ဒီကနေ့ (၁-၇-၂၀၁၅) ရုရှားနိုင်ငံ၊ မော်စကိုမြို့၊ စွမ်းအင်တက္ကသိုလ်မှာ မြန်မာထေရဝါဒဗုဒ္ဓဘာသာ ကျောင်းတော်ကြီး ဖွင့်လှစ်ပွဲ၊ ကျောင်းလွတ်ပူဇော်ပွဲ အခမ်းအနားကို ကျင်းပနိုင်ခဲ့ပါသည်။
ထိုဖွင့်ပွဲ အခမ်းအနားသို့ သီတဂူဆရာတော်ကြီးဦဆောင်သော ဒေါက်တာ အရှင်ဆေကိန္ဒ၊ တိပိဋကဆရာတော် အရှင်ဂန္ဓမာလာလင်္ကာရနှင့် မြန်မာ၊ ကိုရီးယား၊ အမေရိကန်၊ အင်္ဂလန်မှ ဆရာတော်များ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးုကြီးမင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှမိသားစု၊ စစ်ရေးချုပ်ဗိုလ်ချုပ်ဆန်းဦးနှင့်ဇနီး၊ ရုရှားဖက်ဒရေးရှင်းနိင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာန်ိင်ငံတော် သံအမတ်ကြီးဦးတင်ယုနှင့် ဇနီး အပါအဝင် ရုရှားနိင်ငံရောက် ပညာတော်သင် သင်တန်းသားများ အားလုံးက ညီညာဖြဖြ တက်ရောက်ကြသည်။
ထိုကျောင်းတော်ကြီးဖြစ်မြောက်အောင် သီတဂူဆရာတော်ကြီး၊ ဓမ္မဒူတ ဒေါက်တာ အရှင်ဆေကိန္ဒ၊ ပြည်ထောင်စုမြန်မာနိုင်ငံမှ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်မိသားစု၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၊ နေပြည်တော် တပ်မတော်ကာကွယ်ရေးမှ မိသားစုများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံမှ အလှူရှင်များ၊ ပြည်ပမှ အလှူရှင်များ၊ ရုရှားနိုင်ငံရှိ မြန်မာကျောင်းသားများတို့က စုပေါင်းလှူဒါန်းကြပါသည်။
ဓာတ်ပုံ-TarYar
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁-၇-၂၀၁၅
www.sitagustar2020.net
We have 17 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈