ဒီကနေ့ (၂၀-၆-၂၀၁၅)နေ့ နံနက်ပိုင်းက သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)၊ သန္နိပါတခန်းမဆောင်ကြီးအတွင်းမှာ ဗုဒ္ဓဓမ္မဒီပလိုမာနှင့် ဗုဒ္ဓဓမ္မပါဒက အောင်လက်မှတ် ပေးပွဲ၊ ကျောင်းသားအသစ် ကြိုဆိုပွဲ အခမ်းတို့ကို ကျင်းပပြုလုပ်ခဲ့ပါသည်။
ထိုအခမ်းအနားသို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်ကြီး၊ ရန်ကုန်တိုင်းသံဃနာယကဥက္ကဋ္ဌ (ရွှေကျင်)၊ ကထိကဆရာများ၊ ဘွဲ့ခံကျောင်းသား (၃၀၀)ကျော်၊ ကျောင်းသားအသစ်များ၊ အလှူရှင်များ၊ သီတဂူကပ္ပိယကာရကအဖွဲ့များ တက်ရောက်ကြသည်။စာအောင်ကျောင်းသားအားလုံးကို အဓိပတိ ဆရာတော်ကြီးကိုယ်တိုင် အောင်လက်မှတ်များ ချီးမြှင့်ပေးသည်။
လူ (၁၂၀၀)ကျော်အတွက် အကျွေးအမွေးနှင့် ကြွရောက်လာသော သံဃာတော်များ လှူဒါန်းမှုတို့ကို ရွှေသံလွှင်မိသားစုက ပြုလုပ်သည်၊ စာအုပ်စာတမ်းကို စိန်မြှားမိသားစု၊ ပိုင်ကုမ္ပဏီမိသားစုတို့က အသီးအသီးလှူဒါန်းကြသည်။
“သီတစန်းလပမာ ချမ်းမြသာယာရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
We have 12 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈