၊ မြန်မာသံအမတ်ကြီး ဦးတင်ယု ဦးဆောင်သော မြန်မာဒကာ ဒကာမ (၅၅) ဦးတို့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့မှ ကီလိုမီတာ ၁၅၀ ခန့်ဝေးကွာသည့် အက်နားမီယာအရပ် ကာလုကာမြို့ရှိ ကမ္ဘာ့ယဉ်ကျေးမှု ရွာတွင် မင်းကွန်းဆရာတော်ဘုရားကြီး ရုပ်တုတော်ဖွင့် ပွဲသို့ တက်ရောက်ခဲ့ကြပါသည်။

သီတဂူဆရာတော်ဘုရားကြီး ဦးဆောင်သောအဖွဲ့သည် မော်စကို မြို့မှ နေ့လည်ဆွမ်းစားပြီး (၁၂) နာရီခန့်တွင် မြန်မာထေရဝါဒ ဗုဒ္ဓဝိဟာရမှ ထွက်ခွါခဲ့ပြီး ကမ္ဘာ့ယဉ်ကျေးမှု ကျေးရွာသို့ ဒေသစံတော်ချိန် နေ့လည်၂ နာရီ ၃၀ မိနစ်ခန့် ရောက်ရှိခဲ့ကြသည်။

သီတဂူဆရာတော်ဘုရားကြီး ဦးဆောင်သောအဖွဲ့ကို ရုရှားမြန်မာ ချစ်ကြည်ရေးအဖွဲ့မှ ရိုးရာယဉ်ကျေးမှု ဓလေ့ အဆိုအတီး၊ အစား အစာတို့ဖြင့် နွေးထွေးစွာကြိုဆိုခဲ့ကြသည်။

ထိုနောက် သီတဂူဆရာတော်ဘုရားကြီးသည် မြန်မာပြည်မှ စေတီပုထိုးများနှင့် မြန်မာ့ရိုးရာဓလေ့များကို မှတ်တမ်းတင်ထားသည့် ဓာတ်ပုံများကို ပြသထားသည့် ပြခန်းကို ကြည့်ရှုခဲ့ပြီး မင်းကွန်းဆရာတော်ဘုရားကြီး ရုပ်တု ဖွင့်လှစ်မည့် အခန်းသို့ ကြွရောက်တော်မူပါသည်။

ထိုပြခန်းထဲ၌ ကမ္ဘာပေါ်တွင် ထင်းရှားကျော်ကြားသည့် စာပေ ပညာရှင်များ၊ ထူးချွန်ထက်မြက်သည့် အတွေးအခေါ်ပညာရှင်များ၊ ကိုးကွယ်ရာ ဘာသာတရားကို တည်ထောင်ခဲ့ကြသည့် ဘာသာရေး ခေါင်းဆောင် များ၏ ရုပ်တုများကို (မြတ်ဗုဒ္ဓ၏ ရုပ်ပွါးတော်၊ မဟတ္တမဂန္ဓီ ရုပ်တု) အစရှိသော ရုပ်တုပေါင်းငါးဆယ်ကျော်ခန့်ကို စုဆောင်းပြီး ပြသထားပါသည်။


မင်းကွန်းဆရာတော်ဘုရားကြီး၏ ရုပ်တု ဖွင့်လှစ်ပွဲ

----------------------------
ထိုပြခန်းမှာပင် မင်းကွန်းဆရာတော်ဘုရားကြီး၏ ရုပ်တု ဖွင့်လှစ်ပွဲ အခမ်းအနားကို ကျင်းပခဲ့ခြင်းပင် ဖြစ်ပါသည်။

ထိုအခမ်းအနားတွင် ရှေးဦးစွာ ပြခန်းထဲရှိ ရုပ်တုများကို ထုလုပ်ခဲ့သည့် ပန်းပုဆရာ Mr. Aleksey Leonov က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ သည်။ ထို့နောက် ကျေးဇူးရှင် သီတဂူဆရာတော်ကြီးက ၀မ်းမြောက် ကြောင်းစကား မြွက်ကြားတော်မူခဲ့ပါသည်။

သီတဂူဆရာတော် မိန့်ကြားတော်မူပြီးသည့်နောက် ရုရှားမြန်မာ ချစ်ကြည်ရေး အသင်းဥက္ကဌ Mr.Dmetry Malov က ကျေးဇူးတင် ၀မ်းမြောက်စကား ပြောကြားပြီး သီတဂူဆရာတော် ဘုရားကြီးနှင့် သံအမတ်ကြီး ဦးတင်ယု၊ ပန်းပုဆရာ Mr. Aleksey Leonov တို့က ဖဲကြိးဖြတ်၍ ဖွင့်လှစ်ခဲ့ပါသည်။

ထိုမှတစ်ဆင့် ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် သီတဂူ ဆရာတော်ဘုရားကြီးက မှတ်တမ်းရေးသားခဲ့ပြီး ကမ္ဘာ့ယဉ်ကျေးမှု ကျေးရွာကို ကားဖြင့် လှည့်လည်ကြည့်ရှုခဲ့ပါသည်။

ကျေဇူးတော်ရှင် မင်းကွန်းဆရာတော်ဘုရားကြီး၏ ရုပ်တုတော် ဖွင့်ပွဲသို့ သီတဂူဆရာတော်ဘုရားကြီး တက်ရောက်ဖွင့်လှစ်နိုင် ခြင်းသည် မြန်မာနိုင်ငံအတွက် အလွန်ဂုဏ်ယူဖွယ်ကောင်းသည့် သမိုင်းမှတ်တမ်းတစ်ခု ရေးထိုးလိုက်ခြင်းပင် ဖြစ်ပေတော့သည်။


“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
Posted by သီတဂူဒေါက်တာ အရှင်သုန္ဒရ

activities-65activities-66activities-67activities-68

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 14 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈